အောက်ခြေအဆင့်ဝန်ထမ်းများအား ရှားပါးစရိတ်ပေးမည်

Tuesday, April 21, 2009 ·

NEJ | ၂၀၀၉ -၂၀၁၀ ခုနှစ် ဘဏ္ဍာရေးနှစ်အစမှ စ၍ အောက်ခြေအဆင့် ၀န်ထမ်းတဦးလျှင် (၂၀,၀၀၀) ကျပ် တိုးမြှင့် ပေးသွား တော့မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ မြန်မာ့စီးပွားရေးဘဏ် အရာရှိတဦးက ပြောသည်။

“ဘဏ်တွေကိုတော့ အကြောင်းကြားစာတွေ ၀င်လာပါပြီ။ ဒီလကုန်ရင် စပေးတော့မှာပါ ” ဟု အဆိုပါ အရာရှိ ကပြော သည်။

ယင်းအစီအစဉ်ကို ယခုဧပြီလကုန် လစာထုတ်ရက်မှစ၍ ပေးသွားမည်ဟု သိရသည်။

“ရှားပါးစရိတ်လိုမျိုး ပေးမယ်လို့ ပြောပါတယ်။ ကျနော်တို့ကတော့ ကုန်ဈေးနှုန်းတွေ တက်လာမှာကိုသာ ကြောက်ပါတယ်။ ငွေနှစ်သောင်းဆိုတာတော့ အမှန်အတိုင်းပြောရရင် များတယ်လို့တော့ ပြောလို့ မရပါဘူးဗျာ။ ဒါပေမယ့် ၀န်ထမ်းတွေကို ငွေတိုးတယ်ဟေ့ ဆိုတာနဲ့  ကုန်ဈေးနှုန်းက သိတယ်မဟုတ်လား” ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိတဦးက ပြောသည်။

လစာအနေဖြင့် တိုးမြှင့်ပေးခြင်းမဟုတ်ဘဲ ၀န်ထမ်း ရှားပါးစရိတ်ပေးခြင်းမျိုးဖြင့် ပေးသည်ဟု အသုံးပြုထားခြင်း မှာ အစိုးရ အနေဖြင့် အဆိုပါသတင်းကို အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း ပြုလုပ်မည်မဟုတ်ကြောင်း အဆင့်မြင့် ပညာရေး ဦးစီးဌာန အရာရှိ တဦးက ပြောသည်။

source by : http://www.khitpyaing.org/news/April_09/21-4-09e.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */