မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူရေး လောလောဆယ် ဂျပန် ကျင့်သုံးဖို့မရှိ

Saturday, April 11, 2009 ·

RFA | မြန်မာနိုင်ငံမှာ အများလက်ခံနိုင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရကို တာဝန်ယူ တိုက်တွန်းသင့်တယ်ဆိုတဲ့ နိုင်ငံတကာမိသားစုရဲ့ တောင်းဆိုချက်ကို ဂျပန်အစိုးရက အလေးအနက်ထား စဉ်းစားနေပေမယ့် အနောက်အုပ်စုဝင်နိုင်ငံတွေလို မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူရေး ဆိုတဲ့မူဝါဒကိုတော့ လောလောဆယ်မှာ ကျင့်သုံးဖို့မရှိဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက RFA ကို ပြောပါတယ်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့ နိုင်ငံရေးပြဿနာ ဖြေရှင်းရေးအတွက် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသော မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (ယာ)နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖုမိ နာကာဆိုနေ (ဝဲ) တို့ကို တိုကျိုမြို့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၂ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးဟာ အရေးကြီးတဲ့ဖြစ်စဉ်လို့ ဂျပန်နိုင်ငံက ခံယူထားတဲ့ အကြောင်း၊ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး အများလက်ခံ ပါဝင်နိုင်မယ့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ စဉ်ဆက်မပြတ် တိုက်တွန်း နေကြောင်း၊ ဂျပန်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိုလည်း လိုလားတဲ့အကြောင်း၊ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ အများပါဝင်နိုင်ခွင့်ရှိအောင် မြန်မာစစ်အစိုးရအနေနဲ့ ဆောင်ရွက်ပေး နိုင်လိမ့်မယ်လို့ ဂျပန်နိုင်ငံက မျှော်လင့်ထားကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိက ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ ကားတန်းကို မြန်မာ စစ်အစိုးရ လိုလားသူတွေက ဒီပဲရင်းမှာ အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက် ဂျပန်အစိုးရဟာ မြန်မာ စစ်အစိုးရကို ကြီးမားတဲ့ စီးပွားရေးအကူညီတွေ ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒါပေမယ့် လူသားချင်းစာနာတဲ့ ရှုထောင့်က နေပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကိစ္စတွေ ပညာရေးကိစ္စတွေမှာ ဆက်လက်ကူညီနေဆဲ ဖြစ်ပါတယ်။

ဂျပန်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို လိုလားတယ်ဆိုပေမယ့် မြန်မာ အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ရှိနေတာနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို ဖိအားပေး တောင်းဆိုတာမျိုး မရှိသေးတာ တွေ့ရပါတယ်။

source by : http://www.rfa.org/burmese/news/japan_policy_on_burma_different_from_western_countries-04102009144901.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */