ပဲခူးတိုင်းတောင်သူများ ကြံ့ဖွံ့မဝင်ရင် ချေးငွေအတိုး ပိုပေးရ

Sunday, April 12, 2009 ·

RFA | ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က လယ်သမားတွေကို ဒိုက်ဦးမြို့နယ် ကြံခိုင်ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ပြီး မနှစ်က နှစ်ကုန်ပိုင်းက အသင်းဝင်တဲ့ တောင်သူတွေကို နှစ်ကျပ်တိုးနဲ့ ငွေချေးခဲ့ပါတယ်။ ဒါပေမယ့် အခု လောလောဆယ် ငွေတိုးတွေ လိုက်ကောက်တဲ့ အခါမှာတော့ ပုံမှန် တောင်သူတဦးရဲ့ချေးငွေဟာ ငါးကျပ်တိုး အထက် ကျနေပြီး ကြံ့ဖွံ့အသင်းနဲ့ နီးစပ်သူတွေ ကတော့ အရင်က ပြောတဲ့ နှစ်ကျပ်နှုန်းပဲ ကျတယ်လို့ ရွှေအင်တုံ ကျေးရွာက တောင်သူ တဦးက အာအက်ဖ်အေကို ပြောပြပါတယ်။


လယ်သမားတဦး ကျွဲတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရွှေအင်တုံကျေးရွာ တောင်သူတဦး။ ။“တဧက အထိကို လေးသောင်းခွဲ၊ တဧကအောက်ကို နှစ်သောင်း နှစ်သောင်း ခွဲနှုန်း ချေးရတယ်။ အဲဒီမှာ သူတို့ အထက်လူကြီးကနေပြီးတော့ တကျပ်ခွဲတိုး နှစ်ကျပ်တိုးဆိုပြီးတော့ သတ်မှတ် လိုက်တယ်။ ကျနော်တို့ကို ဖွံ့ဖြိုးရေးနဲ့ ကြံ့ခိုင်ရေးက ချေးတဲ့အခါကျတော့ ထမင်းဖိုးတို့ စာရွက် စာတမ်းဖိုးတို့ ဆိုပြီးတော့ အဲဒါတွေကို ကျနော်တို့ စုဆောင်းလိုက်တဲ့အခါကျတော့ ငါးကျပ်တိုး ဖြစ်သွားတယ်။ ဒါပေမယ့် သူတို့နဲ့ လက်သင့်တဲ့ သူတွေကတော့ မကျဘူးလေ။ သူတို့ သတ်မှတ်တဲ့ အတိုးပဲ ပေးရတာပေါ့။ သုံးကျပ်တိုးဆို သုံးကျပ်တိုးပဲ ပေးရတယ်။ နှစ်ကျပ်တိုးဆို နှစ်ကျပ်တိုးပဲ ပေးရတယ်။ ကျနော်တို့ လယ်သမားတွေ အတိုင်းအတာကတော့ ခုချိန်ထိ ငါးကျပ်တိုး ကျတာပေါ့”

ငွေတိုးကောက်ခံတဲ့နေရာမှာ ထမင်းစားရိတ် စာရွက်စာတမ်းကြေးတွေပါ ကောက်ခံနေပြီး ငွေချေးယူရင်တော့ ကြံ့ဖွံ့အသင်း ဝင်ရတယ်လို့ ဆက်ပြောပါတယ်။

တောင်သူ။ ။“အခုလယ်သမားတွေကို သူတို့ကနေပြီးတော့ အတိုးအတွက်တောင်းတယ်။ အရင်းတော့ သူတို့ ၂ဝ၁ဝ ကျမှ ယူမယ်ဆိုပြီး အခု ကျနော်တို့ လယ်သမားတွေမှာ လေးလအတိုး ခြောက်လအတိုး တောင်းသွားတယ်။ ထမင်းဖိုးက လယ်သမား တဦးကို ငါးရာတဲ့။ စာရွက် စာတမ်းဖိုးက ငါးရာတဲ့၊ တထောင် တောင်းပြန် ပါတယ်။ ဘာကြောင့်ထူးသလဲဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးဆိုတော့ ကျနော် ပြောရရင်တော့ မကောင်း ပါဘူးလေ။ ပြောလည်း ပြောမပြချင်တော့ပါဘူး။ ကျနော်ကတော့ အသားလိုလို့ အရိုးတောင်းတယ်လို့ပဲ ထင်တာပေါ့နော်။ နောက်ပြီးတော့ သူတို့က ကြံ့ဖွံ့ အသင်းဝင်ရင် လယ်သမားတဦးကို တသိန်းပေးတယ်။ ကြံ့ဖွံ့အသင်းဝင်မှပဲ သူတို့က ချေးနိုင်မယ်ဆိုပြီးတော့ လယ်သမားတဦး တသိန်းနှုန်းနဲ့ ချေးသွားတယ်”

ဒိုက်ဦးမြို့နယ် ကြံ့ခိုင် ဖွံ့ဖြိုးရေး အတွင်းရေးမှူး ဦးမောင်ဌေးကိုယ်တိုင် တအိမ်တက်ဆင်း ဆိုင်ကယ်နဲ့ ငွေတိုးတွေ ကောက်ခံ နေပြီး ဒေသခံတွေကို စည်းရုံးနေတယ်လို့ ပြောပါတယ်။သူတို့နဲ့ ရင်းနှီးတဲ့သူတွေကတော့ ချေးငွေ ငါးသိန်းကနေ ၁၅ သိန်းအထိ ရကြတယ်လို့လည်း သိရပါတယ်။

source by : http://www.rfa.org/burmese/news/usda_loan_farmers_in_pegu_division-04112009132517.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */