NEJ | ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းတွင် ယခုလဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွား နေသည့် တိုက်ပွဲ မပြီးဆုံးသေးသော်လည်း ဒီကေဘီအေဘက်မှ ကေအန်ယူနှင့် အပစ်အခတ် ရပ်စဲလိုက်သည်ဟု မီဒီယာအချို့တွင် ၀ါဒဖြန့်ပြောဆိုမှုများသည် လိမ်လည်မှုသာဖြစ်သည်ဟု ကေအန်အယ်လ်အေက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း (၂၀၁) ၏ ဒု-ရင်းမှူး ဗိုလ်ကြီး ဘူးဖောက “ဒီကိစ္စမဟုတ်ဘူး။ ဒီကေဘီအေကလိမ်တာ သူတို့နဲ့ကျနော်တို့ ဘာသဘောတူညီချက်မှ မရှိဘူး။ မနေ့ညကလည်း ကျနော်တို့လူတွေကို အဝေးကနေ ပွိုင့် (၅) စက်သေနတ်နဲ့ အချက်ပေါင်းမနည်းဘူးပစ်တာ။ ကျနော်တို့ကို အဓိက လာတိုက်တာ ဒီကေဘီအေ (၉၀၇) နဲ့ နအဖ တပ်တွေဖြစ်တယ်။ အခု ကျနော်တို့ကို သူတို့ဆက်မတိုက်တာ သူတို့ဘက်က ထိခိုက် အကျအဆုံးများလို့ဖြစ်တယ်။ သူတို့ဘာသာသူတို့ အပစ်ရပ်တာ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ သူတို့ထပ်လာရင်တော့ ခုခံ တိုက်ခိုက်ရမှာပဲ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယခုဖြစ်ပွားနေသည့်တိုက်ပွဲကို ဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေ ဘီအေ) ဘက်မှ ဗျူဟာမှူးအဆင့်ရှိသူ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ခေါ်) စောလားပွယ်သည် ကေအန် အယ်လ်အေ တပ်ရင်း (၂၀၁) ဘက်သို့ ကိုယ်စားလှယ်စေလွှတ်ကာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးလိုကြောင်း ဆက်သွယ်လာသော်လည်း ကေအန်အယ်လ်အေဘက်မှ ၎င်းအဆိုကို ပယ်ချခဲ့သည်ဟု စောဘူးဖောက ပြောသည်။
၎င်းဒေသအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) မှ ဗိုလ်မှူးကြီးတဦးက “ဘယ်လိုမှ အဆက်အစပ်မရှိတဲ့ ဒီလို ကလေးကလားဆန်ဆန် ပြောတာတွေကို လက်မခံဘူး။ အရင်ကလည်း ဒီလိုပုံစံမျိုးနဲ့ ဆက်သွယ်လာဖူးတယ်။ ဒီကေဘီအေက သူတို့အထိနာပြီဆိုရင် ဆက်သွယ်တယ်၊ သာပြီးဆိုရင် ပြန်လာချတယ်။ ဒီကေဘီအေဆိုတာက သူတို့ကိုယ်သူတို့ ပိုင်တာမဟုတ်ဘူး။ သူများနှာခေါင်းနဲ့ အသက်ရှူနေရတဲ့လူတွေ။ ဒါကြောင့် လက်မခံတာပါ” ဟု ပြောသည်။
မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့် အကွာတွင်တည်ရှိသည့် ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို ယခုလဆန်း (၄) ရက်နေ့မှ စတင်ကာ ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် နအဖ လက်နက်ကြီး အကူပစ်တပ်ဖွဲ့ဝင်များ ခြံရံကာ ထိုးစစ်ဆင်ခဲ့သော်လည်း ယနေ့ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
ယခုတိုက်ပွဲဖြစ်ပွားရာ မြန်မာဘက်ခြမ်း ဝေါလေရွာသည် ကော့ကရိတ်မြို့နယ်အတွင်းတည်ရှိပြီး ဒီကေဘီအေ တပ်ရင်း (၉၀၇၊ ၉၀၆၊ ၉၀၁) တို့ အခြေစိုက်ပြီး ဗျူဟာမှူးမှာ စောလားပွယ် ခေါ် နှုတ်ခမ်းမွေးဖြစ်သည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲကာလအတွင်း ဒီကေဘီအေဘက်မှ တပ်ဖွဲ့ဝင် (၁၀) ဦးကျဆုံးပြီး (၄၀) ခန့် ဒဏ်ရာ ရရှိသည်ဟု ကေအန်အယ်လ်အေက ပြောကြားသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပေ။
ယခုတိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ဒီကေဘီအေဘက်မှ ဗျူဟာမှူးအဆင့်ရှိသူ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ခေါ်) စောလားပွယ်နှင့် တပ်ရင်း (၉၀၇) တပ်ရင်းမှူး ဗိုလ်ဉာဏ်မင်းတို့ကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းများ ပိတ်ထားသဖြင့် ဆက်သွယ်၍မရပေ။
ဝေါလေအခြေစိုက် ဒီကေဘီအေဒေသကို ၎င်းတို့က ကလို့ထူးဘောဒေသဟုခေါ်သော်လည်း ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဘက်ကမူ တပ်မဟာ (၆) ဒေသ ဒူးပလာယာ ခရိုင်ဟုခေါ်သည်။ ဒီကေဘီအေ တပ်ရင်း (၉၀၇) တပ်ရင်းမှူးမှာ ဗိုလ်ဉာဏ်မင်း၊ တပ်ရင်း (၉၀၆) တပ်ရင်းမှူးမှာ ဗိုလ်မောသို၊ တပ်ရင်း (၉၀၁) တပ်ရင်းမှူးမှာ စောဘလူးဖြစ်ပြီး ၎င်းတို့ဖွဲ့စည်းပုံအရ သုံးရင်းတဗျူဟာဖြစ်ပြီး ဗျူဟာမှူးမှာ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ခေါ်) စောလားပွယ် ဖြစ်သည်။
source by : http://www.khitpyaing.org/news/April_09/21-4-09d.php
ဒီကေဘီအေနှင့် ကေအန်ယူ အပစ်အခတ် မရပ်စဲသေး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment