မလေးရှားက မြန်မာလက်ဖက်ကို စစ်ဆေးနေပြီ

Friday, April 03, 2009 ·

ဧရာဝတီ | မလေးရှားနိုင်ငံက မြန်မာပြည်မှ တင်သွင်းသည့် လက်ဖက် ပါဝင်သည့် စားသောက် ကုန်များတွင် တားမြစ်ထားသည့် ဆိုးဆေးများ ပါဝင်ခြင်း ရှိမရှိ စစ်ဆေးနေသည်ဟု ဘာနားမား သတင်းဌာန အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

စင်္ကာပူနိုင်ငံ စားသောက်ကုန် စိစစ်ရေး ဌာနက မြန်မာပြည်ထုတ် အသင့်စား လက်ဖက်သုတ် နှင့် အကြော်စုံ အမျိုး အစား ၂ဝ တွင် အဝါရောင် ဆိုးဆေးများ ပါဝင် သည်ကိုတွေ့ရှိသည်ဟု ကြေညာခဲ့ပြီးနောက် မလေးရှား နိုင်ငံကလည်း အလားတူ စစ်ဆေးရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှား ကျန်းမာရေး ဝန်ကြီး ဌာနက ပြောသည်။

မလေးရှား ဥပဒေအရ တားမြစ်ထားသည့် ဆိုးဆေးများကို စားသောက်ကုန် လုပ်ငန်းတွင် အသုံးပြုပါက ပြင်းပြင်းထန်ထန် အရေးယူနိုင်သည်ဟု ဆိုသည်။

“ဥပဒေ ချိုးဖောက်တဲ့သူကို ငွေဒဏ် မလေးရင်းဂစ် နှစ်သောင်း (ဒေါ်လာ ၅၅ဝဝ) အထိ ဒါမှမဟုတ် ထောင်ဒဏ် ၅ နှစ် အထိ ပြစ်ဒဏ် ချနိုင်တယ်။ ငွေဒဏ်ရော ထောင်ဒဏ်ပါ ချတာလည်း ဖြစ်နိုင်တယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ စားသောက်ကုန် အရည်အသွေး နှင့် အန္တရာယ် ကင်းရှင်းရေး ဌာန ညွှန်ကြားရေးမှူး Nooraini Mohd Othman က ပြောသည်။

မြန်မာနိုင်ငံ ကျန်းမာရေး ဦးစီးဌာနက မြန်မာပြည်တွင်းဖြစ် အသင့်စား လက်ဖက်သုတ် နှင့် အကြော်စုံများတွင် Auramine O အမျိုးအစား အဝါရောင် ဆိုးဆေး ပါဝင်နေသည် ဟု မတ်လ ၁၂ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ သတင်းဌာနများက ရေးသား ဖော်ပြကြပြီး နောက်တွင် မလေးရှား၊ စင်္ကာပူ အစိုးရ တို့ကလည်း လက်ဖက် ပါဝင်သည့် မြန်မာပြည်ထုတ် စားသောက်ကုန်များကို စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

Auramine O ဆိုးဆေးသည် အဝတ်အထည်၊ စက္ကူ၊ သားရေလုပ်ငန်းများတွင် အသုံးပြုတတ်ပြီး အစား အသောက်လုပ်ငန်းတွင် သုံးရန် သင့်လျော်ခြင်း မရှိ ဟု ဆိုသည်။ အဆိုပါ ဆိုးဆေး ပါဝင်သော အစား အသောက် များကြောင့် ရေရှည်တွင် အသည်းနှင့် ကျောက်ကပ် ရောဂါ၊ ကင်ဆာ ရောဂါတို့ ဖြစ်ပွားနိုင်သည် ဟု ဆိုသည်။

လွန်ခဲ့သည့် ၃ ရက်မှစ၍ မလေးရှားရှိ မြန်မာ စားသောက်ကုန် အရောင်းဆိုင်များတွင် အသင့်စား လက်ဖက်သုတ်များကို ရောင်းချခြင်း မပြုတော့ကြောင်း မလေးရှားနိုင်ငံ၊ ပါရက် ပြည်နယ်မှ မြန်မာပြည်သား ကုန်စုံဆိုင် ပိုင်ရှင် တဦး ဖြစ်သူ ကိုဆန်နီက ဧရာဝတီသို့ ပြောသည်။

သို့သော်လည်း မြန်မာပြည်သား ၄ သန်း ဝန်းကျင် ရောက်ရှိနေသော ထိုင်းနိုင်ငံရှိ မြန်မာ စားသောက်ကုန် အရောင်းဆိုင် များတွင်မူ အသင့်စား လက်ဖက်သုတ် များကို ရောင်းချနေဆဲ ဖြစ်သည်ဟု သိရသည်။

“ယုဇန လက်ဖက်ကိုတော့ ဝယ်ပြီး ရောင်းနေတုန်းပဲ”ဟု ထိုင်းမြန်မာ နယ်စပ်မြို့တခုဖြစ်သည့် ရနောင်း မှ စားသောက်ကုန် လုပ်ငန်းရှင် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူ လူထု အများစုမှာ စားသောက်ကုန် အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး တို့နှင့် ပတ်သက်သည့် ဗဟုသုတများ အနည်းငယ်သာ ရှိကြသည်။

“မြန်မာပြည်မှာတော့ ရောင်းချဖို့ မသင့်လျော်တဲ့ အစားအစာတွေ အများကြီး ရှိတယ်။ ကလေးတွေ စားတဲ့ မုန့်တွေမှာဆိုရင် အန္တရာယ်ကြီးတဲ့ ဆိုးဆေးတွေ သုံးထားတာကို တွေ့ရမယ်” ဟု စားသောက်ကုန် လုပ်ငန်းနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူတဦးက ပြောသည်။

“စားသောက်ကုန်တွေမှာ ဘာပစ္စည်းတွေ သုံးထားတယ် ဆိုတာကို စားသုံးသူတွေ သိရမယ်။ လုပ်ငန်းရှင်တွေ ကလည်း သူတို့ရဲ့ ထုတ်ကုန်တွေမှာ ဘာတွေ ပါဝင်တယ် ဆိုတာကို ဖော်ပြဖို့ လိုပါတယ်” ဟု နိုင်ငံတကာ အဖွဲ့အစည်း တခုမှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ဆိုသည်။

လက်ဖက်သုတ်များတွင် အန္တရာယ်ကြီးသည့် ဆိုးဆေးများ ပါဝင်သည်ကို ယခင်က မသိရှိခဲ့ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ အိမ်ရှင်မတဦးက ပြောပြသည်။

“နောက်ဆိုရင်တော့ အစားအသောက်နဲ့ ပတ်သက်ရင်တော့ ပိုပြီး ဂရုစိုက်ရတော့မယ်” ဟု သူက ဆိုသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=921:2009-04-03-12-11-08&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */