အောင်ထက် | ကွမ်းခြံကုန်းမြို့ တောင်ဘက်လက်ခုပ်ကုန်းကျေးရွာအုပ်စုမှ လယ်သမား၊ ပင်လယ်ငါးဖမ်း တံငါတချို့သည် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုကြောင့် ရန်ကုန်မြို့သို့ တက်ရောက်ကာ ကြုံရာကျပန်း အလုပ်များ ၀င်ရောက်လုပ်ကိုင်နေကြသည်။
လက်ခုပ်ကုန်းကျေးရွာအုပ်စုတွင် ကညင်ကုန်း၊ ကြခတ်ကုန်းလေး၊ အလယ်ရွာ၊ ဆယ်အိမ်တန်း အပါအ၀င် ကျေးရွာ (၉) ရွာပါဝင်သည်။ ထိုကျေးရွာများသည် ရေသွင်းစိုက်ပျိုးရသည့် နွေစပါးစိုက်လေ့မရှိဘဲ ဒေသ အစဉ်အလာ စပါးကြီးမျိုး ဖြစ်သည့် တောင်ပျံ၊ ဘေးကြား၊ ခွံနီ တို့သာ စိုက်ပျိုးကြသည်။ တသီးစား ဖြစ်သော်လည်း စပါးတင်း (၁၀၀) ကျပ် (၅) သိန်းအောက် မကျသည့်အတွက် ယခင်နှစ်များက လွန်စွာ အဆင်ပြေ ကြကြောင်း သိရသည်။
နာဂစ်ဒဏ် အတန်အသင့်ခံရသည့် လယ်မြေများ ရေငန်ထိုးသည်ကြောင့် ယခုနှစ် စပါးပေါ်ချိန် တဧက တင်း (၄၀) မထွက်တော့သည့်အပြင် စပါးဈေး (၄) သိန်းအောက် ကျသွားသည့်အတွက် သမားရိုးကျ လယ်သမား များနှင့် စပါးလှောင်သူတို့ များစွာအခက်တွေ့နေကြသည်။
“စပါးသာ မဖြစ်တာ လယ်ဈေးက (၁၀) သိန်းဝန်းကျင် ရှိတယ်။ စပါးလှောင်တဲ့သူတွေဆို ရင်တထိတ်ထိတ်ပေါ့။ ဒီနယ်က လှောင်လက်တွေဆိုတာလည်း ကိုယ့်လယ်ထွက် စပါးများပါတယ်။ ကိုယ့်လယ်ထွက် စပါးကိုတော့ ကြာချင်သလောက်ကြာ စောင့်ရောင်းနေတယ်။ ဒါလည်း လှုပ်လာမယ်တော့ မထင်ဘူး” ဟု ကညင်းကုန်း စပါးကုန်သည်တဦးက ပြောသည်။
ကွမ်ခြံကုန်း၊ ဒေးဒရဲသွား လမ်းတလျှောက်ရှိ တော်ကူး၊ တော်ခရမ်း၊ တောင်ကုန်းကျေးရွာများသည် မိုးစပါးအပြင် နွေစပါးပါ စိုက်ပျိုးကြကာ သက်နု (၃) လ စပါးဖြစ်သည့် ဇီယာအုပ်စုဝင် အချွန်မျိုးများ စိုက်ပျိုးကြသည်။
ယခင်နှစ်များက တဧက တင်း (၁၀၀) ခန့်ထွက်ရှိသော်လည်း ယခုနှစ် မြစ်ရေအတက်နည်းခြင်းကြောင့် ရေသွင်းချိန် စပါးများ ရေငတ်ခဲ့ရကြောင်း၊ စပါးတင်း (၁၀၀) (၂) သိန်းအောက် ၀ယ်သူမရှိဖြစ်နေချိန် နွေစပါးစိုက်ပျိုးစရိတ် တဧက (၂) သိန်းခန့် ကုန်ကျနေသည့်အတွက် လုပ်အားရှုံးနေကြောင်း လှိုင်သာယာ စက်မှုဇုန် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ နေ့စား ၀င်ရောက် လုပ်ကိုင်နေသူ အထက်ပါ ဒေသခံတဦးက ပြောသည်။
အထက်ပါဒေသမှ တံငါတဦးကလည်း ငါးမတိုးသဖြင့် ကြည့်မြင်တိုင်ငါးဈေး၌ ကုန်တင်ကုန်ချ ၀င်ရောက်လုပ်ကိုင် နေရသည်ဟု ပြောသည်။
၎င်းက “ငါးမတိုးတာလည်းကြာပြီ။ ဒီတော့ ဆီဖိုး၊ အလုပ်သမားစရိတ်နဲ့ တံငါတွေ တွက်ခြေမကိုက်ကြတော့ဘူး။ (၂-၃) ရက် ပင်လယ်ထွက်လို့ တကောင်မမိချင်ဘူး။ ရွာထဲလည်း ပိုက်ရောင်း၊ လှေရောင်း၊ စက်ရောင်း နေတဲ့ သူတွေ တပုံကြီးပဲ။ အဲလို ငါးမဖြစ်၊ စပါးမဖြစ်တော့ ကျနော်တို့လည်း ဒေသစွန့်ပြီး ရန်ကုန်တက် အလုပ်လုပ် ရတော့တာပေါ့” ဟု ပြောသည်။
ယခုအခါ ပင်လယ်တွင်း ငါးရှားသွားသည့်သဘောဖြစ်နေပြီး ဆိပ်ကြီး၊ ခနောင်တိုဘက်မှ ပုဂ္ဂလိက ငါးဖမ်းပိုက်ကြီး များလည်း တွက်ချေ မကိုက်သဖြင့် မထွက်ကြတော့ကြောင်းသိရသည်။
source by : http://www.khitpyaing.org/news/April_09/24-4-09c.php
လယ်သမားနှင့် တံငါအချို့ ဒေသစွန့် ရန်ကုန်မြို့တက် ကျပန်း ၀င်လုပ်နေကြ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment