RFA | နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေကို မီးသင်္ဂြိုဟ်ရေး လုပ်ငန်းတွေ လုပ်ကိုင် ပေးခဲ့သူ ဒေါက်တာနေဝင်းပါ ခြောက်ဦးကို ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် နှစ်နှစ်ကနေ လေးနှစ်အထိ အသီးသီး ချမှတ်လိုက်ပါတယ်။ သူတို့ကို အသင်းအဖွဲ့ပုဒ်မအပြင် ၈၈ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု တွေကို အကူအညီ ပေးတဲ့အမှုတွေနဲ့ အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။
ရှေ့နေ ဦးခင်မောင်မြင့်။ ။“နာဂစ်လေဘေးကယ်ဆယ်ရေးနဲ့ ရကွင်းကျန်တဲ့ အလောင်းတွေ သင်္ဂြိုဟ်ရေး ကိစ္စလုပ်တာကို စွဲဆိုတဲ့ ပုဒ်မကတော့ ဒါတွေဟာ ဗကသ ရဲ့ လှုပ်ရှားမှုဖြစ်တယ်၊ ဒီအပေါ်မှာ ကိုနေဝင်း၊ ကိုအောင်ကျော်ဆန်းနဲ့ ကိုဖုန်းပြည့်ရကွယ်တို့က အားပေးတယ်ဆိုပြီး ပုဒ်မ (၇) အရ စွဲထားတာ”
ဒေါက်တာ နေဝင်း၊ ကိုဖုန်းပြည်ရကွယ်၊ ကိုအောင်ကျော်ဆန်းတို့ကို ပုဒ်မ (၇) အရ ထောင်ဒဏ်နှစ်နှစ်စီ အပြစ်ပေးလိုက်ပြီး ဒေါက်တာ နေဝင်းရဲ့ သမီးဖြစ်သူ မဖြိုးဖြိုးအောင် အပါအဝင် ကိုအောင်သန့်ဇင်ဦးနဲ့ ရှိန်းရာဇာထွန်းတို့ကိုတော့ အသင်းအဖွဲ့ပုဒ်မ (၆) အရ ထောင်ဒဏ်လေးနှစ်၊ ပုဒ်မ (၇) အရ နှစ်နှစ်၊ ပြစ်မှု နှစ်ရပ်တပေါင်းတည်း အပြစ်ဒဏ် လေးနှစ်စီ အသီးသီး အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ပထမပိုင်းက အင်းစိန်ထောင် အထူးတရားရုံးအတွင်းကို ရှေ့နေ ဝင်ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။ အလားတူ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ကိုင်ခဲ့သူ လေးဦးဖြစ်တဲ့ မတင်တင်ချို၊ မယဉ်ယဉ်ဝိုင်း၊ မနီမိုလှိုင်နဲ့ ကိုမြတ်သူတို့ကိုလည်း အလားတူ အသင်းအဖွဲ့ပုဒ်မများနဲ့ မတ်လ ၂၃ ရက်နေ့က ထောင်ဒဏ် သုံးနှစ်စီ အသီးသီး အပြစ်ပေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်သူ ကိုမင်းသိန်းထွန်း ကိုတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မတ်လအတွင်းက ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ဒေါက်တာနေဝင်းတို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးခင်မောင်မြင့်ကို ဦးတင်အောင်ခိုင် က ဆက်သွယ် မေးမြန်းထား ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
source by : http://www.rfa.org/burmese/news/nargis_volunteer_activists_tried-04102009142316.html
0 comments:
Post a Comment