ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးနေသည်ဟု နာမည်ထွက်နေသော ဝ’ ပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ နှင့် လက်တွဲခြင်းကြောင့် နိုင်ငံရေး သိက္ခာကို ထိခိုက် နိုင်မည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုက ယနေ့ပြောသည်။
ဝ’ ပြည်နယ် သွေးစည်း ညီညွတ်ရေးပါတီ - ဝသပ (UWSP) ဖွဲ့စည်း တည်ထောင်ခြင်း အနှစ် ၂ဝ ပြည့် အထိမ်းအမှတ် ပွဲသို့ ပေးပို့သော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု - အန်ဒီအက် ၏ သဝဏ်လွှာ၌ “အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောင်နိုင်သည် အထိ အန်ဒီအက်နှင့်အတူ ဝသပမှ ဦးဆောင် ပါဝင်ရန်” ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
“ဝလက်နက်ကိုင် တပ်ဖွဲ့က သူ့အနေနဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါး ပြဿနာရှိတာကတော့ တကဏ္ဍပေါ့လေ။ ဒါပေမဲ့ အခု ၂၀၀၈ ဆိုရင် ဝ’ နယ်ထဲမှာ မူးယစ်ဆေးဝါး မရှိတော့ဘူးဆိုပြီး သူတို့ ကြေညာလို့ ရပြီ။ အခု လှုပ်ရှား နေတာက ဝ’ အမျိုးသား အတွက် တကယ် ခိုင်ခိုင်မာမာ ရပ်တည်လှုပ်ရှားနေတာကို ကြည့်ရင် အန်ဒီအက် အနေနဲ့ လက်တွဲပြီးတော့ လုပ်နိုင်တယ်။ UWSP ကလည်း ဝ’ အမျိုးသားကို ကိုယ်စားပြုပြီး အလုပ်လုပ်တဲ့ အဖွဲ့ အစည်းတခု ဖြစ်တယ်ဆိုပြီး အန်ဒီအက်က သုံးသပ် ထားတယ်” ဟု အန်ဒီအက် အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က မဇ္ဈိမကို ပြောသည်။
အန်ဒီအက် သဝဏ်လွှာကို ‘ဝသပ’ နိုင်ငံခြားရေးဌာနသို့ ယခုလ ၁၅ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သော်လည်း လက်တွဲရန် ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍မူ တစုံတရာ အကြောင်းပြန်ကြားချက် မရရှိသေးကြောင်းနှင့် ‘ဝသပ’ အနေဖြင့် အန်ဒီအက်နှင့် ပူးပေါင်းပြီး နအဖကို တော်လှန်တိုက်ခိုက်မည်ဆိုပါက တံခါးဖွင့်ထားကြောင်း အန်ဒီအက်က ဆိုသည်။
“သဝဏ်လွှာထဲမှာပါတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ အကြောင်းမပြန်သေးပါဘူး။ သဝဏ်လွှာကို လက်ခံ ရရှိကြောင်းကိုတော့ အကြောင်းပြန်တယ်။ သူတို့ရဲ့ ခေါင်းဆောင်ကြားထဲမှာ တင်ပြပေးမယ် ဆိုပြီးတော့ သူတို့ နိုင်ငံခြားရေး ဌာနက အကြောင်းပြန်တယ်။ ဝသပ မှာလည်း ဖိအားတွေ အမျိုးမျိုးရှိတော့ နအဖ ကို ပြတ်ပြတ် သားသား ဆန့်ကျင် တိုက်ခိုက်မယ်ဆိုရင် ကျနော်တို့နဲ့အတူ ပူးပေါင်းပြီး တော်လှန်တိုက်ခိုက်ဖို့။ တံခါးဖွင့်ထားတဲ့ သဘောဖြစ်ပါတယ်” ဟု အန်ဒီအက် အထွေထွေအတွင်းရေးမှူးက ပြောသည်။
‘ဝသပ’ ဥက္ကဋ္ဌ ပေါက်ယူချန်းကမူ နအဖ စစ်အစိုးရနှင့် မတူညီချက်များကို ညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းသွားမည် ဖြစ်ပြီး တိုးတက်သည့် ဒေသကြီးတခု ဖြစ်လာစေရန် ငြိမ်းချမ်းသောနည်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ယခုလ ၁၇ ရက် နေ့တွင် ကျင်းပသည့် ပါတီဖွဲ့စည်းခြင်း အနှစ် ၂ဝ ပြည့်ပွဲတွင် ပြောကြားသွားခဲ့သည်။
သို့သော် နအဖနှင့် ‘ဝသပ’ အကြား တဖက်နှင့်တဖက် အယုံအကြည်မရှိကြဘဲ စစ်ရေးပြင်ဆင်မှုများ ရှိနေပြီး တိုက်ပွဲများ ပြန်ဖြစ်ပါက ‘ဝသပ’ အနေဖြင့် အဆင်သင့်ရှိကြောင်း မိုင်ဘုန်းကျော်က ပြောသည်။
“ဥက္ကဋ္ဌကြီး ပေါက်ယူချန်း ပြောတာကတော့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းမယ်။ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ အခက်အခဲတွေ အများကြီး ရှိတယ်။ ဥပမာ - နအဖ အနေနဲ့လည်း ဝ’ ကို အယုံအကြည်မရှိဘဲ စစ်ရေး ပြင်ဆင် နေတာ။ ဝ’ ဘက်ကလည်း စစ်ရေးပြင်ဆင်နေတာ ရှိတယ် ဆိုတဲ့ဟာတွေ ကျနော်တို့ သတင်းအတိအကျတွေ ရှိတယ်။ မလွဲသာတဲ့အဆုံး လက်နက်ကိုင် တော်လှန်ရေး လုပ်ရမယ် ဆိုလည်း ဝသပ ဘက်ကလည်း အဆင်သင့် ပြင်ဆင်ထားတဲ့ သဘောရှိပါတယ်” ဟု သူက ပြောသည်။
အန်ဒီအက်၏ သဝဏ်လွှာထဲတွင် ယခုနှစ်ဆန်းပိုင်း၌ ‘ဝသပ’ အဖွဲ့က ဝ’ပြည်နယ်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာခဲ့မှုသည် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို ပယ်ချခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ပြခြင်းသာဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်ရန် မဟုတ်သဖြင့် ကြိုဆိုကြောင်း ဖော်ပြသည်။
‘ဝသပ’ အဖွဲ့နှင့် အန်ဒီအက် ကိုယ်စားလှယ်များအကြား တိုင်းရင်းသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လက်တွဲ ဆောင်ရွက်သွားရန် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ အတွင်းက ဝသပ ပန်ဆန်းဌာနချုပ်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
အန်ဒီအက်ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် အဖွဲ့ဝင်အချို့သည် နအဖနှင့် အပစ်အခတ် ရပ်စဲသွားသဖြင့် ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့်သာ ဆက်လက် လှုပ်ရှားနေသည်။
လက်ရှိအဖွဲ့ဝင်များမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ပအို့ဝ် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ PPLO ၊ ဝအမျိုးသားအဖွဲ့ WNO ၊ မွန်ပြည်သစ်ပါတီ NMSP တို့ ဖြစ်သည်။
source by : http://www.mizzimaburmese.com/news/inside-burma/2779-ndf-uwsp-.html
NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment