ရာဘာစိုက်ပျိုးရေးကြောင့် ဒေသခံများ ဒုက္ခရောက်

Thursday, April 09, 2009 ·

အေးလဲ့ | ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မဲခေါင်မြစ်ဘေး တလျှောက် တရုတ်ကုမ္ပဏီ တခုမှ ရာဘာစိုက်ပျိုးရေး စီမံကိန်းကြောင့် ဒေသခံများ၏ ဘိုးဘွားပိုင် လယ်ယာမြေများ ဆုံးရှုံးကာ အလုပ်အကိုင် များလည်း အခက်အခဲဖြစ် နေကြောင်း လားဟူ အမျိုးသားအဖွဲ့တဖွဲ့က ပြောဆိုလိုက်သည်။

လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့၏ ဒါရိုက်တာ ဦးဂျာဖက်ဂျာတူက“တာချီလိတ် အရှေ့ပိုင်း မဲခေါင် မြစ်ဘေး တလျှောက်ရှိတဲ့ ရွာ ၁၇ ရွာမှာ အကွက်တွေယူလိုက်တယ်၊ ရွာသားတွေက ဘိုးဘွားပိုင် လယ်မြေ တွေလည်း ပါသွားတယ်၊ ဒီရွာတွေထဲမှာမှ ဖသျှီ၊ ဟိုန၊ ဂျီမိုင် အခါရွာ ၃ရွာက ရွာသားတွေက ဘာမှလုပ်စား လို့မရတော့တဲ့အတွက် အနီးအနားမှာရှိတဲ့ ရှမ်းရွာကို ပြောင်းရွှေ့နေရတယ်၊ လူဦးရေ တထောင်နီးပါး ပြောင်း ရွှေ့ခံရတယ်”ဟု ပြောသည်။

မဲခေါင်မြစ် တလျှောက် အခြေအနေတိုးတက်မှုများကို လေ့လာစောင့်ကြည့်နေသည့် အဖွဲ့မှ တိုင်းရင်းသား သုတေသီများပြုစုထားသော ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ယင်းရာဘာစိုက်ပျိုးရေးကို တရုတ်နိုင်ငံ တွင်း ရာဘာလိုအပ်မှုကြောင့် မြန်မာစစ်တပ်၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့ တို့မှ အလျင်အမြန် အပြိုင်အဆိုင် စိုက်ပျိုးနေကြောင်း ဖော်ပြထားသည်။

“ဘိန်း ပပျောက်ရေး” ဟူသော ခေါင်းစဉ်ဖြင့် တာချီလိတ်မြို့နယ်တွင်း ဧက ၅၀၀၀ စိုက်ပျိုးရေး စီမံကိန်း ကို တရုတ် ယူနန် ဟွန်ယူ(Hong Yu) ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရထားသည်ဟု ယင်းအစီရင်ခံစာတွင် ပါဝင်ရေးသား သူ လည်း ဖြစ်သည့် ဦးဂျာဖက်ဂျာတူ ကပြောသည်။

ဦးဂျာဖက်ဂျာတူ“တရုတ် ယူနန် ဟွန်ယူ(Hong Yu) ကုမ္ပဏီက ရာဘာစိုက်ခင်း အတွက် တောင်ပိုင်း ဝေရှောက်ခမ်း နယ်မြေမှာ ဧက ၅၀၀၀၊ တာချီလိတ်မြို့နယ်မှာ ဧက ၅၀၀၀ ဒီဒေသနှစ်ခုမှာ လိုင်စင် ရထားတယ်”ဟုပြောသည်။

ယင်း ဒေသခံတိုင်းရင်းသားများမှာ ရှမ်းအများစုဖြစ်ပြီး အခါ၊ လားဟူ၊ ပလောင် စသည့် တိုင်းရင်းသားများ နေထိုင်ကြကာ ဘိုးဘွားစဉ်လာ အသက်မွေးဝမ်းကြောင်းအဖြစ် တောင်ယာ၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးကြကြောင်း သိရသည်။

ဒေသခံ တိုင်းရင်းသားများကို သစ်ခုတ်ခွင့်၊ တောင်ယာ လုပ်စားခွင့် မပြုဘဲ ထိုရာဘာစီမံကိန်း လုပ်ငန်းများ တွင်သာ လုပ်ကိုင်ခွင့်ပြုထားသော်လည်း ဒေသခံများမှာ ထိုအလုပ်အကိုင်နှင့် ရင်းနှီးမှုမရှိ သဖြင့် အခက်အခဲ ဖြစ်နေကြသည် ဟုလည်း ဦးဂျာဖက်ဂျာတ က ဆိုသည်။

တချိန်တည်းတွင် မဲခေါင်မြစ်ရိုးရှိ ကုန်သွယ်ရေး ကြားခံနေရာတခုဖြစ်သော ကန်လပ်(Keng Larb) မှ တဆင့် တရားမ၀င် တောရိုင်းတိရစ္ဆာန် ကူးသန်းရောင်းဝယ်မှုမှာလည်း တစနှင့်တစတိုးလာနေသည်ဟုလည်း ယင်း အစီရင်ခံစာက ဆိုသည်။

ထိုအစီရင်ခံစာမှ မုဆိုးတဦးနှင့် တွေ့ဆုံမေးမြန်းချက်အရ ကျားတကောင် အရိုးနှင့် အရေခွံကို အမေရိကန် ဒေါ်လာ ၂၀၀၀၀ အထိ ဈေးပေါက်သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။ ယင်း တောရိုင်း တိရစ္ဆာန်များ ကို တရုတ်အဝယ်တော်များက ဒေသခံများထံမှ ဝယ်ယူကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဦးဂျာဖက်ဂျာတူက“တိရစ္ဆာန်ဆိုရင် ရှမ်းပြည်အရှေ့ပိုင်း တောင်ပေါ်ဒေသတလျောက်မှာ တရုတ်အဝယ် တော် တွေ ရှိတယ်၊ ဒီအဝယ်တော်တွေက ရွာသားတွေဆီကနေ ဈေးပေါပေါနဲ့ အကုန်ဝယ်တယ်ဗျာ လိပ်တွေ ဖျံတွေက အစပေါ့” ဟုလည်း ပြောသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=937:2009-04-09-12-17-54&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */