နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ခြိမ်းခြောက်ခံရ

Sunday, April 12, 2009 ·

RFA | မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ တွေ့ကြုံ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကြောင်းတွေနဲ့ ပတ်သက်လို့ ပြည်ပ သတင်းဌာန တွေကို ထုတ်ပြောမယ်ဆိုရင် ကာယကံရှင် နိုင်ငံရေး အကျဉ်းသားကို ထောင်ပြောင်းပစ်မယ်လို့ မြန်မာစစ်အစိုးရ အာဏာပိုင် တွေက ခြိမ်းခြောက် နေကြောင်း ထောင်အာဏာပိုင်အသိုင်းအဝိုင်းကတဆင့် RFA က စုံစမ်းသိရှိရပါတယ်။


လူငယ်ဘလော့ဂါ နေဘုန်းလတ်၏ ဘလော့ဂ်စာမျက်နှာ တစိတ်တဒေသ ဖြစ်ပါသည်။ (Image: RFA)
နိုင်ငံရေးအကျဉ်းသားတွေဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် ခံရရုံတင်မကပဲ မိသားစုနဲ့ဝေးတဲ့ နယ်ဝေးထောင် တွေဆီ အပို့ခံ ခဲ့ရပါတယ်။ အဲဒီလို အခြေနေမျိုးမှာ ရပ်ဝေးထောင်တွေကို သွားရောက်တွေ့ဆုံတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစု ဝင်တွေရဲ့ အခက်အခဲ အခြေအနေနဲ့ ပတ်သက်လို့ ပြည်ပသတင်းဌာနတွေကို ထုတ်မပြောဖို့ တင်းကြပ် တားမြစ်လာတာ ဖြစ်ကြောင်း သိရပါတယ်။

အခုရက်ပိုင်းအတွင်း ရပ်ဝေးထောင်တွေကို သွားရောက်တွေ့ဆုံတဲ့အခါမှာ တွေ့ကြုံရတဲ့ တင်းကြပ်မှုနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသား တဦးဖြစ်တဲ့ ဘလော့ဂါ ကိုနေဖုန်းလတ် ကို ပြီးခဲ့တဲ့ အပတ် ဧပြီလ ၈ ရက်နေ့က ဖားအံထောင်မှာ ထောင်ဝင်စာ သွားတွေ့ ခဲ့တဲ့ မိခင် ဖြစ်သူ ဒေါ်အေးအေးသန်းက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ဒေါ်အေးအေးသန်း။ ။“ကျမတို့က အိမ်မှာတည်းလို့၊ ကားကိုလည်း ဒီတစီးထဲကို ငှားစီးလို့၊ ဒါဘာကြောင့်လဲပေါ့၊ နည်းနည်း အရစ်ခံရတာပေါ့။ ကျမတို့ အမြဲတမ်း ငှားစီးတဲ့ကားက သူ့ကို မေးတာ စမ်းတာရှိတော့ ကြောက်ပြီး မလိုက်ရဲဘူး။ ဒါကြောင့် ကျမတို့မှာ ကားငှားရတာ ဒုက္ခရောက်တာပေါ့။ တခြားကားက ဈေးပိုတောင်းတယ်။ အဲဒီလို အခက်အခဲလေးတွေတော့ ရှိပါတယ်။ ကျမတို့ကို နေရာတကာ လိုက်အနှောင့်အယှက် ပေးတဲ့ သဘောမျိုး ဖြစ်နေတာပေါ့”

အသက် ၂၈ နှစ်သာ ရှိသေးတဲ့ ကိုနေဖုန်းလတ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂ဝ နဲ့ ခြောက်လ အပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ အာဏာပိုင်တွေအနေနဲ့ ပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ နောက်ထပ် လုပ်မလာနိုင်အောင် ခြိမ်းခြောက်တဲ့ သဘောနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ပြီး နယ်ဝေးထောင်တွေဆီ ပို့တာတွေ၊ ခြိမ်းခြောက်တာတွေ တိုးပြီး လုပ်လာနေတယ်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆို နေကြပါတယ်။

source by : http://www.rfa.org/burmese/news/political_prisoners_families_threatened_not_to_speak_out_exile_media-04122009144052.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */