ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု ဗိုလ်ချုပ်မှူးကြီးထံ တင်ရန် လျာထား

Friday, April 24, 2009 ·

မင်းနိုင်သူ | ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု အယူခံကြားနာပေးရန် ၀န်ကြီးချုပ်ထံ ထပ်မံ မေတ္တာရပ်ခံ ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက် တင်ပြသွားရန် စဉ်းစားထားကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

“အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၁၉) အရကိုက အရေးယူခံရသောသူသည် အရေးယူခံ ထားရသော ကာလအတွင်း အယူခံ ပိုင်ခွင့် ရှိတယ်ဆိုပြီး ပိုင်ခွင့်တရပ်အနေနဲ့ကို ပေးထားတာဗျ။ ဒါကိုအစိုးရအဖွဲ့က မကိုင်သေးဘူးဆိုတာ ချိုးဖောက်ရာရောက်မှာလေ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီကို ကျနော်တို့ဆက်တင်ပြမယ်လို့ စဉ်းစားထားတယ်” ဟု ၎င်းက ပြောသည်။

“ကျနော်တို့ကတော့ ဥပဒေစိုးမိုးရေးအတွက် အထောက်အကူပေးတဲ့သဘောအနေနဲ့ တင်ပြသင့်တာကို တင်ပြမယ်။ ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကိုယ်စားလှယ်ပါဝါ ပေးအပ်ထားတော့ ကျနော်တို့ တာဝန်ကျေ အောင်လုပ်မယ်။ ရေဆုံးရေဖျား လိုက်မယ်” ဟု ရှေ့နေကြီးဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

အဆိုပါတင်ပြမှုအတွက် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် တွဲဖက် ရှေ့နေဦးလှမျိုးမြင့်တို့ ဆွေးနွေးမှုများပြုပြီး လကုန်ပိုင်းတွင် တင်ပြ သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

တည်ဆဲဥပဒေတရပ်ဖြစ်သည့် နိုင်ငံသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ (ဥပဒေအမှတ်-၂/၇၅)၊ ပုဒ်မ (၁၃) တွင် ဗဟိုအာဏာပိုင်မပါသော အဖွဲ့အစည်းတရပ်ရပ်က လုပ်သင့်လုပ်ထိုက်သည့် အလုပ် မလုပ်ဘဲ နိုင်ငံသားတယောက်၏ အခွင့်အရေးကို ကာကွယ်မပေးပါက နိုင်ငံတော်ကောင်စီကို တင်ပြ၊ တိုင်ကြားနိုင် ကြောင်း ဖွင့်ဆိုထားသည်ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

“ဆိုတော့ကာ ကျနော်တို့ဆီမှာ ၀န်ကြီးချုပ်ရုံးပါဝင်တဲ့ အစိုးရအဖွဲ့အထက်မှာ နအဖဆိုတာ ရှိသေးတယ်။ ဒီတော့ ကျနော်တို့ နအဖ အကြီးအကဲ ဖြစ်တဲ့ တပ်ချုပ်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ့ဗျာ။ သူ့ဆီကို ဥပဒေကြောင်း အရ ဆက်တင်မယ်။ တင်လိုက်ရင် ဗိုလ်ချုပ်မှူးကြီးလည်း ဒါကို နားလည်မယ်ထင်ပါတယ်။ တင်ပြဖို့တာဝန်ကတော့ ကျနော်တို့တာဝန်ပဲလေ” ဟု ၎င်းက ဆက်လက် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခု ဒီပဲယင်းအရေးအခင်း ဖြစ်ပွားပြီးနောက် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရဆိုကာ နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်ချထားမှုကို အစိုးရအဖွဲ့က (၅) နှစ်ထက်ကျော်လွန်၍ (၁) နှစ်ထပ်တိုးခွင့် ရှိသည်ဆိုကာ တနှစ်ထပ်တိုး လိုက်ပြီးနောက် ဥပဒေ ကြောင်းအရ ညီညွတ်မှု မရှိသဖြင့် ရှေ့နေကြီး ဦးကြည်ဝင်းက ၂၀၀၈ ခု အောက်တိုဘာ (၉) ရက်တွင် အယူခံလွှာတင်သွင်းခဲ့သည်။

သို့ရာတွင် နအဖစစ်အစိုးရအဖွဲ့က အယူခံကို ကိုင်တွယ်ကြားနာခြင်းမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက အစိုးရအဖွဲ့ အကြီးအကဲ ၀န်ကြီးချုပ်ထံ အမှုကိုင်တွယ်ကြားနာပေးရန် မေတ္တာရပ်ခံစာ များ လေးကြိမ်ထက်မနည်း ပေးပို့ခဲ့သော်လည်း တစုံတရာအကြောင်း ပြန်ကြားခဲ့ခြင်း မရှိပေ။

“ဒီလ (၁၀) ရက်နေ့က အယူခံအမှုအတွက် ၀န်ကြီးချုပ်ဆီကို မေတ္တာရပ်ခံစာပေါ့ဗျာ။ အဲလိုပဲသုံးရမှာပေါ့ဗျာ။ တိုက်တွန်းတယ်လို့တော့ မသုံးတော့ပါဘူး။ အဲဒီစာတင်ပြီးနောက် ၀န်ကြီးချုပ်ဘက်က ဘာမှအကြောင်း မပြန်သေးဘူးဗျ။ သို့သော် ကျနော်တို့က ရှေ့နေတွေ ဖြစ်လေတော့ ကိုယ့်အမှုသည် အတွက် ကိုယ်ဉာဏ်မီ သလောက်၊ ကိုယ်တတ်စွမ်းနိုင်သလောက် စောစောကပြောသလို လုပ်စရာ ရှိတာတွေ ဆက်သွားမှာပေါ့ဗျာ။ ကြိုးစားမှာပေါ့” ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

နအဖဘက်က နေအိမ်အကျယ်ချုပ်အယူခံအမှုကို ယခုအချိန်ထိ ကိုင်တွယ်ကြားနာမှုမပြုသော်လည်း အကျယ်ချုပ် အချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ လာမည့် မေ (၂၇) တွင် နေအိမ်အကျယ်ချုပ်သက်တမ်း (၆) နှစ် ပြည့်တော့မည် ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းကလည်း ကုလသမဂ္ဂက နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း ထားခြင်းသည် ကိုယ့်ဥပဒေကိုယ် ချိုးဖောက်ရာရောက်သည်ဟု ပြောဆိုခဲ့သည်။

source by : http://www.khitpyaing.org/news/April_09/24-4-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */