ဓာတ်ဆီဆိုင် မီးလောင်ပြီးနောက် ဆိုင်ပိုင်ရှင် ထွက်ပြေးတိမ်းရှောင်

Thursday, April 09, 2009 ·

မိမွန်စွန်း | မွန်ပြည်နယ် သံဖြုဇရပ်မြို့နယ်တွင် ဓာတ်ဆီဆိုင် မီးလောင်ပြီးနောက် ဆိုင်ပိုင်ရှင်က ထွက်ပြေး တိမ်းရှောင်သွားသည်ဟု သိရသည်။

လွန်ခဲ့သည့် ဧပြီလ ၅ ရက်နေ့တွင် ဓာတ်ဆီဆိုင်ပိုင်ရှင်က ဝယ်သူ၏ ဓာတ်ဆီပုံးထဲတွင် လောင်မီး (အက်စစ်) ရှိသည်ကို မသိဘဲ ဂါလံပုံးထဲကို ဓာတ်ဆီလောင်းထည့်ရာ မီးလောင်မှုဖြစ်ပွားရာကနေ ဆိုင်ရှင်၏နေအိမ်နှင့် ၄င်းဆိုင်၏ဘေးချင်းကပ်လျှက် ကားပစ္စည်းအရောင်းဆိုင်ပါ မီးစွဲသွားခဲ့သည်။

သံဖြုဇရပ်မြို့ခံတဦးက “ဓာတ်ဆီဆိုင်ရှင်က အခုအိမ်ကနေပျောက်နေတယ်၊ ရဲတွေလာဖမ်းမှာကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေတယ်၊ ရဲတွေကလည်း ဆိုင်ရှင်ကို လာပြီးမဖမ်းရဲဘူး ဖြစ်နေတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဆိုင်ရှင်က မြန်မာစစ်တပ် အရာရှိတစ်ဦးရဲ့ အဖေဖြစ်နေတယ်” ပြောသည်။

သံဖြုဇရပ်မြို့ခံများ၏ အဆိုအရ မြို့ထဲမှာ ဓာတ်ဆီရောင်းခွင့်ကို အာဏာပိုင်များက ပိတ်ပင်ထားသည်။ သို့သော် မီးလောင်သွားသည့် ဆိုင်ပိုင်ရှင်မှာ ၄င်း၏သား အရှိန်အဝါဖြင့် မြို့ထဲတွင် ဓာတ်ဆီရောင်းချခွင့်ရပြီး ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားတာဖြစ်သည်ဟု ပြောသည်။

ဓာတ်ဆီဆိုင် မီးလောင်သည့်အချိန်တွင် သံဖြုဇရပ်မြို့ပေါ်ရှိ မီးသတ်ကား ၂ စီး ရောက်လာသော်လည်း မီးသတ်ကား နှစ်စီးထဲမှ တစ်စီးမှာ ပျက်စီးနေသောကြောင့် မုဒုံမြို့ နှင့် ကျိုက်ခမီမှ မီးသတ်ကားကို ခေါ်ယူရကြောင်း သိရသည်။

မော်လမြိုင်မြို့ပေါ်တွင်လည်း လွန်ခဲ့သည့် ဒီဇင်ဘာလက မော်လမြိုင် အမှတ် (၁) အောက်ဈေးကြီး မီးလောင် ပြီးနောက် အာဏာပိုင်တို့က မြို့ထဲတွင် ဓာတ်ဆီရောင်းချခွင့်ကို ပိတ်ပင်လိုက်သည်။

မီးလောင်သွားသည့် ဓာတ်ဆီဆိုင်မှာ သိန်း ( ၃၀၀) ခန့်ရှိကြောင်း ဆိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဧပြီလ ၇ ရက်နေ့လယ် (၁၁) နာရီ အချိန်တွင်လည်း မုဒုံမြို့နယ် ထုံမင်ကျေးရွာ၌ မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ နေအိမ် ၁၄ အိမ်ခန့် လောင်ကျွမ်းပျက်ဆီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ သိန်း ( ၅၀၀) ခန့်ရှိကြောင်း ထုံမင်ရွာသား များမှ သိရှိရသည်။

source by : http://www.monnews-imna.com/burmese/newsupdate.php?ID=246

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */