သင်္ကြန်မတိုင်မီ အာဘီဆစ်အစိုးရ ဖြုတ်ချမည် တပြည်လုံး ဘန်ကောက်တွင် ဆန္ဒပြရန် တပ်ဆင်နှိုးဆော်

Wednesday, April 01, 2009 ·

NEJ | အာဘီဆစ် အစိုးရကို သင်္ကြန်မတိုင်မီ အပြတ်ဖြုတ်ချရန် ပြည်ပြေး ၀န်ကြီးချုပ် တပ်ဆင်က ရာဇသံ ပေးလိုက်ပြီး တပြည်လုံးရှိ ပြည်နယ်အသီးသီးမှ ၎င်းအားထောက်ခံသူများ ဘန်ကောက် ထိုင်းဝန်ကြီးချုပ်ရုံးရှိ အနီဝတ်ဆန္ဒပြသူ များနှင့် လာရောက် ပူးပေါင်းကြရန် နှိုးဆော်ထားသည်။

ယခုတကြိမ် တပြည်လုံးက တပ်ဆင်ထောက်ခံသူများအား ၀ိုင်းဝန်းဆန္ဒပြရန် လှုံ့ဆော်ခြင်းသည် တပ်ဆင် အတွက် ဖောင်ဖျက် တိုက်ပွဲ ၀င်ခြင်း ဖြစ်သည်ဟု အကဲခတ်များက ယူဆသည်။

ဝန်ကြီးအဖွဲ့ ရုံးထိုင်နိုင်ရန် ၀န်ကြီးချုပ်ရုံး ဆန္ဒပြသူများကို အတားအဆီးများ ဖယ်ရှားပြီး အသုတ်လိုက် လူစုခွဲ ပေးရန် တရားရုံးက အမိန့်စာထုတ်ထားသော်လည်း ယနေ့ထိ လူစုကွဲမည့်ပုံ မရှိပေ။ ဆန္ဒပြခေါင်းဆောင် ဇာတုပေါင်ကမူ တရားရုံးအမိန့်ကို အယူခံဝင်မည်ဟု ပြောသည်။

ဆန္ဒပြသူများ ဥပဒေကို မချိုးဖောက်သရွေ့ ထိုင်းအစိုးရက အရေးယူမည်မဟုတ်ကြောင်း အစောပိုင်းတွင် ၀န်ကြီးချုပ် အာဘီဆစ်က ပြောခဲ့သည်။ သို့သော် ၀န်ကြီးချုပ် အာဘီဆစ် လန်ဒန် ဂျီ-၂၀ ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေစဉ် စစ်တပ်က အာဏာ သိမ်းနိုင်သည် ဆိုသည့် ကောလာဟလများ ဘန်ကောက်တွင် ထွက်ပေါ်နေသည်။ စစ်တပ်ထဲမှ အရာရှိအုပ်စုတစုက တပ်ဆင်ထံမှ ထောက်ပံ့ငွေယူပြီး အာဏာသိမ်းရန် ကြံစည်နေသည်ဆိုသည့် ကောလာဟလသတင်း မမှန်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာနုပေါင်က ငြင်းဆိုလိုက်ပြီး ၎င်း၏ ခေါင်းဆောင်မှုအောက်တွင် စစ်တပ်က အာဏာသိမ်းမည်မဟုတ်ကြောင်း ပြောသည်။

ထိုအတောအတွင်း တပ်ဆင်နှင့် နိုင်ငံခြားရေးဝန်ကြီး ကဆစ်တို့ကြား အပြန်အလှန်စွပ်စွဲ စကားစစ်ထိုးပွဲ ဖြစ်နေပြီး ကြိုက်ရာ နိုင်ငံခြား မီဒီယာတခုခုတွင် စကားစစ်ထိုးနိုင်ကြောင်း ကဆစ်က စိန်ခေါ်ထားသည်။

သင်္ကြန်ရက်ရောက်လျှင် ဆန္ဒပြသူများ လျော့နည်းသွားမည်ကို ဆန္ဒပြခေါင်းဆောင်များ စိုးရိမ်နေပြီး သင်္ကြန် မတိုင် ခင် ဆန္ဒပြပွဲကို အရှိန်မြှင့်သွားရန် ကြိုးပမ်းနေသည်ဟု သိရသည်။

source by : http://www.khitpyaing.org/news/April_09/1-4-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */