စီအာပီပီ၊ တိုင်းရင်းသား ပါတီများနှင့် အန်အယ်လ်ဒီ အကြို ညှိနှိုင်း

Tuesday, April 21, 2009 ·

မင်းနိုင်သူ | လာမည့် (၂၈-၂၉) ရက်တို့တွင် ကျင်းပမည့် အန်အယ်လ်ဒီ အထူးအစည်းအဝေးတွင် စာတမ်း သုံးစောင် တင်သွင်း သွားမည် ဖြစ်ကာ အဆိုပါ စာတမ်းသုံးစောင်နှင့် အစည်းအဝေး ကျင်းပမည့် အကြောင်း များကို အန်အယ်လ်ဒီ ပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) အပါအ၀င် တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်များနှင့် အကြို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း စီအာပီပီအထွေထွေအတွင်းရေးမှူး ဦးအေးသာအောင် က ပြောသည်။

“စာတမ်းသုံးစောင်တင်သွင်း ဆွေးနွေးသွားကြမယ်လို့ သိရတယ်။ အဲဒီစာတမ်းသုံးစောင်က (၁) ၂၀၀၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲအကြောင်း၊ နံပါတ် (၂) က ပါတီရဲ့ လက်ရှိနိုင်ငံရေးပြဿနာနဲ့ စည်းရုံးရေး၊ (၃) ကတော့ ပါတီရဲ့ အနာဂတ် ရပ်တည်ရေး၊ အဲဒါတွေကို တင်ပြဆွေးနွေးသွားကြမယ်ဆိုတာကို ပြောပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

အန်အယ်လ်ဒီပါတီ၊ စီအာပီပီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အကြိုညှိနှိုင်းဆွေးနွေးမှုကို ယခုလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ ကျန်းမာရေးကြောင့် အနားယူထားရသည့် အန်အယ်လ်ဒီပါတီ ဗဟို အလုပ်အမှုဆောင် အချို့မှလွဲ၍ အားလုံးစုံစုံညီညီ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးအေးသာအောင်က “အန်ကယ်လ်တို့ စီအာပီပီနဲ့ တိုင်းရင်းသားပါတီတွေဘက်က ပြန်ဆွေးနွေးဖြစ်ခဲ့တာက အခုလို ခေါ်ပြီး စည်းဝေးတာကောင်းတယ်။ အရင့်အရင်ကတည်းကလည်း စုံညီအစည်းအဝေးတွေ လုပ်သင့်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပါတီမှာ စည်းရုံးရေး၊ ညီညွတ်ရေး အားကောင်းလာမယ့်အကြောင်း၊ ရှေ့မှာဆို ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ရင်ဆိုင်ရမယ့် အခြေအနေတွေရှိလာပြီလေ။ အဲလို ကာလမျိုးမှာ အားလုံးဆွေးနွေးပြီးတော့ ရင်ဆိုင်တာ ကောင်းတဲ့ အကြောင်း အကြံပြုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ကတော့ အရင်အတိုင်းပဲ လက်မခံနိုင်တဲ့အကြောင်း ပြောခဲ့ ကြတယ်” ဟု ဆိုသည်။

မွန်တိုင်းရင်းသား နိုင်ငွေသိမ်းကလည်း တိုင်းရင်းသားပါတီများမှ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များကို ပြတ်ပြတ် သားသား တင်ပြထားတာ ရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးစု အခွင့်အရေးများ လျော့နည်းနေသဖြင့် လက်မခံနိုင်ကြောင်းနှင့် ရွေးကောက်ပွဲဝင်မည်မဟုတ်ကြောင်းတို့ကို ထုတ်ပြန်ထားပြီးဖြစ် ကြောင်း၊ အန်အယ်လ်ဒီဘက်က စီအာပီပီ၊ တိုင်းရင်းသားပါတီများနှင့် အကြိုညှိနှိုင်းမှုများ ရှိခဲ့သော်လည်း အထူးအစည်းအဝေးအတွက်မူ တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်များကို ဖိတ်ကြား ထားခြင်း မရှိကြောင်း ပြောသည်။

မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ် ပါတီဝင်တဦးကမူ “အစည်းအဝေးတက်ရောက်ဖို့ စာမှာရေးထားတဲ့ လူငယ် ဖော်ဆောင်ရေး ဆိုတာက တိုင်းမှာမရှိဘူး။ တိုင်းမှာက လူငယ်အကူအညီပေးရေးပဲရှိတယ်။ ဗဟိုအဖွဲ့ချုပ်ရုံးမှာပဲ လူငယ် ဖော်ဆောင်ရေး အဖွဲ့ရှိတယ်။ ဒီကနေ လူငယ်ဖော်ဆောင်ရေးအဖွဲ့ထဲမှာ ပါထားတဲ့သူတွေတော့ သွားမယ်။ ဘယ်သူတွေ သွားမယ်၊ ဘာတွေဆွေးနွေးဖြစ်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ပြောသည်။

အဆိုပါ အထူးအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အန်အယ်လ်ဒီ ရွေးကောက်ခံ လွှတ်တော် ကိုယ်စား လှယ်များ၊ လူငယ်ဖော်ဆောင်ရေးတာဝန်ခံများ ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ရာ ပါတီသက်တမ်း အနှစ်နှစ်ဆယ် ကျော်အတွင်း တတိယအကြိမ်မြောက် အကျယ်ပြန့်ဆုံး အစည်းအဝေးဖြစ်မည်ဟု မျှော်လင့် ကြသည်။

၁၉၉၀ ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများ၊ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်များ စည်းဝေးနိုင်ခဲ့ ခြင်း၊ ၁၉၉၇ ခုနှစ်တွင် တိုင်းနှင့်ပြည်နယ်များမှ ခေါင်းဆောင်အဆင့်ဆင့်တို့ ပါဝင်သော အစည်းအဝေး ပြုလုပ်နိုင် ခြင်းတို့ နောက်တွင် အန်အယ်လ်ဒီပါတီအနေဖြင့် အထူးအစည်းအဝေးများ ပြုလုပ်နိုင်ခြင်းမရှိပေ။

၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း နောက်ပိုင်းတွင်လည်း အန်အယ်လ်ဒီပါတီ နယ်ရုံးခွဲများကို နအဖစစ်အစိုးရက အကြောင်းပြချက်မရှိဘဲ ပိတ်ခိုင်းခဲ့ရာ ယခုအချိန်ထိဖြစ်သည်။

source by : http://www.khitpyaing.org/news/April_09/21-4-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */