ရုပ်သေး အရပ်သား အစိုးရသစ် အတွက် အရာရှိမွေးဖို့ စစ်အစိုးရ ကြိုးပမ်းနေ

Friday, April 10, 2009 ·

NEJ | ရိုဟင်ဂျာကိစ္စနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဝန်ကြီးများအားလုံး အလှည့်ကျကွင်းဆင်းပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် နောင်အရပ်သားအစိုးရသစ်လက်ထက်အတွက် အရာရှိများကို မွေးထုတ်ရန် နေပြည်တော် ၀န်ကြီးဌာန အစည်းအဝေး (၉/၂ဝဝ၉) က ညွှန်ကြားထားသည်။

ထို့ပြင် ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှု၊ စည်းရုံးမှုလုပ်ရမည့်အချိန်ဖြစ်၍ ကျေးရွာများအထိ၊ ပြည်သူလူထုနှင့် ကွင်းဆင်းထိ တွေ့ကြရန်၊ ဝန်ထမ်းများ နိုင်ငံရေးအမြင်မရှိသည့်အခါ အောက်ခြေတွင် မဖွယ်မရာလုပ်လျှင် စည်းရုံးရေးပျက်နိုင်ကြောင်း၊ ယခင်ဆန္ဒခံယူပွဲ တုန်းကလည်း အချို့ကျေးရွာများတွင် ဝန်ထမ်းအပေါ် မယက၊ ရယက တရားသူကြီးရှေ့နေတို့အပေါ် မကျေနပ်ဖြစ်ကြ၍ တရွာလုံး ကြက်ခြေခတ်ခဲ့မှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် မယက၊ ရယကများအနေဖြင့် ပြည်သူများကို ဝိုင်းဝန်းစည်ရုံးပေးရန်၊ စည်းရုံးရေး ထိခိုက်စေမည့် ပြောဆို ဆက်ဆံမှုများ မပြုလုပ်မိ စေရန်၊ တာဝန်ရှိသူများက ရောက်ရှိ သည့်နေရာ၊ တွေ့ရှိသည့်နေရာတိုင်း ပညာပေးရန်လည်း ညွှန်ကြား ထားကြောင်း ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် အရာရှိတဦးက ပြောသည်။

ဝန်ကြီးများအနေဖြင့် နောင်တွင်ဖြစ်ပေါ်လာမည့် အစိုးရသစ်အပေါ် လုပ်ငန်းများစဉ်ဆက်မပြတ် ဆက်လက် လည်ပတ်နိုင်ရန် လိုကြောင်းနှင့် ဝန်ကြီးများမှာ သက်တမ်း (၅) နှစ်လျှင်တကြိမ်ပြောင်းရမည်ဟု နေပြည်တော် ၀န်ကြီးဌာနအစည်းအဝေး (၉/၂ဝဝ၉) မှတ်တမ်း၌ ဖော်ပြထားသည်။

သို့သော် ဌာနများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် အစီအစဉ်များ ယခုမှစ၍ ချမှတ်ဆောင်ရွက်ရန်၊ နောင်အစိုးရ သက်တမ်း တခုနှင့် တခုသည် (၅) နှစ်ဖြစ်သည့် အတွက် နောက်ထပ် (၅) နှစ်၊ (၆) နှစ်ခန့် ဆက်လက် လုပ်ကိုင် နိုင်သည့် အသက်အရွယ် ရှိသူများကို အရေးကြီးနေရာဖြစ်သည့် ညွှန်ချုပ် ဦးဆောင်ညွှန်ကြားရေးမှူး နေရာများ အစားထိုးနိုင်ရန် ယခုမှစ၍ ကြိုတင်လေ့ကျင့်ထားရန်လည်း ဖော်ပြထားသည်။

အကြံပေးများ ခန့်အပ် ထားခြင်းကို မိမိတို့မှမပြောလျှင် တနှစ်ပြီးတနှစ် ထပ်တိုးပြီး ဆက်ခန့်ထားနေမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အစိုးရပြောင်းလဲတိုင်း နောက်အစိုးရအဖွဲ့မှာ ခါးဆက်ပြတ်ပြီး ကမောက်ကမ ဖြစ်မည်စိုး၍ အသက်အားဖြင့် ၂ဝ၁ဝ နောက်ပိုင်း (၅) နှစ် (၆) နှစ်ဆက်တိုက် ဆောင်ရွက်သွားနိုင်မည့် အရွယ်ရှိသူများကို လောလောဆယ် ခန့်ထားမည်ဟု ဆိုသည်။

အကြံပေးများ၊ ပညာရှင်များနှင့် အနီးကပ်တွဲပြီး အလုပ်သင်သဘောမျိုး သင်ကြားပေးရန်၊ ဝန်ကြီးဌာနများတွင် အသက်အရွယ် (၆ဝ) နှစ်နှင့် အထက်ရှိသူများနေကြောင်း၊ အထူးသဖြင့် အသက် (၄၅)၊ (၅ဝ) နှစ်ဖြစ်လျှင် အကောင်းဆုံး ဖြစ်ကြောင်း၊ အသက် (၅ဝ) နှင့်အထက်ရှိသူများကို ယခုကတည်းက လေ့ကျင့်ပြင်ဆင်ထားရန် လည်း နေပြည်တော် ၀န်ကြီးဌာနအစည်းအဝေး (၉/၂ဝဝ၉) တွင် ညွှန်ကြားထားသည်။

source by : http://www.khitpyaing.org/news/April_09/10-4-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */