NLD လူငယ်ဖွဲ့စည်းရေး အဆက်မပြတ်လုပ်ဆောင်နေ

Thursday, April 09, 2009 ·

RFA | အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လူငယ် ဖွဲ့စည်းရေး လုပ်ငန်းတွေကို အောက်မြန်မာနိုင်ငံ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စတဲ့ နေရာအသီးသီးမှာ လွန်ခဲ့တဲ့ လတွေကတည်းက စတင် ဖွဲ့စည်းနေပါတယ်။ အလားတူပဲ အထက်ဗမာပြည် မန္တလေးတိုင်း စစ်ကိုင်းဒေသအချို့မှာလည်း လူငယ်ဖွဲ့စည်းရေးတွေ အဆက်မပြတ် လုပ်ဆောင် နေတယ်လို့ အထက်ဗမာပြည် NLDလူငယ်တာဝန်ခံ ကိုအေးထွန်းက ပြောပါတယ်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLDလက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ကိုအေးထွန်း။ ။ “မန္တလေးကတော့ ဆက်သွယ်ရေးရုံးကတော့ ၁၀ မြို့နယ်လောက် ဖွဲ့ပြီးသွားပြီ။ လူငယ် လုပ်ငန်း အဖွဲ့က ၈ မြို့နယ် ၂ မြို့နယ်က ဆက်သွယ်ရေးပေါ့ ။ သင်္ကြန်ပြီးမှ ဖွဲ့မဲ့ မြို့နယ်က ၇ မြို့နယ် ၈ မြို့နယ်လောက် ပြင်ဆင်ထားတယ်၊ အခုအခြေအနေကတော့ ကျွန်တော်တို့ရက်က သိပ်ကြာနေတော့ ပြန်ရမဲ့ဟာတွေ ရှိတယ်။ သင်္ကြန်တွင်းကိစ္စတွေဆိုရင် ထွက်မလုပ်နိုင် ဘူးပေါ့။ ၆ ရက်နေ့ကတော့ မိထ္တီလာရယ်၊ ဝမ်းတွင်းရယ်၊ သာစည်ရယ် လူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့တယ်၊ သာစည် ကိုတော့ ဆက်သွယ်ရေး လူငယ်အဖွဲ့အနေနဲ့ပဲ ဖွဲ့စည်းထား နိုင်တယ်၊ ဒါပေမဲ့ သင်္ကြန်အပြီးကို မြို့နယ်လုပ်ငန်းအဖွဲ့ ဖွဲ့မယ်လို့ သူတို့ဘက် က အကုန်လုံး ပြင်ဆင်ထားတယ်ပေါ့နော်။”

အဲဒီလို လူငယ်ဖွဲ့စည်းရေးကွင်းဆင်းဆောင်ရွက်ရာမှာ မြို့နယ်အတော်များများက လူငယ်တွေအနေနဲ့ အပြိုင်အဆိုင် ဖွဲ့စည်းနေကြတဲ့ အခြေအနေအထိ တက့်ကနေကြတယ်လို့ ကိုအေးထွန်းက ဆက်ပြောပါတယ်။

ကိုအေးထွန်း။ ။ “အကုန်လုံးကို တက်တက့်က့က ရှိပါတယ် ဒါပေမဲ့ လူငယ်လေးတွေကတော့ မျိုးဆက်သစ် ကလေးတွေ ဖြစ်တဲ့အခါကျတော့ သူတို့ကို ကျွန်တော်တို့က အများကြီး တွဲခေါ်ရဦးမှာ၊ ဟောပြောမှုတွေ အစည်းအဝေးပုံစံတွေ ဒါတွေကတော့ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ လုပ်ယူသွားရမှာပေါ့နော်။ ဒါကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လူငယ် အကူအညီပေးရေးကိုလည်း ပြောထားတယ်၊ လောလောဆယ်ကတော့ သင်္ကြန်ခံနေတဲ့အတွက် ဒီဟာကတော့ လုပ်လို့ မရသေးဘူးပေါ့၊ လုပ်ငန်းတွေ ကတော့ ဆက်လုပ်သွားမှာပါ။”

အထက်ဗမာပြည် လူငယ်ဖွဲ့စည်းရေးအနေနဲ့ အနှောင့်အယှက်တွေကြားက လူငယ်တွေကို ဖွဲ့စည်းနိုင်တဲ့ အတွက် တခုလုံး ခြုံကြည့်ရင် အားရမှုရှိတယ်လို့လည်း ကိုအေးထွန်းက ရှင်းပြပါတယ်။

ကိုအေးထွန်း။ ။ “ကျွန်တော်ထင်တယ် ဒီသင်္ကြန်ပြီးတောင်မှ မန္တလေးတိုင်း မြို့နယ် ၃၀ ဆိုရင် သင်္ကြန် လထဲမှာတောင် မြို့နယ် ၂၀ လောက်တော့ သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်၊ ရန်ကုန်တိုင်းလည်း သိသလောက်ကတော့ ၂၀ ကျော်နေပြီပဲလေ။ နောက်ဧရာဝတီတိုင်းလည်း ကျွန်တော်တို့ ဖွဲ့ထားတာပဲ။ အခုဆို ရခိုင်မှာလည်း ကျွန်တော်တို့ ဖွဲ့မှာလေ။ အကုန်လုံး တိုင်းနဲ့ပြည်နယ်တွေကတော့ အကုန်လုံးဖွဲ့နေတာပဲ။ အကုန်လုံးကတော့ အားရဖို့ တော်တော်ကောင်းတယ် အခုအခြေအနေကတော့ သိတဲ့အတိုင်းပဲ။ ဟိုက လိုက်မှတ် ဒီကလိုက်မှတ် ဟိုကနှောင့်ယှက် ဒီကနှောင့်ယှက် လုပ်နေတဲ့ကြားထဲက အဲဒီကြားထဲကနေပြီးတော့မှ အနည်းဆုံး တမြို့နယ်ကို မထွက်ဘူးဆိုရင်တောင် အောက်ခြေအဆင့် ၇ ဦး ၈ဦးလောက်ကတော့ ဖွဲ့ထားနိုင်တယ်။”

မန္တလေးတိုင်းအတွင်း လူငယ်ဖွဲ့စည်းရေး စတင် ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာ ဘာမှ အနှောင့်အယှက် မရှိပေမဲ့ နောက်ပိုင်း သူတို့သွားရာ ဆိုင်ကယ်တွေနဲ့ နောက်ကနေ လိုက်တာတွေ ရှိလာပါတယ်၊ နှောင့်ယှက် ခံရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ကိုအေးထွန်းက ဆက်လက်ပြောပြပါတယ်။

ကိုအေးထွန်း။ ။ “ကျွန်တော်တို့ မိထ္တီလာမှာ လုပ်တဲ့နေ့ကဆိုရင် ထရံကနေ ဟိုချောင်းလိုက် ဒီချောင်းလိုက် ရေးမှတ်လိုက်ပေါ့နော်၊ ကျွန်တော်တို့ သွားလေရာ တကောက်ကောက်တော့ လိုက်တယ်၊ အခုဒီရက်ကတော့ သိပ်မရှိသေးဘူးဗျ၊ အရင်ရက်ကဆိုရင် မနက် ၆ နာရီလောက်ဆိုရင် ကျွန်တော် အခုတည်းနေတဲ့ လမ်းထိပ်က သူတို့ရောက်နေတာ၊ ကျွန်တော်တို့ တည်းလေရာ နောက်ကနေ တကောက်ကောက်ပဲ သူတို့ပါတယ်၊ နောက်တခုက ကိုလှဦးနေတဲ့ အိမ်ရှေ့မှာချည်းပဲ စာရွက်တွေ ဝေသွားတာ ရှိတယ်ဗျ၊ အဲဒီမှာ အဖွဲ့ချုပ် ဗဟိုဌာနချုပ်ကနေပြီးတော့ လက်မရွံ့ လူရမ်းကားတွေ မန္တလေးတိုင်းထဲကို လွှတ်ပြီးတော့ ဥပဒေမဲ့ ကျုးလွန်မဲ့ လုပ်ရပ်တွေ လုပ်နေပြီပေါ့၊ ဒါကြောင့်မို့လို့ လူငယ်တွေအနေနဲ့ သတိထားကြပါဆိုတဲ့ စာတွေဝေသွားတယ် ၂ စောင်တောင် ဝေတာဗျ။”

အဲဒီစာတွေဟာ ဘယ်သူကရေးလို့ ဘယ်သူကပြောမှန်း မသိတာကြောင့် လူငယ်အဖွဲ့အနေနဲ့ မတုံ့ပြန်ဘူးလို့ ကိုအေးထွန်းက ပြောပါတယ်၊ အခုလို အမည်မသိသူတွေက လူငယ်ဖွဲ့စည်းရေးကို နှောင့်ယှက်နေတာ မန္တလေးမှာ တင်မကပဲ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ဧပြီလ ၂ ရက်နေ့က မန္တလေးတိုင်းစည်းနဲ့ မုံရွာမြို့နယ် စည်းတွေ တွေ့ဆုံအစည်းအဝေး လုပ်တဲ့အခါမှာလည်း ကြုံရတယ် လို့ သိရပါတယ်။ အဲဒီအစည်းအဝေးနဲ့ ပတ်သက်လို့မုံရွာ ခ၀တ ဥက္ကဋ္ဌကနေ မုံရွာအင်န်အယ်လ်ဒီ မြို့နယ်စည်း ၆ ယောက်ကို ခေါ်ပြီးတော့ မကြာခင် ကော်မီရှင်ဥပဒေသစ် ထွက်တော့မဲ့အကြောင်း၊ ဒါကြောင့် အဲဒီဥပဒေထွက်ပြီးတဲ့အခါမှ အစည်းအဝေးတွေလုပ်ပါ၊ အခုအချိန်မလုပ်ပါနဲ့ဆိုပြီး ပိတ်ပင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မုံရွာမြို့က အင်န်အယ်လ်ဒီ အဖွဲ့ဝင် ဦးစောထွန်းနေအိမ် အဝင်အထွက်လမ်းတွေမှာ ရဲတွေ အစောင့်ချထားတာလည်း တွေ့ရတယ်လို့ ကိုအေးထွန်း က ပြောပါတယ်။

အခုလို လူငယ်ဖွဲ့စည်းရေးလုပ်ငန်း အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်ရပေမဲ့ လူငယ်တွေကတော့ ဆက်လက် ပြီးတော့ ဖွဲ့စည်းသွားမဲ့ အကြောင်း ကိုအေးထွန်းက ဆက်ပြောပါတယ်။

ကိုအေးထွန်း။ ။ “ကျွန်တော်တို့က ဂျင်နရေးရှင်းဖြစ်တဲ့အတွက် မရှိမဖြစ်၊ မဖွဲ့မဖြစ်နဲ့ကို ဖွဲ့ရမှာပဲ၊ ဒါက ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အလုပ်၊ ဒါကတချက်ပေါ့ နောက်တခုက ကျွန်တော်တို့က တရားဝင် အဖွဲ့အစည်းလေ ယနေ့ တရားဥပဒေဘောင်အတွင်း ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ အစည်းအဝေးတွေ လုပ်ပိုင်ခွင့်ရှိမယ်၊ ဆွေးနွေးပွဲတွေရှိမယ်၊ ဖွဲ့စည်းပိုင်ခွင့် တွေရှိတယ်၊ ဒါ မူလ အခွင့်အရေးပဲ ။ စစ်အစိုးရကပြောတယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားဖို့ အတွက် ဆောင်ရွက်ပါ့မယ်၊ အဲဒီလိုဆောင် ရွက်ပါ့မယ်ဆိုရင် ဒီအချက်တွေက ပေးကိုပေးရမဲ့ အချက်တွေပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့က လုပ်ကိုလုပ်ရမှာ ဖွဲ့စည်း ရမယ်၊ စုစည်း ရမယ်၊ အစည်းအဝေးတွေ လုပ်ရမယ် ပိတ်တဲ့သူက အဲဒီ ဥပဒေကို ချိုးဖောက်တဲ့သူပဲ။”

ဒါကတော့ လွန်ခဲ့တဲ့လတွေကတည်းက စတင်ဖွဲ့စည်းလာခဲ့တဲ့ အထက်ဗမာပြည် အင်န်အယ်လ်ဒီ လူငယ် ဖွဲ့စည်းရေး လုပ်ငန်းနဲ့ ပတ်သက်လို့ လူငယ်တာဝန်ခံ ကိုအေးထွန်းကို RFAက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

source by : http://www.rfa.org/burmese/news/nld_youth_wing_extending-04082009155129.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */