စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်အယှက်မရှိ လာရောက်နိုင်

Tuesday, April 28, 2009 ·

မင်းနိုင်သူ | မနက်ဖြန် ကျင်းပမည့် အန်အယ်လ်ဒီစုံညီအစည်းအဝေးအတွက် ပြည်နယ်နှင့် တိုင်းများမှ လွှတ်တော် ကိုယ်စား လှယ်များ၊ တိုင်းစည်းအဖွဲ့ဝင်များသည် ဒေသအာဏာပိုင်များ၏ နှောင့်ယှက်မှုမခံရဘဲ ရန်ကုန်အန်အယ်လ်ဒီ ရုံးချုပ်သို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“အားလုံးစုံစုံညီညီရောက်ပါပြီ။ သူတို့ဆီက ပြောကြားချက်တွေအရတော့ တစုံတရာနှောင့်ယှက်ဟန့်တားတာ မရှိဘူးဗျ။ ကယား ပြည်နယ်က စည်းရုံးရေးကော်မတီကတော့ ဖျက်သိမ်းထားတာကြာပြီလေ။ အဲဒါမှအပပေါ့လေ။ ကျန်တာတွေ အကုန်ရောက်လာပါပြီ” ဟု ၎င်းကပြောသည်။

ပါတီစုံညီအစည်းအဝေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော် ကိုယ်စားလှယ်များ နှင့် တိုင်းနှင့် ပြည်နယ် များမှ စည်းရုံးရေးအဖွဲ့ဝင် (၅) ဦးစီကို ဖိတ်ကြားထားခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် အန်အယ်လ်ဒီဗဟိုမှ လူငယ် (၃) ဦးနှင့် အမျိုးသမီးအဖွဲ့မှ (၃) ဦးတို့လည်း တက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။

ယနေ့နံနက်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေကြသော အန်အယ်လ်ဒီပါတီဝင်များအား ဗဟို အလုပ် အမှုဆောင်အဖွဲ့မှ တင်ပြထားသည့် စာတမ်းကို တိုင်းနှင့်ပြည်နယ်အလိုက် သုံးသပ် ဆွေးနွေး စေခဲ့ကြောင်း သိရသည်။

“မနက်ပိုင်းကစပြီး သူတို့ကို စာတမ်းပေးဖတ်လိုက်တယ်။ ကိုယ့်အုပ်စုနဲ့ကိုယ်ပေါ့။ ညနေလေးနာရီအထိ အဲဒါကိုကြည့်ပြီး သူတို့ ဆွေးနွေး ကြတယ်။ တချို့တိုင်းနဲ့ပြည်နယ်တွေက ပြီးပြတ်အောင် ဆွေးနွေး သွားနိုင် ကြတယ်။ တချို့လည်း မနက်ပိုင်း ထပ်ဆွေးနွေး ကြမယ်။ ညနေပိုင်းမှာတော့ ဖြန့်ထားတဲ့ စာတမ်းတွေကို ပြန်သိမ်းပါတယ်။ အဲဒါက မနက်ဖြန်အစည်းအဝေးကြီးမစမီ စာတမ်းကို အပြင် မထွက်စေချင်လို့ပါ” ဟု ဦးအုံးကြိုင်က ပြောသည်။

အန်အယ်လ်ဒီပါတီက အဓိကထားဆွေးနွေးမည်ဖြစ်သော စာတမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ အကြောင်း၊ ပါတီ၏ လက်ရှိ နိုင်ငံရေးပြဿနာနှင့် စည်းရုံးရေး၊ ပါတီ၏ အနာဂတ်ရပ်တည်ရေး စသည့် သုံးချက် အပေါ်တွင် မူတည် ဆွေးနွေး သွားကြမည် ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */