၁၀၅ မိုင်တွင် ကုန်သွယ်ရေး စည်းမျဉ်း တင်းကျပ်လာ

Monday, April 27, 2009 ·

မျိုးကြီး | ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ သွင်းကုန်လိုင်စင်ကိစ္စ အပါအဝင် တင်းကျပ်သည့် စည်းမျဉ်းတချို့ကို နယ်စပ်ကုန်သွယ်ရေးဌာနက ယခုလ ၇ ရက်နေ့တွင် ချမှတ်ခဲ့သည်။

ကုန်ပစ္စည်းအမျိုးအစား ၃ဝ အရွယ်အစား ပြောင်းလဲခွင့် မပေးတော့ခြင်း၊ သွင်းကုန်လိုင်စင် လျှောက်ထားလျှင် စာရွက်စာတမ်းများနှင့် တိကျစွာ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် လိုင်စင်သက်တမ်း ကုန်ဆုံးသည့်နေ့တွင် နောက်ကျရက် ခွင့်မပြုခြင်းတို့ ရှိရမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။

ဤသည်မှာ ယခုလ ၁ ရက်နေ့က နယ်စပ်ကုန်သွယ်ရေး ဦးစီးအရာရှိ အသစ်များ ပြောင်းလဲခန့်အပ်ခဲ့ပြီးနောက်၊ အဆိုပါ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကုန်သည်များအကြား ၇ ရက်နေ့တွင် ကျင်းပသည့် ညှိနှိုင်းစည်းဝေး၌ ယခု စည်းမျဉ်းစည်းကမ်း အသစ်များ ချပြလိုက်ခြင်းလည်း ဖြစ်သည်။

”လူပြောင်းရင် မူပြောင်းသလို ဖြစ်နေတာ ၄ လ တခါ ပြောင်းနေတဲ့ လူတွေပဲ။ တကယ်တမ်း ဒါ သူတို့ လုပ်ပိုင်ခွင့် ပေါ့ဗျာ။ ငါတို့ ဒီအဆင့်၊ ဒါတွေ လုပ်လို့ရတယ်ဆိုတာ ပြချင်နေတာပေါ့ဗျာ။ သူတို့ ပြချင်တာကတော့ ကုန်သည်တွေ ဒုက္ခရောက် နေတာပေါ့ဗျာ” ဟု မူဆယ် ကုန်သည်တဦးက ပြောသည်။

နောက်ထပ် မူဆယ်ကုန်သည်တဦးက ”အခုက ပေါ်လစီအရကို ခက်နေတာ။ ဆိုဒ်အရွယ်အစားဆိုရင် - ဥပမာ သံချောင်းလိုင်စင် လျှောက်တယ်ဆိုပါစို့ အရင်က ကားဝန်းထဲ ရောက်နေရင်၊ ၆ လက်မ သံချောင်းလိုင်စင်ဆိုရင် ၅ လက်မလည်း ရတယ်၊ ၄ လက်မလည်း ရတယ်၊ ၃ လက်မလည်း ရတယ်။ ၈ လက်မတော့ မရဘူးပေါ့နော်။ အခုက ၆ လက်မဆို တခြားဟာ လုံးဝကို မဖြစ်ရတော့ဘူး” ဟု ပြောသည်။

သွင်းကုန်လိုင်စင် လျှောက်ရာတွင် ယခင်က ခွင့်ပြုခဲ့သည့် ပစ္စည်းများကို ယခုအခါ စာရွက်စာတမ်းများနှင့် အတိအကျ စစ်ဆေးပြီး ပစ္စည်းအမျိုးအမည်များကို ကျွမ်းကျင်နားလည်မှု မရှိဘဲ မူဝါဒနှင့် မကိုက်ညီကြောင်း၊ မှားယွင်းကြောင်း ပြောဆိုကာ ခွင့်မပြုပြန်သဖြင့် အခက်ကြုံရသည်။

ထို့အပြင် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် လိုင်စင်လျှောက်ရာ၌လည်း လူအပြောင်းအလဲ ရှိသဖြင့် အခက်အခဲက ဖြစ်ရပြန်သည်။

”လိုင်စင်လျှောက်ရင် တင်သွင်းပြီးသား ဈေးနှုန်း ရှိရမယ်။ ဈေးနှုန်းမရှိရင်တော့ တင်သွင်းလို့ မရဘူး။ ဈေးနှုန်း အသစ် ပြန်တင်ပေါ့ဗျာ။ တင်ရင်လည်း ခက်ခဲတယ်။ ဈေးနှုန်းအသစ်ဆိုတာ ကိုယ်တင်တဲ့ ဈေးနှုန်း ရချင်မှ ရတာ။ တကယ်ဖြစ်နေတဲ့ ဈေးနှုန်းလည်း ဟုတ်ချင်မှ ဟုတ်တာ။ တခါတလေကျရင် သူတို့ သတ်မှတ်တဲ့ ဈေးနှုန်းပေါ့ဗျာ။ ကုန်သည်ကြီးများအသင်း ကာစတန် (အကောက်ခွန်)၊ နကသ (နယ်စပ်ကုန်သွယ်ရေးဌာန)၊ တခြားဌာန ဆိုင်ရာတွေ ပါတယ်။ အဲဒါတွေနဲ့ တင်သွင်းတဲ့ ဈေးနှုန်းကို အဲလိုဖြတ်တာ။ ဖြတ်ပြီးမှ ဒီပစ္စည်းကို လိုင်စင်လျှောက်၊ အခွန်ဆောင်၊ ကားတင်ပြီးမှ သွင်းခွင့်ရတာ။ ဒါက အပေါ်ယံပဲ ရှိသေးတယ်” ဟု ပထမ ကုန်သည်က ပြောသည်။

လိုင်စင်သက်တမ်း တိုးရာ၌ ယခင်က အကြောင်းကိစ္စ ကြီးငယ်ကြောင့် ရက်နောက်ကျပါက ခွင့်ပြုခဲ့သော်လည်း ယခု တရက် နောက်ကျလျှင်ပင် ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း အစည်းအဝေး၌ ဌာနဆိုင်ရာက ပြောဆိုကြောင်း သိရသည်။

ကမ္ဘာ့ငွေကြေး ပြဿနာကြောင့် နိုင်ငံတကာက အခွန်လျှော့ပေါ့ပေးခြင်း အပါအဝင် ကုန်သွယ်မှု မူဝါဒကို ထိန်းသိမ်း ဆောင်ရွက်နေစဉ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တွင် တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်လာသဖြင့် ကုန်သွယ်ရေး ကျဆင်းလာနိုင်ကြောင်း ပထမ ကုန်သည်က သုံးသပ်သည်။

သူက ”ဒီမူဝါဒတွေနဲ့ ဆက်သွားနေရင် ကျမှာပေါ့။ တခြားနိုင်ငံတွေမှာ အခွန်တွေကို တရစပ် လျှော့ပေါ့ပေးနေတဲ့ အချိန်၊ ကျနော်တို့ဆီမှာ မလျှော့တဲ့အပြင် ပိုဆိုးသလို ဖြစ်တဲ့အခါကျ အတက်ဘက်ကို မရှိဘူးပေါ့ဗျာ။ ကျသွားဖို့ပဲ ရှိတာပေါ့။ ကုန်သွယ်မှု ထိခိုက်ရင် မိသားစု ပေါင်းများစွာ ထိခိုက်မယ်လေ။ ကုန်ဈေးနှုန်း ကြီးသွားရင် စားသုံးသူပဲ ဒုက္ခရောက်မယ်။ ကုန်ထမ်းတဲ့ အလုပ်သမားကအစ အရောင်း စာရေးမ အဆုံး ကားသမားအလယ် အကုန် ထိခိုက်မယ်” ဟု ပြောသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */