မောင်သန်းစိန် (နိရဉ္စရာ) | မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်၌ ခြံစည်းရိုး ကာရန်မည့် အစီအစဉ်မှာ မှောင်ခို လုပ်ငန်း များနှင့် လူကုန်ကူးမှု များကို ဟန့်တားကာကွယ်နိုင်ရန်အတွက်သာဖြစ်ပြီး ခံတပ်အဖြစ် တည်ဆောက် နေခြင်း မဟုတ်ကြောင်း ဘင်္ဂလာဒေ့ရှ် ဆိုင်ရာ မြန်မာသံအမတ် ဖေသန်းဦးက အင်္ဂါနေ့ကပြောကြားခဲ့သည်။
“နယ်စပ်ခြံစည်းရိုးကို ခံတပ်အဖြစ်ကာရံတာမဟုတ်ပါဘူး။ မှောင်ခိုလုပ်ငန်းနဲ့ လူကုန်ကူးနေတာတွေကို တားဆီး နိုင်ဖို့ အတွက်သာ ဖြစ်ပါတယ်။” ဟု မြန်မာသံအမတ်က ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန၌ တွေ့ဆုံ ရှင်းလင်းခဲ့ပြီး နောက်ပိုင်း သတင်းထောက် များအား ပြောကြားခဲ့ခြင်းဖြစ်သည်။
နယ်စပ်တလျှောက်တွင် တပ်အင်အားများတိုးချဲ့ချထားပြီး၊ ခြံစည်းရိုးကာရံနေသည့်သတင်းများ အကျယ်တ၀င့် ထွက်ပေါ်လာပြီး နောက်ပိုင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် တိုဟိဒ်ဟူဆိန်းက အကြောင်းအကျိုး စုံစမ်း မေးမြန်းရန် မြန်မာ သံအမတ် ဖေသန်းဦး ကို လွန်ခဲ့သော အပတ် သောကြာနေ့တွင် သူ၏ ရုံးသို့ဆင့်ခေါ်ခဲ့သည်။
ကီလိုမီတာ ၃၀၀ ကျော်ရှည်လျားသည့် မြန်မာ-ဘင်္ဂလာနယ်စပ်တွင် ကုန်းမြေချင်းစပ်နေသည့် ကီလိုမီတာ ၆၀ ခန့်ကို သံဆူးကြိုးများကာရံရန်မြန်မာဘက်မှစီစဉ်နေခြင်းဖြစ်သည်။
ဘင်္ဂဘာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောကြားချက် အရ မြန်မာဘက်မှ နိုင်ငံတကာ နယ်စပ် လုပ်ထုံး လုပ်နည်းများကို စောင့်ထိမ်းလျက် နယ်စပ်မျှဉ်းမှ မီတာတရာ နောက်ဆုပ်၍ သံဆူးကြိုး ကာရံနေခြင်း ဖြစ်သည်ဟု မြန်မာ သံအမတ်က ရှင်းလင်း ခဲ့ကြောင်း သိရှိရသည်။
နယ်စပ်စည်းမျဉ်းစည်းကမ်းများတွင် နယ်စပ်(၅)ကီလိုမီတာအတွင်း လက်နက်ကြီးများတပ်ဆင်ခွင့် မရှိကြောင်းနှင့် ကိုက်(၃၀၀)အတွင်း ခြံစည်းရိုးကာရံခွင့် မရှိကြောင်းသိရှိရသည်။
မှောင်ခိုကူးသန်းရောင်းဝယ်ရေးကိုတားဆီးရန်သံဆူးကြိုးကာရံရခြင်းဖြစ်သည်ဟု မြန်မာသံအမတ်ကရှင်းလင်းခဲ့ သော်လည်း နယ်စပ်သစ် မှောင်ခို လုပ်ငန်းတွင် အဓိက ကြိုးကိုင် လုပ်ဆောင် နေသူများမှာ နေပြည်တော်မှ လာသည့် စစ်ဗိုလ်ကြီးများ ဖြစ်ကြောင်း နယ်စပ် ကုန်သည်များ၏ ပြောဆိုချက် အရ သိရှိရသည်။
source by : http://www.narinjara.com/detailsbur.asp?id=1764
နယ်စပ်ခြံစည်းရိုး ခံတပ်အဖြစ်ကာရံခြင်းမဟုတ်ဟုမြန်မာသံအမတ်ဆို
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment