အေးလဲ့ | တောင်ငူမြို့ အစွန်ဘက် ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမတွင် ယမန်နေ့ည ၈ နာရီခန့်က ဆယ်ဘီးကားနှင့် ဆိုင်ကယ် သုံးစီး တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူငယ် ၇ဦး ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာ အပြင်းအထန် ခံစားနေရကြောင်း တောင်ငူ မြို့ခံတဦးကပြောသည်။
သေဆုံးသွားသည့် လူငယ်တဦးနှင့် နီးစပ်သော တောင်ငူမြို့ခံတဦးက “လူငယ်တွေ ဆိုင်ကယ် ၂စီး ကားလမ်းမှာ လွန်းထိုးစီးနေတယ်၊ အဲဒါကိုအနောက်က ဆိုင်ကယ်က၀င်ချိတ်တာ၊ ပြီးတော့ အနောက်က လိုက်လာတဲ့ ကျောက်တင်လာတဲ့ ၁၀ဘီးကားက၀င်ကြိတ်တာပဲ” ဟု ဧရာဝတီကို ပြောသည်။
ယင်း လူငယ်တဦးမှာ လာမည့်ကျောင်းဖွင့်ချိန်တွင် ၈တန်းတက်မည့် ကျောင်သားတဦးဖြစ်ပြီး တောင်ငူမြို့ရှိ ဆန်း မုန့်တိုက်မှ သားအငယ်ဆုံး ဖြစ်သည်ဟုလည်း သိရသည်။
အထက်ပါ မြို့ခံကပဲ “ဒီလူငယ်က ဆန်း မုန့်တိုက်က တောင်ငူမြို့မျက်နှာဖုံးပဲ၊ ကားတိုက်မှုဖြစ်တဲ့ နေရာမှာ ဆိုင်ကယ် သုံးစီး လူ ၈ယောက် ပါတယ်၊ ၁ယောက်ကတော့ ဒဏ်ရာနဲ့ နံရိုး ၇ချောင်းကျိုးသွားတယ်တဲ့၊ တောင်ငူ ဆေးရုံကြီး မှာ” ဟုလည်းပြောသည်။
ထို ဆယ်ဘီးကားမောင်းသူမှာ ထွက်ပြေးတိမ်းရှောင် သွားသည်ဟုလည်း သိရသည်။
ယင်း တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တောင်ငူမြို့ရှိ အမှတ် ၁ရဲစခန်းမှ တာဝန်ယူ ဖြေရှင်းသွားမည် ဟုလည်းသိရသည်။
ဤဖြစ်ပွားမှုကို မြို့ခံအမှတ်၁ရဲစခန်းနှင့် ဆေးရုံကြီး တို့မှ အတည်ပြုပြောဆိုရန် ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ် သော်လည်း ခေါ်ဆို၍မရခဲ့ပါ။
ယခုလအတွင်း ဧပြီ ၈ရက်နေ့တွင်လည်း နေပြည်တော်သို့ ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်တိမ်းမှောက် မှုကြောင့် ခရီးသည် အနည်းဆုံး ၃ဦး သေဆုံးခဲ့ပြီး ၃၀ကျော် ဒဏ်ရာရခဲ့သည်။
ယခုလ ၂ရက်နေ့ကလည်း ရန်ကုန်မှ ထွက်ခွာသွားသော ကားတစီး ရခိုင်ပြည်နယ် အမ်းမြို့နယ် အနီး လမ်းဘေး ချောက်ထဲထိုးကျ သွားရာ ဘုရားဖူးခရီးသည် အနည်းဆုံး လူ၂၀ဦးသေဆုံးပြီး ၂၅ဦး ဒဏ်ရာ ရခဲ့သည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=948:2009-04-10-10-32-18&catid=1:news&Itemid=2
တောင်ငူ ကားတိုက်မှုတွင် လူ ၇ ဦး ပွဲချင်းပြီးသေဆုံး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment