RFA | NLD လူငယ်အဖွဲ့ဝင်တဦးကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ ဝိုင်းဝမြန်မာစစ်အစိုးရက ကျောထောက် နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေက ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကို မကြာခဏ အကြမ်းဖက် တိုက်ခိုက်တဲ့ သတင်းတွေ ကြားနေရစဉ်မှာ ဧပြီလ ၁၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင်တဦးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာကို ခံခဲ့ရတယ်လို့ သိရပါတယ်။
တွံတေးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုကုလား ကို ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေက ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် တွံတေးဆေးရုံကို တင်ထားရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို အတည်ပြုပြောဆိုပါတယ်။
ဦးဥာဏ်ဝင်း။ ။ “တွံတေးက လူငယ်အဖွဲ့ဝင်၊ သူ့နာမည် ကုလားတဲ့။ ပြည်ခိုင်ဖြိုးက လူတွေ ဝိုင်းရိုက်လို့ ဆေးရုံ ရောက်နေတယ်တဲ့။ တွံတေးဆေးရုံမှာ။ ရဲစခန်းမှာလည်း အမှုဖွင့်ထားတယ်တဲ့။ မနေ့က ဖြစ်တာ”
ဘာ့ကြောင့် အခုလို ရိုက်နှက်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင် တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအဝင်၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ရန်စ တိုက်ခိုက်မှုတွေ လုပ်လေ့ ရှိပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ မြန်မာ စစ်အာဏာပိုင် တွေဖက် က တစုံတရာ အရေးယူ ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
source by : http://www.rfa.org/burmese/news/junta_backed_usda_members_attack_nld_youth-04122009151424.html
NLD လူငယ်အဖွဲ့ဝင်တဦးကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ ဝိုင်းဝန်းရိုက်နှက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment