ရဲရင့်မြင့်မောင် | မြန်မာနိုင်ငံတွင် ယခင်လ ကြက်သွန်နီအသစ်များ ပေါ်ချိန်မှစတင်ကာ ကြက်သွန်နီ ဈေးကျ သဖြင့် ထိုင်းကုန်သည် များသည် မြန်မာနိုင်ငံ မှ ကြက်သွန်နီများကို တပတ်လျှင် တန်ချိန် (၂၀၀) ခန့် ၀ယ်ယူ တင်သွင်းလျက်ရှိသည်။
ရန်ကုန်ဘုရင့်နောင်ပွဲရုံမှတဆင့် မြ၀တီမြို့သို့ တရက်ခြားရောက်ရှိလာသည့် ကြက်သွန်နီများကို မဲဆောက်၊ မြ၀တီ ချစ်ကြည်ရေးတံတား မြန်မာဘက်အခြမ်းတွင် ထိုင်းကုန်တင်ကားကြီးများဖြင့် ပြောင်းတင်ကာ ဘန်ကောက်သို့ တိုက်ရိုက် သယ်ယူခြင်းဖြစ်သည်။
မြ၀တီမြို့မှ ကြက်သွန်ကုန်သည်တဦး၏အဆိုအရ “ဒီတလောထွက်တဲ့ ကြက်သွန်နီတွေထဲမှာ မြစ်သား ကြက်သွန်နဲ့ ရေနံချောင်း ဆိတ်ဖြူစတဲ့ ကြက်သွန်တွေအ၀င်များတယ်။ ရန်ကုန်ကနေ မြ၀တီ ကုန်သွယ်ရေး ဇုန်ကတဆင့် တရားဝင်တင်သွင်းတာဖြစ်တယ်။ တပတ်ကို တန်ချိန် (၁၅၀) အနည်းဆုံး ထိုင်းဘက်က ၀ယ်တယ်။ ဒီလောကမှာ ကတော့ သိတဲ့အတိုင်းပဲ။ တရားဝင်တန် (၁၅၀) သွင်းရင် တရားမ၀င်သွင်းတာကတော့ အနည်းဆုံး တန်ချိန် (၅၀) ကနေ (၁၀၀) ကြားမှာရှိတယ်” ဟု ပြောသည်။
၎င်းက “ကြက်သွန်ဈေးတွေကျတော့ မြ၀တီမှာ ကြက်သွန်နီရှယ်အလုံးကြီး လက်လီဈေးဆိုရင် တပိဿာမှ ကျပ် (၅၀၀) ပဲရှိတယ်။ မဲဆောက်မှာကြတော့ သုံးကီလိုကို ဘတ် (၅၀) နဲ့ရောင်းတယ်။ တကီလိုဆိုတာက (၆၅) ကျပ်သား သာသာပဲရှိတယ်။ မြန်မာ ကြန်သွန်နီဈေးကျတော့ ထိုင်းဘက်က ကုန်သည်တွေရတဲ့ အကျိုးအမြတ် ဟာ မြန်မာကုန်သည်တွေထက် ပိုရတယ်။ ဒါကြောင့် လာသလောက် ထိုင်းကအကုန်ဝယ်တာဖြစ်တယ်” ဟု ဆက်လက်ပြောသည်။
မြန်မာကြက်သွန်ကုန်သည်များ၏ အဆိုအရ ကြက်သွန်ထွက်ရှိရာအရပ်ဒေသများ ဖြစ်သည့် မြစ်သားနှင့် ရေနံချောင်းနယ်တွင် ပွဲစားများက ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူများထံတွင် တပိဿာကျပ် (၂၀၀) နှုန်းဖြင့်သာ အများဆုံးကြိုတင် ငွေပေးပြီး ၀ယ်ယူကြသည်ဟု သိရှိရသည်။
ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံတွင် လက်ရှိကြက်သွန်နီတပိဿာ ပေါက်ဈေးမှာ အောက်စ (၂၃၀) ကျပ်၊ လတ်စ (၂၄၀) ကျပ်၊ ထိပ်စ (၃၅၀) ကျပ်နှင့် ရှယ် (၃၇၅) ကျပ်ဈေးအသီးသီး ရှိသည်ဟု သိရှိရသည်။
မဲဆောက်တွင် ကြက်သွန်နီဒိုင်ဖွင့်လှစ်ရောင်းဝယ်သူ ထိုင်းလူမျိုးတဦးက “ကျနော်တို့က ဘေးပေါက်က၀င်တဲ့ ကြက်သွန်နီကိုပဲ အဓိက၀ယ်တယ်။ ကျနော်တို့ပစ္စည်းတွေက ကုန်သွယ်ရေးဇုန်ကို ဖြတ်ပြီး မြ၀တီတံတားပေါ်က လာတာမဟုတ်ဘူး။ ကျနော်တို့ ဖောက်သည်တွေက ကုန်သည်အငယ်တွေပါ။ ဘေးခိုးပေါက်ကလာတဲ့ ကြက်သွန်နီဟာ တပတ်ကို အနည်းဆုံး တန်ချိန် (၆၀-၇၀) လောက်တော့ပုံမှန်ဝယ်ပါတယ်။ ဒါမျိုးက ကြက်သွန် တမျိုးတည်း မဟုတ်ဘူး။ လယ်ယာထွက်ကုန်ဖြစ်တဲ့ ဆန်တို့၊ ပဲတို့လည်း ဒီအတိုင်းဝင်နေကြပဲ။ ဟိုဘက် ဒီဘက် ကိုတော့ ပေးကမ်းရတာတွေတော့ ရှိတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် လူကြိုက်များပြီးဈေးချိုသည့် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သော ဆန်နှင့် ကြက်သွန်နီကို ထိုင်း ကုန်သည်များက လစဉ်တန်ချိန်ထောင်ချီဝယ်ယူရာတွင် မြန်မာကုန်သည်များ၏ ဈေးကွက် အနေအထား အရ ၎င်းတို့ထံမှ တရားဝင်နှင့် တရားမ၀င် နည်းလမ်းများ အသုံးပြုကာ ၀ယ်ယူကြရသည်ဟု ထိုင်းကုန်သည် များက ပြောသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် ကုမ္ပဏီကြီးများသာ လုပ်ကိုင်ခွင့်ရရှိကြသည့်အတွက် အခြားကုန်သည်ငယ်များမှာ အာဏာပိုင်အချို့နှင့် ညှိကာ တရားမ၀င်နည်းလမ်းများဖြင့် ကုန်သွယ်မှုပြုကြရခြင်း ဖြစ်သည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။
source by : http://www.khitpyaing.org/news/April_09/1-4-09d.php
မြန်မာကြက်သွန် ထိုင်းအ၀ယ်လိုက် နယ်စပ်က တရားဝင်သွင်းခွင့်ရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment