နယ်စပ် ခြံစည်းရိုးအတွက် ကားချောဆွဲ

Friday, April 24, 2009 ·

ငြိမ်းချမ်း | ဒါကာ (မဇ္ဈိမ) ။ ။ မြန်မာ-ဘင်္ဂလား နယ်စပ် ခြံစည်းရိုး ကာရံသည့် လုပ်ငန်းအတွက် ဒေသ အာဏာပိုင် အဖွဲ့က ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တောနှင့် ဘူးသီးတောင်ရှိ ပုဂ္ဂလိကပိုင် ကားများကို ချောဆွဲနေသည်။

ကုန်တင်ကား (သို့မဟုတ်) ဂျစ်ကား ၁ဝ စီးကို တရက်လျှင် တမြို့နယ်စီ အလှည့်ကျဖြင့် မောင်တောမြို့ ကျီးကန်းပြင် အခြေစိုက် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးဌာနချုပ် (နစက) က ယခုလ ၁၈ ရက်နေ့မှ စတင်ကာ ချောဆွဲနေခြင်းဖြစ်သည်။

“ကားမှာ လိုအပ်တဲ့ ဆီကိုတော့ သူတို့က ပေးပါတယ်။ ယဉ်မောင်းနဲ့ စပယ်ယာတွေရဲ့ နေ့စားခ၊ စားစရိတ် တို့ကျတော့ သူတို့(စစ်တပ်)က မပေးဘူး။ ကားပိုင်ရှင်တွေကပဲ အကုန်အကျ ခံရတယ်” ဟု ဘူးသီးတောင်မြို့မှ ကားပိုင်ရှင်တဦးက မဇ္ဈိမကို ရှင်းပြသည်။

ကားများကို ဘူးသီးတောင်နှင့် မောင်တောမြို့နယ် ဧရိယာနယ်စပ်တွင် ပြီးခဲ့သည့် လကတည်းက ထုချေခဲ့သော လမ်းခင်းကျောက်များကို ခြံစည်းရိုးထူမည့် တာရိုးပေါ်တွင် ကျောက်ခင်းရန်အတွက် သယ်ယူခိုင်းသည်။

“နေပြည်တော်က ပါလာတဲ့ ကားက ၆ စီးပဲ ရှိတယ်။ သူတို့ ရည်မှန်းထားတဲ့ အချိန်အတွင်းမှာ ပြီးနိုင်ဖို့အတွက် ဒီကားလောက်နဲ့ မလောက်လို့ နပခ (အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်) ကနေ နစက ဗျူဟာကို ၁၂ ရက်နေ့ ကတည်းက ညွှန်ကြားလိုက်တာဖြစ်တယ်။ ဒါပေမဲ့ သင်္ကြန်ရက်နဲ့ ဖြစ်နေလို့ အခုမှ စလုပ်တာဖြစ်တယ်” ဟု ကျီးကန်းပြင်ရှိ နစက နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ကားတစီးအတွက် တရက်လျှင် လုပ်အားခမှာ ကျပ် ၂ဝဝဝဝ ပေးရမည်ဟု နေပြည်တော်က အမိန့် ပေးထားကြောင်း ကြားသိရသော်လည်း ထက်ဝက်သာ ရရှိကြောင်းနှင့် ချောဆွဲနေခြင်းမှာ တလခန့်အထိ ကြာမြင့်ဖွယ်ရှိကြောင်း သူက ဆိုသည်။

အလားတူ ဒေသခံများအား တာဖို့အလုပ်အတွက် တဦးလျှင် ကျပ် ၂ဝဝဝ စီ ပေးမည်ဟုဆိုကာ နယ်စပ် တလျှောက်ရှိ ဗန္ဓလ၊ အောင်သပြေ၊ ခမောက်ဆိပ်၊ လိပ်ရ၊ ငခူရ၊ အောင်ဗလ၊ အလယ်သံကျော် ကျေးရွာ အုပ်များမှ ကျေးရွာပေါင်း ၄ဝ ကျော်မှ တရွာလျှင် ၁ဝ ဦးနှုန်းဖြင့် ပြီးခဲ့သည့်လ ၃၁ ရက်နေ့မှ စတင်ကာ နေ့စဉ် ခေါ်ယူခိုင်းစေခဲ့သည်။

သို့သော် လုပ်ငန်းပြီးသည့်အခါ လုပ်အားခကို ထက်ဝက်မျှသာ ပေးကြောင်း ဒေသခံများက ဆိုသည်။

“အလုပ်ပြီးလို့ ငွေပေးတော့ အထက်က ငွေမရောက်သေးလို့ဆိုပြီး ၁ဝဝဝ ပဲ ပေးတယ်။ အဲဒီမှာ တာလုပ်တဲ့ နေရာမှာ အနီးမှာရှိတဲ့ မြေကွက်တွေကနေ မြေပေါက်ပြီး တာဖို့ပေးရတယ်” ဟု ငခူရကျေးရွာမှ မူဟာမက် ကာဆင်းအာမက် (MD. Kashin Armad) က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ယခုလ အစောပိုင်းက ရန်ကုန်မှလာသော သင်္ဘောပေါ်မှ ခြံစည်းရိုးကာမည့် ပစ္စည်းများ ထားရှိမည့် နေရာနှင့် မလွတ်ဟုဆိုကာ မောင်တောမြို.နယ် မကျည်းချောင်းရွာမှ နေအိမ် ၃ လုံးကို နစက မှ ဗျူဟာမှူး၏ အမိန့်ဖြင့် လျော်ကြေးအဖြစ် ကျပ်ငွေ တသောင်းစီ ပေးကာ နေအိမ်များကို အဓမ္မ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရသည်။

စည်းရိုးကာမည့် လုပ်ငန်းတခုလုံးကို စစ်တွေအခြေစိုက် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းမှ ဦးစီးလုပ်ကိုင်နေခြင်းဖြစ်သည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြဿနာရှာပါက အထောက်အကူပြုရန် နစက နယ်မြေတခုစီတွင် တပ်သား အင်အား ၂ဝဝ စီ ရှိသည့် အနက် နပခ လက်အောက်ခံ တပ်ရင်းများမှ တရင်းလျှင် အင်အား ၁ဝဝ စီ ဖြည့်တင်းထားသည်။

ပြီးခဲ့သည့် လအတွင်းက စတင်ခဲ့ပြီး ကီလိုမီတာ ၃ဝဝ ခန့် ရှည်လျားသော ဘင်္ဂလား-မြန်မာနယ်စပ်ကို ကာရံမည်ဟု ဆိုသော်လည်း လောလောဆယ်တွင် ကီလိုမီတာ ၈ဝ ခန့် ရှည်လျားသော မောင်တောမြို့တောင်ဘက် မကျီးချောင်းမှ မောင်တောမြို့မြောက်ဘက် ဘောသလာရွာအထိ ကာရံတော့မည်ဟု သိရသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2814-2009-04-24-10-16-20.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */