NEJ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စုံညီအစည်းအဝေးကို ရွှေ္ဂဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးတွင် ယနေ့စတင်ကျင်းပသောကြောင့် ရန်ကုန်မြို့တွင် လုံခြုံရေးအတွက် ရဲများကို အင်အားပြ ချထားကြောင်း မြို့ခံများက ပြောသည်။
ရန်ကုန်မြို့၊ ဗဟန်းရွှေဂုံတိုင်၊ စမ်းချောင်းနှင့်တာမွေတို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ ရဲကားများ၊ ဒိုင်းနှင့်တုတ်များ တင်ထား သောကားများ၊ ဆက်သွယ်ရေးကိရိယာများ တင်ဆောင်သည့်ကားများ စုစုပေါင်း (၁၀) စီးခန့်သည် ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခြံအရှေ့ ဓမ္မာရုံဝင်း အတွင်း အရန်သင့် စောင့်ဆိုင်းလျက်ရှိကြောင်း မြို့ခံများက ပြောသည်။
မြို့တွင်းရှိ ဘုရားနှင့်လူစည်ကားရာနေရာများတွင်လည်း စစ်အစိုးရအာဏာပိုင်များက ရဲများကို အင်အားပြ စေကြောင်း ရန်ကုန်မြို့ လသာရဲစခန်းမှ တပ်ကြပ်တဦးက ပြောသည်။
“ပြည်သူတွေ တန်းစီဆန္ဒပြတာမျိုး၊ တကိုယ်တော်ဆန္ဒပြတာမျိုးနဲ့ တခြားဆူပူမှုတွေ မဖြစ်စေဖို့ အခုလို လုပ်ခိုင်း တာပါ” ဟု ၎င်းက ပြောသည်။
ထိုသို့ အင်အားပြမှုများကို ၂၀၀၇ ခုတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးကာလ နောက်ပိုင်းမှစ၍ လုပ်ကြရကြောင်း၊ အထူးသဖြင့် အခမ်းအနားနေ့ရက်များနှင့် ဘာသာရေးအရ နေ့ထူးရက်မြတ်များတွင် လုံခြုံရေးများ တိုးမြှင့်စေခဲ့ကြောင်း ပုဇွန်တောင်နယ်မြေမှ ရဲသားတဦးက ပြောသည်။
အင်အားပြမှုများကို ရွှေတိဂုံစေတီတော်ကြီးတွင် ပိုမိုပြုလုပ်ကြောင်း ရွှေတိဂုံဘုရား အရှေ့မုခ် အရောင်းဆိုင် တဆိုင်၏ ပိုင်ရှင်က ပြောသည်။
၎င်းက “ဘုရားမှာရှိတဲ့ မုခ်တွေမှာ ရဲကားတွေ အင်အား တခါပြရင် (၅) စီး အနည်းဆုံး တွေ့ရတာပဲ။ ဘုရားဖူးတဲ့ သူတွေအတွက်တော့ စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်မှာပဲလို့ တွေးမိတယ်” ဟု ပြောသည်။
ဗဟန်းမြို့နယ်မှ ရဲအရာရှိတဦးက “ဘုရားကို အကာအကွယ်ယူပြီးတော့ မသမာသူတွေက ဆူပူမှုတွေ ပြုလုပ်မှာ စိုးတဲ့အတွက် လုံခြုံရေးသဘောအနေနဲ့  ရဲကားတွေကို လှည့်ပြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
source by : ခေတ်ပြိုင်
ရန်ကုန်မြို့တွင် လုံခြုံရေးတိုးမြှင့်ချထား
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment