RFA | အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ တွေကို ဆွေးနွေး သုံးသပ်ဖို့ အတွက် မြန်မာပြည် တပြည်လုံး မှာရှိတဲ့ NLD ပါတီ မြို့နယ် စည်းအဖွဲ့ဝင်တွေကို လာမဲ့ ဧပြီလ ၂၈ရက်နေ့နဲ့ ၂၉ရက်နေ့တွေမှာ ရန်ကုန်ကို အစည်းအဝေး ခေါ်ထားတယ်လို့ သိရပါတယ်။
![]() အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပတဲ့ အမျိုးသားနေ့အခမ်းအနား တက်ရောက်လာသော ခေါင်းဆောင်များ။ (Courtesy Photo: NLD-LA) |
ဦးဉာဏ်ဝင်း။ ။ “အဖွဲ့ချုပ် ပြည်နယ်၊ တိုင်း စည်းအဖွဲ့ဝင်တွေနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ ၂၈၊ ၂၉ နှစ်ရက် အတွက် ကျွန်တော်တို့ ဒီနေ့ ဖိတ်စာ ပေးပို့ပါတယ်။ ကျွန်တော်တို့ လက်ရှိ နိုင်ငံရေးအခြေအနေ အားလုံး ဆွေးနွေးမှာပါ။ ဖိတ်စာမှာတော့ ဒါတွေ မဖော်ပြဘူး။ ဖိတ်စာမှာ ဖော်ပြတာကတော့ ဗဟို အလုပ် အမှုဆောင် အဖွဲ့နဲ့ တွေ့ဆုံ ညှိနှိုင်းရန်၊ ဒါလောက်ပဲ ဖော်ပြပါတယ်။”
NLD ပါတီအနေနဲ့ ဗဟိုအလုပ်အမှုဆောင်အသစ်များ ဖြည့်စွက် ဖွဲစည်းပြီးတဲ့အချိန်ကစပြီး တပြည်လုံးမှာ ရှိတဲ့ မြို့နယ်စည်းများနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ့ဆုံနိုင်ခြင်း မရှိသေးတာကြောင့် အခုအစည်းအဝေးမှာ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ ဆွေးနွေးသုံးသပ်စရာတွေ အများကြီး ရှိတယ်လို့လည်း ဆိုပါတယ်။
ဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက်အရ စစ်အစိုးရ၂၀၀၈ခုနှစ်မှာ အတည်ပြုလိုက်တဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံနဲ့ ပတ်သက်လို့ ဆွေးနွေးစရာများလည်း ပါဝင်တယ်လို့ RFAကို ပြောပြပါတယ်။
source by : http://www.rfa.org/burmese/news/nld_to_convene_country_wide_meeting-04092009112724.html









0 comments:
Post a Comment