မြန်မာ စိတ်ကြွဆေးပြားများ ဒါကာအထိ နေရာယူလာ

Monday, April 13, 2009 ·

ငြိမ်းချမ်း | ဒါကာ (မဇ္ဈိမ)။ ။မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် WY တံဆိပ်ပါ စိတ်ကြွဆေးပြား အလုံး ၃ဝဝ ခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဖမ်းဆီးရမိခဲ့သည်။

ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် Rapid Action Battalion (Rab) က ကောလိပ်ကျောင်းသား တဦးအပါအဝင် ရောင်းချနေသူ (၄) ဦးထံမှ စိတ်ကြွဆေးပြားများ ယခု (၁၁) ရက်နေ့က ဖမ်းဆီးရမိလိုက်ခြင်း ဖြစ်ကြောင်း The Daily Star သတင်းစာက ရေးသားထားသည်။

ဖမ်းဆီးရမိသူများမှာ မာဘူဘူး ဟာကွီ တီတူး (Mahbubul Haque Titu) ၃ဝ နှစ်၊ အာဘူ ဘာရှား မာနစ် (Abul bashar Manik) ၃၁ နှစ်၊ ပေါ်ပီ (Popy) ၃၂ နှစ် နှင့် ကောလိပ်ကျောင်းသား ကာရမ် အမက် ရာဇီ (Kamran Ahmed Rasib) ၂၁နှစ် တို့ဖြစ်ပြီး ဒါကာမြို. နေရာနှစ်ခုတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သတင်းစာတွင် ပါရှိသည်။

“စိတ်ကြွဆေးပြားများကို ဘင်္ဂလား-မြန်မာနယ်စပ် တက္ကနာမှ သွားရောက် ယူဆောင်လာပြီး ဒါကာတွင် ပြန်လည် ရောင်းချနေပါတယ်”ဟု ရဲစခန်းတွင် ထွက်ဆိုထားကြောင်း ဒါကာ ရဲစခန်းနှင့် နီးစပ်သူ တဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မြန်မာဘက်မှ ဝင်ရောက်လာနေသော WY စိတ်ကြွဆေးပြားများကို တက္ကနာ၊ ကော့စ်ဘာဇာနှင့် စစ်တကောင်းမြို.များတွင် မကြာခဏ ဆိုသလို ဖမ်းဆီးရမိနေသော်လည်း ဒါကာမြို့တွင် ဖမ်းဆီးရမိခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ကော့စ်ဘာဇာမြို့မှ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် တဦးက ပြောသည်။

မတ်လအတွင်းကလည်း ဘင်္ဂလား-မြန်မာနယ်စပ် တက္ကနာမြို့တွင် စိတ်ကြွဆေးပြား အလုံး (၁၅ဝဝ) ကို တက္ကနာမှ ကော့စ်ဘာဇာသို့ တင်ပို့ရန် ကြိုးစားနေသော အမျိုးသမီး (၂) ဦးကို ကားဂိတ်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိလိုက်သည်။

ယခုအခါ မြန်မာဘက်မှ လာသော စိတ်ကြွဆေးပြားများသည် ဘင်္ဂလား-မြန်မာနယ်စပ် မှောင်ခိုလမ်းကို အသုံးပြုကာ တက္ကနာ၊ ကော့စ်ဘာဇာ၊ စစ်တကောင်းမြို့များမှ တဆင့် ဒါကာမြို့ကို တင်ပို့နေကြောင်း တက္ကနာ ရဲစခန်းမှ ရဲတပ်သားတဦးက မဇ္ဈိမသို့ ပြောသည်။

WY စိတ်ကြွဆေး တလုံးကို မြန်မာဘက်ခြမ်း မောင်တောမြို.တွင် ၁ဝဝဝ မှ ၁၅ဝဝ ကျပ်အထိသာ ပေါက်ဈေးရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း တက္ကနာတွင် တာကာငွေ ၁၅ဝ မှ ၂ဝဝ အတွင်း ပေါက်ဈေးရှိပြီး ဒါကာသို့ ရောက်ရှိ သွားပါက တာကာငွေ ၃ဝဝ မှ ၄ဝဝ အထိ ပေါက်ဈေး ရှိနေသည်။

ထိုပြင် မြန်မာမှလာသော အရက်မျိုးစုံတို့သည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်အတွင်း လူကြိုက်များပြီး အရောင်း သွက်နေသည့် အတွက် မှောင်ခိုလမ်းမှ ဝင်ရောက်လာသော အရက်မျိုးစုံကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း ဖမ်းဆီးရမိမှုများလည်း ရှိနေသည်။

ပြီခဲ့သည့် လအတွင်းက မြန်မာနိုင်ငံမှ မှောင်ခိုဝင်ရောက်လာသော အရက်မျိုးစုံ တာကာငွေ သိန်း (၇ဝ) ကျော်ဖိုးကို ကော့စ်ဘာဇာ ခရိုင် ပင်လယ်ပြင်အတွင်း ဖမ်းဆီရမိခဲ့ကြောင်း ကော့စ်ဘာဇာမြို.ထုတ် Daimik Cox’s Bazar သတင်းစာတွင် ရေးသားဖေါ်ပြခဲ့သည်။

source by : http://www.mizzimaburmese.com/news/regional/2760-2009-04-12-17-01-46.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */