လူကုန်ကူးသည့် မလေးရှား အာဏာပိုင်များကို တရားစွဲမည်

Monday, April 27, 2009 ·

ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ မလေးရှားတွင် မြန်မာအလုပ်သမားများကို လူကုန်ကူးသူများထံ ရောင်းစားနေသော မလေး အာဏာပိုင်များကို ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ရန် အန်ဂျီအို ခေါ် အစိုးရ မဟုတ်သော အဖွဲ့များက စီစဉ်နေသည်။

လူကုန်ကူးခံရသူ အမြောက်အမြားရှိနေကြောင်း အထောက်အထားများ အခိုင်အမာ ရှိနေကာ သက်ဆိုင်ရာ အာဏာပိုင်များကို တရားစွဲဆိုရေးအတွက် မိမိတို့ အပါအဝင် အန်ဂျီအို ၄ ဖွဲ့က မလေး-ထိုင်း နယ်စပ်၌ လူကုန် ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အစိုးရက မည်သို့ဆောင်ရွက်နေသည်ကို လေ့လာပြီး အသေးစိတ် အချက်အလက်များ စုဆောင်းနေကြောင်း မလေးရှား ရှေ့နေများကောင်စီ လက်အောက်ရှိ လူ့အခွင့်အရေး ကော်မတီက ပြောဆိုခြင်းဖြစ်သည်။

“အစိုးရက ဖွဲ့ထားတဲ့ The Council for Anti-Trafficking (လူကုန်ကူးမှု ဆန့်ကျင်ရေး ကောင်စီ) ကို ရှေ့နေ ကောင်စီက သွားတွေ့ပြီးတော့ ကျမတို့ရဲ့ အထောက်အထားတွေ မကြာမီ တင်မှာပါ။ သူတို့ ဘာတွေ လုပ်ပေး နိုင်မလဲဆိုတာ မေးမြန်း စောင့်ကြည့်ရပါမယ်။ သူတို့က ဘာမှ ဆောင်ရွက်မပေးဘူးဆိုရင် ကျမတို့က လွှတ်တော် ဒါမှမဟုတ် အစိုးရထဲမှာ လှုံ့ဆော်မှုတွေ လုပ်သွားပါမယ်” ဟု ကော်မတီ အတွင်းရေးမှူး Ms. Renoka က မဇ္ဈိမကို ပြောသည်။

မလေးရှားရှိ မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (BWRPC) မှ တွဲဖက် အတွင်းရေးမှူး ကိုကျော်ထူးအောင်က “ကျနော်တို့နဲ့ အန်ဂျီအို ၄ ဖွဲ့ တွဲဖက်လုပ်နေပါတယ်။ ကျနော်တို့လက်ထဲမှာ သက်သေတွေ ရှိနေပြီ။ ဒီမှာက ကျနော်တို့ အလုပ်သမားအဖွဲ့ဟာ တရားမဝင်အနေနဲ့ ရပ်တည်ထားတာပါ။ ကျနော်တို့ အဖွဲ့အနေနဲ့ တရားစွဲလို့ မရဘူး။ ဒီနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးတို့၊ migrant workers (ရွှေ့ပြောင်း လုပ်သား) အခွင့်အရေးတို့ လိုက်လုပ်ပေးနေတဲ့၊ မှတ်ပုံတင်ထားတဲ့ မလေးရှား အန်ဂျီအိုတွေနဲ့ ပေါင်းပြီး တရားစွဲဖို့ လုပ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

မလေးရှား ရဲနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ အကျင့်ပျက်ဝန်ထမ်းများက မြန်မာအလုပ်သမားများကို ဖမ်းဆီး၍ လူကုန်ကူးသူများထံ တဦးလျှင် မလေးရှား ရင်းဂစ်ငွေ ၂,၅ဝဝ-၂,၈ဝဝ ဖြင့် မလေးရှား ပိုင်နက်အတွင်း၌ ပြန်ရောင်းနေကြောင်း BWRPC က ထုတ်ပြန်ပြောဆိုထားသည်။

မလေးရှားအစိုးရက ၂ဝဝ၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ ACT 670 ဖြင့် တရားစွဲဆိုမည် ဖြစ်ကာ၊ ဥပဒေအရ - တိုက်ရိုက် အပြစ်ကျူးလွန်သူသည် ထောင်ဒဏ် အနည်းဆုံး ၅ နှစ်၊ အများဆုံး ၁ဝ နှစ် ကျခံရမည်ဖြစ်ပြီး၊ လူကုန်ကူးမှုတွင် သွယ်ဝိုက်၍ ပတ်သက်နေသူလည်း ပြစ်ဒဏ်အဖြစ် မလေးရှားရင်းဂစ်ငွေ ၅ဝဝ,ဝဝဝ ပေးဆောင်ရမည်ဟု သိရသည်။

မလေးရှားတွင် အင်ဒိုနီးရှား၊ နီပေါ၊ ဖိလစ်ပိုင်မှ နိုင်ငံခြားသား အလုပ်သမားများ ရှိသော်လည်း ၎င်းတို့၏ သက်ဆိုင်ရာ အစိုးရများက တာဝန်ယူဆောင်ရွက်ပေးပြီး မြန်မာစစ်အစိုးရကမူ မြန်မာအလုပ်သမားများကို လျစ်လျှူရှု ထားသဖြင့် မြန်မာနိုင်ငံသားများသာ လူကုန်ကူးခံနေရကြောင်း ကိုကျော်ထူးအောင်က ပြောသည်။

ထိုင်းနယ်စပ်သို့ ပြန်ပို့ခံရသော မလေးရှားနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမားများသည် ငွေမပေးနိုင်ပါက ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေများ၊ ပြည့်တန်ဆာရုံများတွင် အဓမ္မခိုင်းစေခံနေရကြောင်း အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီကလည်း ‘Trafficking and Extortion of Burmese Migrants in Malaysia and Southern Thailand’ အမည်ဖြင့် မကြာသေးမီက အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့သည်။

မလေးရှားရှိ အန်ဂျီအိုများ၊ လူထုအခြေပြုအဖွဲ့များက မလေးရှားအစိုးရအနေဖြင့် လူကုန်ကူးမှုပြဿနာကို တစုံတခု ဆောင်ရွက်ပေးရန် တောင်းဆိုထားသောကြောင့် ရဲဌာနက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် နေသော်လည်း နယ်စပ်တွင် လူကုန်ကူးမှုများမှာ ကြီးထွားနေဆဲပင်ဖြစ်ကြောင်း သိရသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */