ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့်ရရန် ရှေ့နေ ဦးကြည်ဝင်း စာထပ်တင်

Sunday, April 12, 2009 ·

RFA | နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်ဆီကို တတိယအကြိမ်မြောက်စာကို ဧပြီလ ၁ဝ ရက်နေ့က ပေးပို့ခဲ့တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။ အခု ပေးပို့တဲ့စာမှာ တရားဥပဒေအရ ကြန့်ကြာမှုဖြစ်နေတဲ့ အချက်ကို ထောက်ပြသလို ဥပဒေကို ဥပေက္ခာပြုနေတာ ဖြစ်ကြောင်း၊ လူတဦးရဲ့ ရပိုင်ခွင့် ကိုလည်း ထိပါးနေတာဖြစ်ကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။


နအဖ စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ယမန်နှစ် အောက်တိုဘာ ၂၅ရက်နေ့က အစိုးရ ဧည့်ဂေဟာတွင် ပထမဆုံးအကြိမ် တွေ့ဆုံစဉ် အကျယ်ချုပ် ကျခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို တင်ပြခဲ့တာ အခုဆိုရင် ခြောက်လ ပြည့်ခဲ့ပြီဖြစ်ပြီး အာဏာပိုင် တွေထံက ဆက်လက် ဆောင်ရွက်နေပါတယ်ဆိုတဲ့ သတင်းစကားနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ရှေ့နေချုပ်နဲ့ လာတွေ့ဖို့ နေပြည်တော်ကို မိမိကို ခေါ်ခဲ့တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။ နေပြည်တော်ကိုရောက်မယ့် တရက်အလိုမှာမှ ခရီးစဉ်ကို ယာယီ ရွှေ့ဆိုင်းတဲ့အကြောင်း အာဏာပိုင်တွေက ပြန်ကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာဟာ နိုင်ငံတကာက ပြောဆိုနေသလို အာဏာပိုင်တွေအနေနဲ့ ကိုယ်ထုတ် ပြန်ထားတဲ့ ဥပဒေကို ကိုယ်တိုင် ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ထောက်ပြပါတယ်။

ဦးကြည်ဝင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

source by : http://www.rfa.org/burmese/news/third_appeal_letter_for_meeting_with_dassk_sent_by_her_lawyer-04112009130314.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */