ယခုလ အတွင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး ရေးသား ဖော်ပြခွင့်အား ပိတ်ပင

Monday, April 20, 2009 ·

NEJ | ယခုလအတွင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး ရေးသားဖော်ပြခွင့် ပိတ်ပင်ထားသည့် အပြင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ခရီးစဉ်အကြောင်းကိုလည်း (၇) ရက်ကြာ နောက်ကျပြီးမှ ဖော်ပြခွင့် ရကြောင်း မြန်မာ့အလင်းသတင်းစာတိုက်မှ စာတည်းတဦးက ပြောသည်။

၎င်းက “ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံနဲ့ ဆက်စပ် အစည်းအဝေးတွေ တက်ဖို့ ထိုင်းနိုင်ငံ ပတ္တရားမြို့ ကို ဧပြီ (၁ဝ) ရက်နေ့မှာ ထွက်သွားတာကို (၁၁) ရက်နေ့ သတင်းစာတွေမှာ ဖော်ပြတယ်။ အဲဒီနောက် သတင်းအား လုံးကို အမှောင်ချထားလိုက်တာ တရုတ်ပြည် ဟိုင်နန်ကျွန်း ဘိုအောင်းဆွေးနွေးပွဲ သွားတက်တဲ့ အထိ ဘာသတင်းမှ မဖော်ပြဘူး။ ဧပြီ (၁၆) ဝန်ကြီးချုပ် တရုတ် ပြည်သွားတဲ့ သတင်းကို ဧပြီ (၁၇) ကျနော်တို့ သတင်းစာမှာ ဖော်ပြပြီး နောက်တနေ့ ဧပြီ (၁၈) ရက်ရောက်မှ ဝန်ကြီးချုပ်ရဲ့ ထိုင်းနိုင်ငံက ဧပြီ (၁ဝ- ၁၁) ရက်နေ့ သတင်းတွေကို ပြန်ပြီး ဖော်ပြတယ်။ ဒါတောင် ဆန္ဒပြသူတွေကြောင့် အာဆီယံ အစည်းအဝေး ပျက်သွားတဲ့ အကြောင်း ရေးတာမျိုး မဟုတ်ဘဲ အစည်းအဝေးမှာ ဖိလစ်ပိုင် သမ္မတ အာရိုယိုကို တွေ့ဆုံ နှုတ်ဆက်တဲ့ ခေါင်းစဉ်နဲ့ပဲ ဖော်ပြခဲ့တယ်။ ဒါက ဆိုးဝါးတဲ့ သတင်းအမှောင်ချမှုပဲ”ဟု ပြောသည်။

ထိုင်းတွင် ဝန်ကြီးချုပ်ဟောင်းတပ်ဆင်ကို ထောက်ခံသည့် အနီရောင်ဝတ်သူများ၏ ကနဦး ဆန္ဒပြပွဲများ အကြောင်း ကို အင်တာနက်မှ ဒေါင်းလော့လုပ်ပြီး ဘာသာပြန်မှုကိုလည်း ဖော်ပြခွင့်မပြုဘဲ ဆက်လက် ဘာသာမပြန်ရန် တားမြစ်ခံရသည်ဟုလည်း အဆိုပါ စာတည်းဖြစ်သူက ပြောသည်။

ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးကမူ နအဖစစ်အစိုးရ သတင်းစာများသည် ထိပ်ပိုင်းခေါင်းဆောင်များ နိုင်ငံခြား ခရီးထွက် သွားသည်ကို လိုက်ပို့သည့် သတင်း အရင်ဖော်ပြလေ့ရှိပြီး ခရီးစဉ် ပြီးဆုံး၍ မြန်မာနိုင်ငံ ပြန်ရောက်မှသာ ခရီးစဉ်နှင့် ပတ်သက်သည် တို့ကို ပြန်လည်ရေးသား ဖော်ပြလေ့ရှိကြောင်း၊ အဆိုပါစည်းကမ်းကို မည်သူမှ ချိုးဖောက်၍ မရကြောင်း ပြောသည်။

ပြီးခဲ့သည့်လ ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းတွင်ပြုလုပ်သည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မိမိအပါအဝင် ပြည်တွင်းသတင်းထောက်အချို့ လိုက်ပါသွားခဲ့သော်လည်း ဟွာဟင်းမှ ပေးပို့သည့် မည်သည့် သတင်းမျိုးကိုမှ ဂျာနယ်တွင် ဖော်ပြခွင့်မပြုဘဲ ခရီးစဉ်ပြီးဆုံး၍ မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ပြန်ရောက်ပြီး အစိုးရပိုင် သတင်းစာတို့တွင် ဖော်ပြပြီးမှသာ ရေးသားဖော်ပြခွင့်ရကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာက ပြောသည်။

“သတင်းတွေအနေနဲ့ အများကြီး နောက်ကျသွားသလို အစိုးရ ခေါင်းဆောင်တွေရဲ့ ခရီးစဉ်တွေမှာ လိုက်ပါ သတင်းယူ ရတာ ကလည်း ဘာမှ အကျိုးမထူးပါဘူး။ အခု ဗိုလ်ချုပ်ကြီးသိန်းစိန် ထိုင်းနိုင်ငံ ပတ္တရား ခရီးစဉ် သတင်းကျတော့ ပိုဆိုးတယ်။ သူမြန်မာပြည် ပြန်ရောက်ပြီး တပတ်ကျော်ကြာတဲ့အထိ ဘာသတင်းမှ မဖော်ပြဘဲ သတင်းအမှောင်ချထားတာကတော့ ဆိုးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာစစ်အစိုးရသည် သတင်းရေးသားဖော်ပြခွင့်နှင့်ပတ်သက်ပြီး ပုဂ္ဂလိက ဂျာနယ်မဂ္ဂဇင်းများ၏ ရေးသား ဖော်ပြချက် များကို ဆိုးဆိုးရွားရွား ပိတ်ပင်တားမြစ်၊ စိစစ်ဖြတ်တောက်ရုံမျှမက ၎င်းတို့ပိုင်သတင်းစာများ၌ပင် ဝန်ကြီးချုပ် ကဲ့သို့ ထိပ်ပိုင်းအာဏာပိုင်တို့၏ သတင်းများကိုပင် ထိမ်ချန်၊ နှောင့်နှေး ဖော်ပြလျက်ရှိသည်။

source by : http://www.khitpyaing.org/news/April_09/20-4-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */