မန္တလေးတွင် မဏ္ဍပ်အရေအတွက် ယမန်နှစ်ကထက် လျော့နည်း

Thursday, April 09, 2009 ·

ကြည်ဝေ | ယခုနှစ် မန္တလေးတွင် စီးပွားရေး အကြပ်အတည်းကြောင့် သင်္ကြန်ရေ ကစားမဏ္ဍပ် အရေအတွက်မှာ ယခင်နှစ် ကထက် သုံးပုံ တပုံခန့်အထိ လျော့နည်းသွား ခဲ့ကြောင်း သိရှိရသည်။

၂၀၀၉ ခုနှစ်အတွက် သင်္ကြန်ရေကစားမဏ္ဍပ်မှာ တမြို့လုံးအတိုင်းအတာအားဖြင့် စုစုပေါင်း ၄၀ ကျော်ခန့် ရှိသည်ဟု သိရပြီး ယမန်နှစ်က စုစုပေါင်း ၆၀ ၀န်းကျင်ရှိခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်ကလည်း စုစုပေါင်း ၈၀ ၀န်းကျင်ခန့် ရှိခဲ့သောကြောင့် ယခုနှစ်မှာ ယခင်နှစ်ကထက် ၃ ပုံ ၁ ပုံခန့် လျော့နည်းခဲ့ပြီး ၂၀၀၇ ခုနှစ်ကထက် ထက်ဝက်ခန့် လျော့ကျခဲ့ကြောင်း မန္တလေး စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရှိရသည်။

“ဒီနှစ် မဏ္ဍပ်အရေအတွက် နည်းတယ်။ တချို့ဆို မဏ္ဍပ်ဆောက်ဖို့ စပေါ်တင်ပြီး မဆောက်နိုင်လို့ ငွေအရှုံး ခံတဲ့သူတွေတောင် ရှိတယ်။ အဲဒါအပြင် မဏ္ဍပ်ကြီးတွေလည်း နည်းတယ်၊ မဏ္ဍပ်ကြီးဆိုလို့ မြို့တော်ဝန် မဏ္ဍပ်နဲ့ မြန်မာဘီယာလောက်ပဲ ရှိတယ်။ ကျန်တာ အသေးလေးတွေပဲ များတယ်” ဟု မန္တလေး မြို့တော် စည်ပင် သာယာရေး ဌာနမှ အရာရှိတဦးကပြောဆိုသည်။

ရေကစား မဏ္ဍပ် ဆောက်လုပ်ရန်အတွက် စည်ပင်သာယာရေးဌာနသို့ ဖေဖော်ဝါရီလမှ မတ်လ ၂၁ ရက်နေ့ အထိ စပေါ်ငွေ ကျပ် ၅ သိန်းတင်သွင်းရပြီး ထိုစပေါ်ငွေ တင်ထားသည့်အထဲမှ တချို့မှာ မဏ္ဍပ် မဆောက် နိုင်တော့ သဖြင့် စပေါ်ငွေ အရှုံးခံသူများလည်း ရှိကြောင်း သိရှိရသည်။

နှစ်စဉ် ၆၆ လမ်းတွင် မဏ္ဍပ်ဆောက်လုပ်နေကျ ဖြစ်ပြီး ယခုနှစ်တွင်လည်း ရေကစားမဏ္ဍပ် ဆောက်လုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ဧပြီလဆန်းထိ စီးပွားရေး လုပ်ငန်းများမှ ကြော်ငြာ(စပွန်ဆာ) မရသောကြောင့် မဏ္ဍပ် မဆောက်နိုင်တော့ကြောင်း မန္တလေးမြို့ခံ လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

“ဒီနှစ်က အခြေအနေတော်တော်ဆိုးတယ်။ မနှစ်က စပွန်ဆာပေးတဲ့ လုပ်ငန်းတွေကို ဆက်သွယ်ကြည့်တော့ ဒီနှစ် အလုပ်အကိုင်မကောင်းလို့ ကြော်ငြာလျှော့ထားလို့ပါ ဆိုပြီး မရဘူး။ မဏ္ဍပ်ကလည်း အနည်းဆုံး ငွေကျပ် သိန်း ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ကုန်တာဆိုတော့ စပွန်ဆာမှ မရရင် ကျနော်တို့ မဆောက်နိုင်ဘူး။ အဲဒါကြောင့် စပေါ်ငွေ ၅ သိန်းပဲ အရှုံးခံလိုက်ရတော့တယ်” ဟု သူက ပြောသည်။

မန္တလေးသင်္ကြန်တိုင်းတွင် မဏ္ဍပ်ဆောက်လေ့ရှိသော Alpine သောက်ရေသန့်မှ ယခုနှစ်အတွင်း စီးပွားရေး လုပ်ငန်း အခြေအနေကြောင့် ရေကစား မဏ္ဍပ်ဆောက်ခြင်း၊ စပွန်ဆာပေးခြင်း ကို ရပ်နားထားကြောင်း အဆိုပါ သောက်ရေသန့်လုပ်ငန်းမှ မန်နေဂျာတဦးကပြောဆိုသည်။

နှစ်စဉ်ရေကစားမဏ္ဍပ် အများဆုံးဆောက်လုပ်သော ကျုံးဘေး ပတ်ပတ်လည်တွင်လည်း ကျုံးအရှေ့ဘက်နှင့် ကျုံးတောင်ဘက်တွင်သာ မဏ္ဍပ်များရှိနေပြီး ကျုံးမြောက်ဘက်နှင့် ကျုံးအနောက်ဘက်တို့တွင်မူ မဏ္ဍပ် ဆောက်မည့်သူ မရှိသေးကြောင်း စည်ပင်သာယာရေးကော်မတီမှ စုံစမ်းသိရှိရသည်။

ထို့ပြင် မန္တလေးကန်တော်ကြီးတွင်လည်း ယခင်နှစ်က မဏ္ဍပ်ပေါင်း ၁၀ ခု ရှိခဲ့ပြီး ယခုနှစ်တွင် တခုမှ ဆောက်မည့်သူ မရှိသေးကြောင်း သိရှိရသည်။

ယခုနှစ် သင်္ကြန်မှာ မန္တလေး နှစ် ၁၅၀ ပြည့် သင်္ကြန်ဖြစ်သည့်အတွက် မန္တလေးသင်္ကြန် ထူးထူးခြားခြား စည်ကားမည် ဖြစ်ပြီး မဏ္ဍပ် အရေအတွက်လည်း များလိမ့်မည်ဟု မြို့ခံများက မျှော်လင့်ထားကြသော်လည်း ယခုအခါ မန္တလေးမြို့တွင် ယခင်နှစ်များကထက် လျှပ်စစ်မီးပျက်ခြင်းမှာ ပိုဆိုး လာပြီး ၂ ရက်ခြား တခါ ၃ ရက်ခြားတခါသာ မီးလာသည့်အတွက် ရေရရှိမှုမှာ ခက်ခဲလျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းအများစုမှာလည်း ကျဆင်းလျက်ရှိသောကြောင့် ရေကစားမဏ္ဍပ်အရေအတွက်မှာ ယခင်နှစ်များထက် လျော့နည်းခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။

မဏ္ဍပ်အရေအတွက် လျော့နည်းလျက်ရှိသောကြောင့် ရေကစားလက်မှတ်ဈေးနှုန်းများမှာ မြင့်တက်လျက် ရှိသည်ဟု သိရှိရသည်။

“မနှစ်က ၁ စောင် ၁ ရက်ကို ကျပ် ၁ သောင်း၊ ၄ ရက်လုံးကစားရင် ၄ သောင်းပေါ့၊ ဒီနှစ်ကတော့ ၁ စောင် ၁ရက်ကို ကျပ် ၁ သောင်းခွဲ ၄ ရက်လုံးကစားရင် ၅ သောင်း၊ ဒါတောင် အခု လက်မှတ်ကုန်နေပြီလို့ ကြားတယ်” ဟု ရေကစားမည့် မန္တလေးသူ တဦးက ဆိုသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=939:2009-04-09-12-36-03&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */