နန်းဒေဝီ | နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အတွက် သင်္ကြန်တေးသီချင်း ဗီစီဒီခွေ ထုတ်လုပ် မှုများ ယမန်နှစ်ထက် ထက်ဝက်နီးပါး ကျဆင်းသွားသည်။
ပြီးခဲ့သည့် သင်္ကြန်တေးသီချင်း ဗီစီဒီ ခွေ ၁ဝ ခွေကျော် ထုတ်လုပ်ဖြန့်ချိ နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ၇ ခွေခန့်သာ ထုတ်လုပ် နိုင်ခဲ့ကြောင်း တေးသံသွင်းဆိုင်များ အဆိုအရ သိရခြင်း ဖြစ်သည်။
“သိသိသာသာ ကျသွားတယ်။ ခိုးခွေတွေကြောင့် ထုတ်လုပ်သူတွေက မထုတ်ရဲဘူး ဖြစ်နေကြတယ်” ဟု ရန်ကုန်ရှိ စပယ်ဦး တေးသံသွင်းမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
စပယ်ဦး တေးသံသွင်းတွင် ရောင်းချပေးနေသည့် သင်္ကြန် ဗီစီဒီ သီချင်းခွေ အများစုသည် အုပ်စုလိုက် သီဆိုထားသည့် သီချင်းခွေများ ဖြစ်ပြီး၊ တကိုယ်တော်အဖြစ် ရင်ဂို၏ 'နွေလယ်မိုး'နှင့် အဆိုတော်နှင့် ရုပ်ရှင် မင်းသားကြီး ဇော်ဝမ်း သီဆိုသည့် သင်္ကြန်သီချင်းခွေ အဟောင်းများ ဖြစ်သည်။
“သီချင်းခွေတွေက အသစ်ထက် အဟောင်းတွေက ရောင်းကောင်းတယ်။ ဒီခေတ်သင်္ကြန်ခွေတွေက လူတွေနား မစွဲကြဘူး” ဟု စပယ်ဦးက ဆိုသည်။
ရန်ကုန် လသာ တေးသံသွင်းဆိုင်ကမူ သင်္ကြန်သီချင်းခွေ အသစ်များ ပိုမို၍ အရောင်းသွက်ကြောင်း ပြောသည်။
ယခုနှစ် ဗီစီဒီ ခွေများမှာ အလင်္ကာဝတ်ရည် သင်္ကြန်၊ နွေလယ်မိုး၊ ကချင်ရင် မရှက်နဲ့၊ ပေါ့ပေါ့ပါးပါး သင်္ကြန်၊ ရွှေကောင်းကင် သင်္ကြန်၊ ဧပရယ်ကွင်း သင်္ကြန် တို့ဖြစ်သည်။
တခွေလျှင် မြန်မာငွေ ၁၁ဝဝ ကျပ်မှ ၁၅ဝဝ အထိ ရောင်းဈေး ရှိသည်။
source by : http://www.mizzimaburmese.com/news/breaking-newsbrief/2714-2009-04-03-12-32-29.html
ခိုးကူးခွေ အန္တရာယ်ကြောင့် သင်္ကြန်သီချင်းခွေ အထွက်နည်း
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment