RFA | ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် အပတ်စဉ် အင်္ဂါနေ့ ဆုတောင်းပွဲတွေ ပြုလုပ်နေတဲ့ NLD အဖွဲ့ဝင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို တတ်အားသရွေ့ ပံ့ပိုး ကူညီမှုတွေ ပြုလုပ်နေပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးအတွက် အကျဉ်းကျခံနေရသူတွေကို အဓိကထား ကူညီနေတာဖြစ်တယ်လို့ အင်္ဂါနေ့ ဆုတောင်းပွဲအဖွဲ့ဝင် မကြူကြူသင်းက RFA ကို ပြောပါတယ်။
![]() မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP) |
သူတို့ အင်္ဂါနေ့ဆုတောင်းပွဲ အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းရဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးမှုတွေကြောင့် ဒီလအတွင်း မိတ္ထီလာထောင်မှာ အကျဉ်းကျနေတဲ့ သံဃာတော်ခြောက်ပါး အပါအဝင် အကျဉ်းသား စုစုပေါင်း ၁၂ ဦးအတွက် အကူအညီ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့အဖွဲ့ဟာ နိုင်ငံတဝှန်းက နိုင်ငံရေးအကျဉ်းသားတွေအတွက် လစဉ် အလှည့်ကျ မြို့နယ်အလိုက် အကူအညီ ပေးနေကြကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း မိမိတို့နိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေသူတွေကို တတ်နိုင်သမျှ နိုင်တဲ့ဘက်က ကူညီပေးစေလိုပါတယ်လို့ အင်္ဂါနေ့ဆုတောင်းပွဲကျင်းပနေတဲ့ NLD အဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုတောင်းပွဲ အဖွဲ့ဝင် မကြူကြူသင်းကို RFA မခင်ခင်အိ က ဆက်သွယ် မေးမြန်း ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
source by : http://www.rfa.org/burmese/news/nld_women_giving_support_to_political_prisoners-04102009150449.html









0 comments:
Post a Comment