RFA | မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ဂွေးသီး ကျေးရွာအုပ်စု ဂွေးသီးရွာ၊ နဘဲခွဲ၊ မယ်ဇလီအိုင်က ရွာသား တွေကို ကျေးရွာအုပ်စု ဥက္ကဋ္ဌ က ရေစီးရေလာ ကောင်းအောင်ဆိုပြီး သစ်စုဆည်က လာတဲ့ ရေမြောင်းတွေကို ပြန်တူးခိုင်းရာမှာ တအိမ်တယောက် မလိုက်မနေရ အတင်းခေါ်နေပြီး မလိုက်ရင် ဒဏ်ငွေ ဆောင်ရတယ်လို့ ဒေသခံ ရွာသားတဦးက RFAကို ပြောပြပါတယ်။
ဒေသခံ ရွာသား။ ။ “တအိမ်တယောက်ခေါ်တယ်၊ မလိုက်မနေရပေါ့ဗျာ။ မလိုက်လို့ရင်ရင် ဒဏ်ငွေ သုံးထောင် ဆောင်ရတယ်။ ဂွေးသီး ဥက္ကဋ္ဌ ဦးခင်မောင်အေးတဲ့၊ အခကြေးငွေ မပေးဘူးဗျ ၊ ရွာအတွက်တော့ ကောင်းကျိုး ပြုတယ်လေ၊ အဲဒီရွာအတွက်တော့ ရတယ်။ ကျန်တဲ့ရွာတွေက လိုက်လုပ်ပေးနေရတာ မယ်ဇလီအိုင်၊ နဘဲခွဲ အဲဒီရွာတွေက သွားရတယ်ဗျာ၊ ဂွေးသီးရွာကို ဘယ်လိုပုံစံ ခိုင်းလဲဆိုတော့ ရေပေးမြောင်းပေါ့ဗျာ၊ အဲဒီမြောင်းကို ဆည်ပေးရတာ၊ ရေစီးရေလာကောင်းအောင်လို့ ရေမြောင်းတွေ တူးပေးနေရတာ။”
အဓမ္မခိုင်းစေခံရတဲ့အတွက် လက်လုပ်လက်စား အလုပ်သမားတွေမှာ အခက်အခဲ တွေ့နေရတယ်လို့ ခုနက ရွာသားကပဲ ဆက်ပြောပါတယ်။
ဒေသခံ ရွာသား။ ။ “လုပ်နေရတုန်းပဲဗျာ ခုဟာက လေးငါးရက်တောင်မကဘူး၊ လုပ်နေရတာ တချို့ လက်လုပ် လက်စား လုပ်ရတာလေ၊ လက်လုပ်လက်စားက သူတို့လိုက်လုပ်နေရတော၊့ ဘယ်လိုလုပ် စားဝတ်နေရေး ပြေလည်တော့မတုန်း။ အလုပ်ပျက်အကိုင်ပျက်နဲ့ လိုက်လုပ်နေရတာပေါ့ဗျာ၊ ရွာသူရွာသားတွေမှာ။”
သစ်စုဆည်က မိုးတွင်းကာလအနည်းငယ်ပဲ ရေပေးနိုင်ပြီး ကျန်တဲ့အချိန် ရေအလုံအလောက် မရတဲ့အတွက် ဒေသခံတွေအတွက် အကျိုးသိပ်မရှိလှဘူးလို့ ပြောပါတယ်။
source by : http://www.rfa.org/burmese/news/forced_labor_summoned-04082009161345.html
အဓမ္မအလုပ်ခိုင်းစေရာ မလိုက်လျှင် ဒဏ်ငွေတပ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment