အင်တာနက် ပုံမှန်ပြန်ဖြစ်ရန် ရက်အကန့်အသတ်မရှိ ကြာမည်

Friday, April 03, 2009 ·

သန်းထိုက်ဦး | မြန်မာပြည်တွင်းရှိ အင်တာနက် အသုံးပြုနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီးဌာနက ရက်အကန့် အသတ်မရှိ ကြာနိုင်မည် ဖြစ်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထပ်မံကြေညာ ထားသည်။


ရန်ကုန်မှ အင်တာနက်ဆိုင်တခု မြင်ကွင်း(ဓာတ်ပုံ - Paula Bronstein)
ယခု ကြေညာချက်သည် ( ၄ ) ကြိမ်မြောက်ဖြစ်ပြီး ပထမဆုံး ကြေညာချက်ကို မတ်လ ၂၁ ရက်နေ့က စတင် ထုတ်ပြန်ခဲ့သည်။ ဒုတိယအကြိမ် ထုတ်ပြန်သည့် စာထဲ တွင်မှု ၂၅ ရက်နေ့တွင် ပြန်လည် ကောင်းမွန်နိုင်မှု မရှိတော့ဘဲ ဧပြီ ၁ ရက်နေ့မှ ကောင်းမွန်နိုင်တော့မည်ဟု ရေးသားထားသည်။

တတိယအကြိမ် ထုတ်ပြန်သော စာတွင်မူ ပြန်ကောင်း နိုင်မည့် ရက်ကို ၃ ရက်နေ့ဟု ဆိုသော်လည်း နောက်ဆုံး ထုတ်ပြန်ချက်တွင် ရက်အကန့်အသတ် မရှိ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

“အကန့်အသတ်မရှိ ပြင်တာ အင်တာနက် ဆိုင်တွေကို စာပို့လာတာ မဟုတ်ဘဲ နဲ့ ၀က်ဘ်ဆိုက် တွေကို ဖွင့်လိုက် ရင် ဆက်သွယ်ရေးက ထုတ်ပြန်ထားတဲ့ စာတန်းကြီး ကျလာတာ” ဟု အမည် မဖော်လိုသူ ရန်ကုန်မြို့ရှိ ဘလော့ဂါ တဦးကပြောသည်။

ယခုကဲသို့ အဆင်မပြေ ဖြစ်ရခြင်း အတွက် တောင်းပန်အပ် ပါသည်ဟု ဖော်ပြထားကြောင်းလည်း သူက ဆိုသည်။

ရန်ကုန် အင်တာနက် အသုံးပြုသူ တဦးကလည်း“ကွန်နက်ရှင်က တက်လိုက်ကျလိုက်ပဲ စိတ်ညစ်စရာကောင်း တယ်၊ စာတစောင်ပို့ဖို့တောင် တော်တော်စောင့်ရတယ်” ဟု ပြောပြသည်။

ထိုသို့ SEA–ME-WE–3 လိုင်း ပြင်ဆင်နေချိန်တွင် မြန်မာ့ဆက်သွယ်ရေးက အင်တာနက် ယာယီ လိုင်းတခု ပေးထားပြီး အင်တာနက်ကဖေးများ၊ ရုံးများနှင့် ကိုယ်ပိုင်အင်တာနက် လိုင်းများကို အသုံးပြုစေသည် ဟု ရန်ကုန်မြို့ရှိ အင်တာနက် ဆိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

အင်တာနက် အသုံးပြုနိုင်မှု အခြေအနေ နှင့် ပတ်သက်ပြီး ရန်ကုန် ဆက်သွယ်ရေး ၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနသို့ တယ်လီဖုန်းဖြင့် စုံစမ်းမေးမြန်းခဲ့ရာ ဗဟိုကြေးနန်းရုံးကြီးကို ဆက်သွယ်ပါဟု ပြောပြ၍ ဖုန်းချ သွားသည်။

မြန်မာပြည်တွင်း အင်တာနက် အသုံးပြုမှု စနစ်များကို ၂၀၀၄ ခုနှစ်တွင် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန်ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း စစ်တပ်က လက်နက်သဖွယ် ထိန်းချုပ် အသုံးချလာခဲ့ကြောင်း အင်တာနက် စောင့်ကြည့်လေ့လာရေးအဖွဲ့ တဖွဲ့ဖြစ်သည့် Open Net Initiative ၏ ပြောဆိုမှုအရသိရသည်။

ယခု စစ်အစိုးရ ထိန်းချုပ်လုပ်ဆောင်နေသော မြန်မာ တယ်လီပို့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းသည် ယခင် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ သား ဒေါက်တာ ရဲနိုင်ဝင်း တည်ထောင်သည့် ပုဂံ ဆိုက်ဘာ တက်ခ် ကို အမည်ပြောင်း လဲထားခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ၂၀၀၆ ခုနှစ်ခန့်မှ စတင်၍ အင်တာနက် ဆိုင်များ ခေတ်စားလာပြီး ၂၀၀၇ စက်တင်ဘာ သံဃာတော်များ အရေးတော်ပုံနောက်ပိုင်းတွင် လူငယ်လူရွယ်အများစုမှာ အင်တာနက်ကို ပိုမို အသုံးပြု လာခဲ့သည်။

ယခု အခါ မြန်မာ တပြည်လုံးတွင် ၃၀၀၀ နီးပါးခန့်ရှိသည်။ အင်တာနက်ကို များသောအားဖြင့် လူငယ်လူရွယ် များနှင့် ဂိမ်းကစားသူများ အများ ဆုံး အသုံးပြုကြသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=918:2009-04-03-10-01-48&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */