အောင်ထက် | ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်းရှိ ချောင်း (၁၂) ချောင်းကို ပိတ်ကာ တည်ဆောက် ထားသော ဘော်ဘင်ဆည်မှ အထိန်းအကွပ်မရှိ ဆည်ရေလွှတ်နေမှုကြောင့် ဆည်မြောင်း ပတ်လည်တကြော လယ်မြေများ မြက်ရိုင်း ပေါက်တော ထကာ (၃) နှစ်အတွင်း လယ်မြေဧက (၈၀) ကျော် ပျက်စီးခဲ့ပြီး ပိုမိုဆိုးဝါး လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံလယ်သမားများက ပြောသည်။
ဆည်ရေသည် ရေကြည်တက်ပြီး နွေစပါးအတွက် အသုံးဝင်သော်လည်း ရေနောက်များ ရောက်လာ သောကြောင့် လယ်မြေများ မြက်ရိုင်းထ၊ တောကြမ်းသည့် အနေအထားသို့ရောက်နေသည်ဟု လယ်သမား များက ပြောသည်။
“အဲလို ဆည်ရေထိလို့ တောထနေတဲ့ လယ်တွေဆိုတာ လူတွေ၊ နွားတွေ မပြောနဲ့ စက်ကြီးတွေတောင် မရုန်းနိုင်ဘူး။ ဆည်ရေအလိုရှိလို့ လုပ်ချင်တယ်။ မရောက်ဘူး။ မလိုချင်တဲ့အချိန်ကျ ရောက်တယ်။ အဲလို ဖြစ်တာက ဆည်မြောင်းရော၊ လယ်သမားရော စည်းစနစ်မရှိလို့ လယ်တွေ ပျက်ကုန်တာ။ လယ်သမား ဘက်ကလည်း ရေကို လွှဲသင့်လွှဲ၊ တားသင့်တား၊ သုံးချင်သုံး အဲလို ဖြစ်ရမှာ။ ခုတော့ ရွာသစ်ကွင်းတွေအထိဆိုရင် လယ်မြေတွေ ဆုံးရှုံးတာ အနည်းဆုံး ဧက (၈၀) ကျော်လောက်ရှိမယ်” ဟု ရွာသစ်ရွာသားတဦးက ပြောသည်။
အဆိုပါ ဆည်မြောင်းရေများသည် စွယ်တော်၊ ဂွေးချောင်း၊ ကြို့ပင်ဝိုင်း၊ အောင်ချမ်းသာရွာတို့ ဘက်မှသည် ပျဉ်ထောင်ကွင်း၊ အုန္နဲကျောတန်း၊ ရွာသစ်ရွာတို့ကို ဖြတ်ကာ မှက္ကတန်၊ ကြာခုံမလွန် မြစ်ပေါက်အထိ ရောက်နေပြီ ဟု သိရသည်။
“ရေအများကြီး မလိုအပ်တဲ့ စိုက်ချိန်မှာ ဆည်ရေရောက်လာတယ်။ မျိုးချစိုက်ဖြစ်သွားပြီ။ နောက်ပိုင်း အဖုံးအလုံး တွေနဲ့ ထွက်ချိန်ကျ ရေက မလာတော့ဘူး။ အဲလို ခဲရာခဲဆစ်တွေဖြစ်တော့ လယ်သမားတွေက ဆည်ရေကို မလွမ်းတော့ပါဘူး။ နောက်ဆုံး လယ်ပျက်တာပဲ အဖတ်တင်တယ်” ဟု ရွာသစ်ရွာသားက ပြောသည်။
မြန်မာနိုင်ငံတွင် ဆည်မြောင်းတာတမံ စီမံကိန်းများကောင်းသော်လည်း စနစ်တကျ လုပ်ဆောင်မှု မရှိသည့် အတွက် လယ်သမားများ ဆုံးရှုံးနစ်နာမှုများနှင့် ကြုံကြရကြောင်း ပျဉ်ထောင်ကွင်း ကျေးရွာမှ လယ်သမားတဦးက ပြောသည်။
တိုက်ကြီးဘက်တွင် နှစ်သီးစိုက်ရန်အတွက် ဆည်ရေပေးရာတွင် မတ်ပဲများနုတ်ပြီး စုပုံထားချိန်တွင် ဆည်ရေ လွှတ်လိုက် သဖြင့် ပျက်စီးကုန်ကြောင်း အဆိုပါရွာသားက ပြောသည်။
၎င်းက “ခုလဲ တို့နယ်မှာ ပြီးခဲ့တဲ့လက ပဲတွေ နုတ်ထား၊ ပုံထားတဲ့အချိန် ဆည်ရေတွေ ရောက်လာတော့ အပြေးအလွှား သိမ်း၊ ရေထိတာလည်း ထိပေါ့။ ဆည်ရေမလိုတဲ့အချိန် အဲလိုလွှတ်နေတော့ လယ်သမားတွေ အကုန် ကသီကရီ ဖြစ်ကုန်တယ်။ ဆည်ရေ တားချင်ရင် ငွေနဲ့တား၊ ချစေချင်ရင် ငွေနဲ့ချ ဒါပဲရှိတယ်။ လယ်ဆိုတာ ရေလိုတဲ့အချိန် ရှိတယ်။ မလိုတဲ့ အချိန်ရှိတယ်။ ဒါကို စနစ်တကျ ကိုင်တွယ်နိုင်ရင် ဆည်မြောင်းစီမံကိန်းတွေက ကောင်းပါတယ်။ ဒါပေမယ့် ခြုံပြောရရင် တကယ်အကျိုးရှိတာက ဆည်မြောင်းစီမံကိန်းတာဝန်ရှိသူတွေပဲ။ ယန္တရားမောင်းတဲ့ အဆင့်တောင် တနေ့ (၄-၅) သောင်း ၀င်ငွေရှိတယ်” ဟု ပြောသည်။
source by : ခေတ်ပြိုင်
ဘော်ဘင်ဆည် အထိန်းအကွပ်မဲ့ ရေလွှတ်မှု လယ်မြေဧက (၈၀) ကျော် ပျက်စီး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment