VOA | ဆိုမာလီယာ နိုင်ငံ ကမ်းလွန် ပင်လယ်ပြင်တွင်း ပြန်ပေး ဆွဲခံထားရတဲ့ အမေရိကန် သင်္ဘောကို သင်္ဘောသားတွေက ပြန်လည် ထိန်းထားနိုင်ပြီ၊ ဒါပေမဲ့ သင်္ဘောရဲ့ ကပ္ပတိန်ကိုတော့ ပင်လယ် ဓားမြတွေက ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ Maersk လိုင်း သင်္ဘော ကုမ္ပဏီက ဆိုပါတယ်။ အခြေအနေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ အမေရိကန် စစ်ဘက်နဲ့ရော တခြား အစိုးရ အေဂျင်စီ များနဲ့ပါ အနီးကပ်ညှိနှိုင်းနေတယ်၊ သင်္ဘောပေါ်မှာ အားလုံး ဘေးကင်းကြပြီး ထိခိုက် ဒဏ်ရာရသူ မရှိဘူးလို့ သတင်းရကြောင်းလဲ သင်္ဘောကုမ္ပဏီက ကြေညာပါတယ်။
ကုန်တန်ချိန် ၁၇၀၀၀ တင်နိုင်တဲ့ Maersk Alabama ကုန်တင် သင်္ဘောကြီး ဆိုမာလီယာ နိုင်ငံမြောက်ပိုင်း ပို့လန် (Puntland ) ဒေသ အဲလ်မြို့ (Eyl) အရှေ့ဘက် ကီလို ၄၅၀ အကွာမှာ ပြန်ပေးဆွဲ ခံလိုက်ရတာပါ။
အမေရိကန် နိုင်ငံသား သင်္ဘောသား ၂၀က အင်္ဂါနေ့မှာတင်ပဲ သင်္ဘောကြီးကို ပြန်လည် ထိန်းချုပ် ထားနိုင် ခဲ့ပါတယ်။ ပင်လယ်ဓားမြတွေက သင်္ဘော ကပ္ပတိန်ကို ဖမ်းဆီးသွားလို့ သူ ပြန်လွှတ်ရေး အတွက် သင်္ဘောသားများ က ဖမ်းထားတဲ့ ပင်လယ် ဓားမြ တဦးကို အလဲအလှယ် လုပ်ပြီး သူတို့ရဲ့ ကပ္ပတိန် လွှတ်ရေး အတွက် စေ့စပ်ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ဒုအရာရှိ ကန် ကန်း (Ken Quinn) CNN ရုပ်သံလွှင့်ကို ပြောဆို ပါတယ်။ အမေရိကန် ရေတပ်တိုက် သင်္ဘောကြီး Bainbridge ကို အဲဒီ ဒေသကို စေလွှတ်လိုက်ပြီလို့ Pentagon အမေရိကန် ကာကွယ်ရေး ဌာနက ကြေညာပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က အဲဒီလို ပြန်ပေးဆွဲ ခံရတဲ့အတွက် အမေရိကန် နိုင်ငံက အကြီးအကျယ် စိုးရိမ်မိကြောင်း၊ အနီးကပ် စောင့်ကြည့် နေကြောင်း၊ ပင်လယ် ဓားမြတွေရဲ့ ပြန်ပေးဆွဲမှု ကြီးထွားလာတာ အဆုံးသပ်သွားရေး တကမ္ဘာလုံးက ၀ိုင်းဝန်း ဆောင်ရွက်သင့်ကြောင်း ပြောဆိုသွားပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ အေမီ မိုလာမက်စ် A.P. Moller-Maersk က အဲဒီ သဘောင်္ကို အမေရိကန် ကုမ္ပဏီ ဖြစ်တဲ့ Maersk လိုင်းက ပိုင်ပြီးတော့ ပြေးဆွဲ နေတာ ဖြစ်ပါတယ်။
အသံဖိုင်
အမေရိကန်သင်္ဘော ပင်လယ်ဓါးမြ လက်က ပြန်ရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment