ပျောက်ဆုံးနေသော အန်အယ်ဒီ အဖွဲ့ဝင် ၃ ဦး အင်းစိန်ထောင်တွင် ရောက်ရှိ

Monday, April 27, 2009 ·

ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ ဖမ်းဆီးခံရပြီး တလကျော် ပျောက်ဆုံးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၄ ဦးမှ ၃ ဦးသည် ယခုလအတွင်း အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်း အဖမ်းခံရသူ အန်အယ်ဒီ အဖွဲ့ဝင် ဦးစိန်လှိုင် (စမ်းချောင်း)၊ ဦးရွှေဂျိုး (လှိုင်)၊ မချို ခေါ် ဒေါ်မြင့်မြင့်စန်း (အလုံ) နှင့် ဦးကြည်လွင် (တောင်ဒဂုံ) တို့ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရဘဲ ပျောက်နေရာ ယခုလ ၂ဝ ရက်နေ့ကမှ အင်းစိန်ထောင် သီးသန့်ဆောင်သို့ ရောက်ခဲ့ကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားတွေ့သူ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက သိခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၄ ဦးထဲမှ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ အန်အယ်ဒီ စည်းရုံးရေး အဖွဲ့ဝင်ဟောင်း ဦးကြည်လွင် မှာ ယခုလ ၈ ရက်နေ့က တောင်ငူစစ်ကြောရေးမှ ပြန်လွတ်ခဲ့သူ ဖြစ်သည်။

သူမှအပ ကျန် ၃ ယောက်ကို ယခု အင်းစိန်ထောင်တွင် ပြန်တွေ့ရခြင်းဖြစ်သည်။

“ုအင်းစိန်ထောင် သီးသန့်ဆောင်မှာ ရောက်နေတယ်လို့ ပြောတယ်။ ၄ ရက်ရှိသွားပြီခင်ဗျ။ တနင်္လာနေ့ (ဧပြီ ၂၀ ရက်နေ့) က ညဘက်ရွှေ့လာတယ်လို့ ပြောတယ်။ သူတို့ ၃ ယောက်လုံးပဲ။ ကျနော်တို့ အင်းစိန်ထောင်မှာ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကနေပြီးတော့ ထောင်ဝင်စာ သွားတွေ့ရင်း တွေ့ခဲ့တာ။ ဒီနေ့ပဲ သိရတာပါ” ဟု ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ယမန်နေ့က မဇ္ဈိမကို ပြောသည်။

အန်အယ်ဒီ ဗဟို လူမှုအထောက်အကူပြု အဖွဲ့ဝင်ဖြစ်သည့် အလုံမြို့နယ်မှ မချို ခေါ် ဒေါ်မြင့်မြင့်စန်းအား ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် အာဏာပိုင်များက အန်အယ်ဒီရုံးချုပ်မှအပြန် လမ်းတွင် ဖမ်းဆီးခဲ့သည်။

စမ်းချောင်းမြို့နယ် စည်းအဖွဲ့ဝင် ဦးစိန်လှိုင်နှင့် လှိုင်မြို့နယ်မှ ဦးရွှေဂျိုးတို့ကို မတ်လ ၆ ရက်နှင့် ၈ ရက်နေ့တို့တွင် နေအိမ်များမှာ ဖမ်းဆီးခဲ့သည်။

လာမည့် ဧပြီလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရသည့် မိသားစုများနှင့် အန်အယ်ဒီ အဖွဲ့ဝင် တချို့က အင်းစိန် ထောင်သို့ သွားရောက်၍ စုံစမ်းမေးမြန်းရန် စီစဉ်နေသည်ဟု ပါတီအဖွဲ့ဝင်တဦးက ပြောသည်။

သူက “လောလောဆယ်တော့ သူတို့ အထဲမှာ ရောက်နေတယ်ဆိုတာ သိရပြီ။ ဒါပေမဲ့ သူတို့ကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ မသိသေးတော့ မိသားစုဝင်တွေနဲ့ အရင်တွေ့ပြီးမှ သိရမယ်” ဟု ပြောသည်။

သို့သော် ဦးစိန်လှိုင် အင်းစိန်ထောင်တွင် ရောက်ရှိနေကြောင်း သိရသော်လည်း အမဖြစ်သူ နှစ်ဦးမှာ နာမကျန်း ဖြစ်နေပါသဖြင့် သွားရောက်တွေ့ဖြစ်မည် မဟုတ်ကြောင်း အမ ဒေါ်ခင်ဝင်းက ပြောသည်။

“အန်တီတို့ကတော့ ဘယ်မှာ ရှိတယ်ဆိုတာ အခုထိ မသိဘူး။ အင်းစိန်မှာ ရောက်နေတယ် ဆိုရင်လည်း အမ တယောက်က သူ ဖမ်းခံရတဲ့ နောက်နေ့မှာပဲ လေဖြတ်သွားတယ်။ လက်တဖက် ကပ်သွားတာ။ တပိုင်းသေ ဖြစ်သွားတယ်။ အန်တီလည်း နေမကောင်းဘူးလေ” ဟု ပြောသည်။

ဆက်လက်ပျောက်ဆုံးနေသူ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင်မှာမူ လေဖြတ်ထားသဖြင့် လွန်ခဲ့သည့် တနှစ်ခွဲခန့်ကတည်းက မြို့နယ်စည်း အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသူ ဖြစ်သော်လည်း ရဲ သတင်းအထူးတပ်ဖွဲ့ (SB)၊ ရပ်ကွက်ကောင်စီဝင်များနှင့် စွမ်းအားရှင် စုစုပေါင်း ဦးရေ ၃ဝ ခန့်က မေးမြန်းရန်ဟုဆိုကာ နေအိမ်မှ ပြီးခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */