နိုင်ငံရေး ဆုံးဖြတ်ချက်များ အကျုံးဝင်မည့် အစည်းအဝေး အန်အယ်ဒီလ် ခေါ်တော့မည်

Monday, April 20, 2009 ·

NEJ | ယခုလအတွင်းပြုလုပ်မည့် အဖွဲ့ချုပ်အစည်းအဝေးတွင် ထူးခြားချက်အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကိုလည်း ထည့်သွင်း ဖိတ်ကြား ထားကြောင်း အန်အယ်လ်ဒီပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

“အခုအစည်းအဝေးမှာ နိုင်ငံရေးအလှည့်အပြောင်းရော၊ နိုင်ငံရေးအရ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေရော အားလုံး အကျုံးဝင်မယ့် ဆွေးနွေးပွဲသဘောမျိုးဖြစ်ပါတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာမျိုးကိုတော့ ကျနော်တို့ ကြိုပြီးတော့လည်း မသိသလို အခုအချိန်မှာလည်း ပြောလို့မဖြစ်သေးပါဘူး” ဟု ၎င်းက ပြောသည်။

အစည်းအဝေးကို (၂၈-၂၉) ရက်တို့တွင် အဖွဲ့ချုပ်၌ ပြုလုပ်မည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းစည်း အဖွဲ့ဝင်များနှင့် ပါတီဝင်များကို (၂၇) ရက် အရောက်လာရန် ဖိတ်ကြားထားကြောင်း သိရသည်။

“လက်ရှိမြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေအရ ကျနော်တို့အရေးကြီးတဲ့ကိစ္စတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ထားတာရယ်၊ အဲဒီပေါ်မှာ မူတည်ပြီးဆောင်ရွက်မယ့် ရွေးကောက်ပွဲတွေရယ်အပေါ်မှာ ပြည်နယ်တိုင်း အဆင့်နဲ့ ဗဟိုအဆင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးဖို့၊ သုံးသပ်ဆွေးနွေးဖို့ ဒီလိုသဘောနဲ့ ခေါ်ထားတဲ့ အစည်းအဝေး ပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒနှင့် အယူအဆများကို ဆွေးနွေးစဉ်းစားရန် ရည်ရွယ်သည်ဟုလည်း ၎င်းက ပြောသည်။

ဆွေးနွေးပွဲ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စာတမ်းတစောင်ပြုစုကာ အန်အယ်လ်ဒီ ပြည်နယ်နှင့်တိုင်းအဖွဲ့ဝင်များထံ ပေးအပ်မည်ဟုလည်း သိရသည်။

ယခုအခါ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများလည်း ရှိနေသည့်အတွက် အန်အယ်လ်ဒီ ကိုယ်စားလှယ် များ၏ အနေအထားနှင့် သဘောထားခံယူချက်များကို အစည်းအဝေးတွင် အကြံဉာဏ်တောင်းခံရန်ဖြစ်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးဟံသာမြင့်က ပြောသည်။

“အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို ပြောင်းဖို့မဟုတ်သေးပါဘူး။ ဒါပေမယ့် ဖြစ်လာမယ့်အခြေအနေတွေနဲ့ လိုက်လျော ညီထွေ ဖြစ်အောင် ဘယ်လိုလုပ်ကြမယ် ဆိုတဲ့အပေါ်မှာတော့ တစုံတရာအပြောင်းအလဲအနေနဲ့ ရှိချင်လည်း ရှိမယ်ပေါ့။ အခုအချိန်မှာတော့ ဘယ်လိုမှ မပြောနိုင်ပါဘူးခင်ဗျ” ဟု ၎င်းက ပြောသည်။

၎င်းကဆက်လက်ပြီး “လူထုရဲ့ မျှော်လင့်ချက် အားကိုးမှုတွေကို အလဟဿဖြစ်မသွားအောင်လို့ လုပ်ပေးရမယ့် တာဝန်ရှိတယ် ဆိုတာတော့ အကုန်လုံးက သဘောပေါက်ပါတယ်။ အဲဒါကို တကယ်လက်တွေ့ အကောင်အထည် ဖော်၊ ဘယ်လိုလုပ်ကြမယ်ဆိုတာကို အခုဆွေးနွေးပွဲမှာ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သည် အာဏာတည်ခြင်းမရှိသေးသဖြင့် ပြန်လည် သုံးသပ်ရန်နှင့် ၁၉၉၀ ပြည့်နှစ်ရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူ ဖွဲ့စည်းပေးရန် အန်အယ်လ်ဒီက နအဖ စစ်အစိုးရထံ တောင်းဆိုထားသည်။

နအဖစစ်အစိုးရကမူ လွှတ်တော်တွင် တပ်မတော်မှ ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပါဝင်ရမည်ဟု အခြေခံ ဥပဒေ တွင် ထည့်သွင်းရေးဆွဲခဲ့ကာ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု ကြေညာထားသည်။

source by : http://www.khitpyaing.org/news/April_09/20-4-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */