ဒေါ်စု လွှတ်ပေးရေး အယူခံ ထပ်မံတောင်းဆိုမည်

Thursday, April 09, 2009 ·

သန်းထိုက်ဦး | စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားသော ဒေါ်အောင်ဆန်း စုကြည်၏ အယူခံလွှာ တင်ထားခြင်းနှင့် ပတ်သက်ပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ထံသို့ ထပ်မံတောင်းဆိုမည် ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။


ဦးကြည်ဝင်း (ဓာတ်ပုံ - မိုးမခ)
အဆိုပါ အယူခံလွှာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်အား တွေ့ဆုံခွင့်ရရန် တောင်းဆိုသည့် စာတစောင်ကို ဗိုလ်ချုပ်ကြီး သိန်းစိန်ထံသို့ မနက်ဖြန်တွင် ပေးပို့တောင်းဆိုမည် ဖြစ်ကြောင်း ဦးကြည်ဝင်းက ဆိုသည်။

“ဟိုတုန်းကလည်း ကျနော် တို့တောင်းဆိုတာက ( ၁ ) အချက်က ကျနော်တို့ အယူခံ တင်ပြီးပြီ ဆိုတဲ့ အကြောင်း သတင်းပို့ဖို့၊ နံပါတ် ( ၂ ) က အဲဒီသတင်း ပို့ပြီးတဲ့အပြင် အယူခံကို အယူခံအဖွဲ့က ကြားနာခြင်း မပြုမီမှာ ကျနော်တို့ ဒေါ်အောင်ဆန်း စုကြည်ဆီက နေပြီးတော့ ညွန်ကြားချက်များ ယူရန်ဆိုပြီးတော့ တွေ့ဖိုရာ အဲဒီအကြောင်း( ၂ ) ချက် ပေါ့”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ဦးကြည်ဝင်းက ဆက်လက်ပြီး“ရက်က သိပ်မကျန်တော့ဘူး၊ ဘယ်လို မကျန်တော့လဲဆိုတော့ သူ့ရဲ့အမိန့်က လာ မယ့် မေလ ၂၇ ရက်နေ့မှာ ကုန်မယ်ဆိုတော့ ၄၈ ရက်ပဲ ကျန်တော့တယ်။ ၄၈ ရက်ပဲကျန်တော့ရင် အချိန်က ဒီလို ဒီလိုသွားရင်းနဲ့ အယူခံကို မကိုင်ရင် အယူခံကို ငြင်းပယ်တဲ့ သဘော သက်ရောက်သွားနိုင်တယ်”ဟု ဆိုသည်။

၎င်းအယူခံလွှာနှင့် ပတ်သက်သည့် တောင်းဆိုစာကို လွန်ခဲ့သည့် မတ်လ( ၁၃ )ရက်နေ့က ဗိုလ်ချုပ်ကြီးသိန်းစိန် ထံ ပထမအကြိမ် ပေးပို့ခဲ့ပြီး ယခု ဒုတိယ အကြိမ် ထပ်မံပေးပို့ ခြင်း ဖြစ်သည်။

ထိုသို့ ပထမအကြိမ် ပေးပို့သည့် အချိန်တွင် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် စင်္ကာပူ နိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံသို့ သွား ရောက်ခဲ့ပြီး ၂ နိုင်ငံ အရေးကိစ္စများကို သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုနှင့် ဆွေးနွေးမှုများပြုလုပ်နေ သော ရက်များနှင့် တိုက်ဆိုင်ခဲ့သည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နှင့်ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်း ခဲ့ခြင်းဖြစ်သည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်း အတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များ ပါဝင်သည်။

ယခုလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက သွားရောက် တွေ့ဆုံခဲ့ပြီး ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်းလျက်ရှိကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=936:2009-04-09-11-59-20&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */