ကင်တားနားကို တနှစ်တာဝန်တိုးပေး စစ်အစိုးရကို ကုလရှုတ်ချ

Wednesday, April 01, 2009 ·

NEJ | ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၁၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးပြီးဆုံးသွားပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားအား တာဝန်သက်တမ်း တနှစ် တိုးပေး လိုက်သည်။

မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ စနစ်တကျ ချိုးဖောက်ခံနေရသည့်ကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်သည်။ မြန်မာစစ်အစိုးရကိုလည်း အကြမ်းဖက်ဖမ်းဆီးမှုများ အမြန်ဆုံးရပ်ပြီး နိုင်ငံရေး အကျဉ်းသားအားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးရန် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ် ကင်တားနား၏ အစီရင်ခံစာကို မတ်လ (၁၇) ရက် မနက်ပိုင်း၌ လူ့အခွင့်အရေး ကောင်စီ၌ ဆွေးနွေးခဲ့ပြီးနောက် ကင်တားနားကို ယခုကဲ့သို့ မြန်မာနိုင်ငံ အတွက် တနှစ်တိုးပြီး တာဝန် ပေးခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာ (၈) ရက်က နေပြည်တော်သို့ တင်ပြထားသည့် အမှုအခြေအနေနှင့် ပတ်သက်ပြီး စုံစမ်းခဲ့ကြောင်း ကင်တားနား က ရှင်းပြသည်။

အမှုကို လက်ခံရရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရားသူကြီးချုပ်နှင့် ပြည်ထဲရေးအား စုံစမ်းရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဘက်လိုက်မှုမရှိဘဲ အမြန်ဆုံး ပြန်သုံးသပ်ပေးရန် တောင်းဆိုခဲ့ကြောင်း ကင်တားနားက ပြောသည်။

ဆက်လက်ပြီး ၂၀၀၈ ခု အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၄၀၀) ကျော်ကို ထောင်ဒဏ် (၂၄) နှစ်မှ (၆၅) နှစ်ထိ ချမှတ်ခဲ့ကြောင်း ဆက်ပြောသည်။

မြန်မာနိုင်ငံကို သွားရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ပြည်သူများ လူ့အခွင့်အရေးအခြေအနေ တိုးတက် စေရန် စစ်အစိုးရနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ လုပ်နိုင်ရန်ဖြစ်ကြောင်း ကင်တားနားက ပြောသည်။ ထို့ကြောင့် စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လူ့အခွင့်အရေးဆိုင်ရာ အဓိက အချက် လေးချက်ကို ပြုပြင်ပေးရန် တောင်းဆိုခဲ့ကြောင်း ဆက်ပြောသည်။

ကင်တားနားအစီရင်ခံစာနှင့် ပတ်သက်ပြီး သက်ဆိုင်သည့် မြန်မာနိုင်ငံကိုယ်စား သံအမတ်ကြီး ဦးဝဏ္ဏ မောင်လွင် က ဖြေရှင်းရာတွင် ၎င်းအစီရင်ခံစာ၌ အစိုးရလုပ်သည့် တည်ဆောက် ပြုပြင်ရေး လုပ်ငန်းများ အကြောင်း မဖော်ပြဘဲ ဘက်လိုက်မှုရှိနေကြောင်း၊ အစီရင်ခံစာပါ စွပ်စွဲချက်များတွင်လည်း မြန်မာ စစ်အစိုးရအား ဆန့်ကျင်နေသည့် သောင်းကျန်းသူ အကြွင်းအကျန်များ၊ အန်ဂျီအိုများ လေသံနှင့် တထေရာတည်း ဖြစ်နေကြောင်း၊ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ (၂,၀၀၀) ကျော်ရှိသည်ဟု အစီရင်ခံစာတွင် မကြာခဏဖော်ပြနေသော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တဦးမျှမရှိကြောင်း ချေပ ပြောဆိုသည်။

source by : http://www.khitpyaing.org/news/April_09/1-4-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */