မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ

Monday, April 27, 2009 ·

RFA | လူထုအတွက်စတေးခံ မြေသြဇာအဖွဲ့ဝင်တဦးဖြစ်တဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ကိုတင်ထွဋ်ပိုင် ကို ဧပြီ ၁၀ ရက် နေ့ညမှာ နေအိမ်ကနေ သက်ဆိုင်ရာက ဖမ်းဆီးသွားခဲ့ပါတယ်။ ကိုတင်ထွဋ်ပိုင် အဖမ်းခံရပုံကို မြေသြဇာအဖွဲ့ဝင်တဦးက RFA ကို ပြောပြပါတယ်။

မြေသြဇာအဖွဲ့ဝင်တဦး။ ။“မြောက်ဥက္ကလာရဲစခန်းက ရဲတွေပါတယ်။ နောက် အရပ်ဝတ်နဲ့ ထောက်လှမ်းရေးလိုလူ နှစ်ယောက် သုံးယောက်ပါတယ်။ နောက် ရပ်ကွက်ထဲက ရယက လူကြီးတွေ၊ မီးသတ်တွေ ပါတယ်။ ည ရှစ်နာရီခွဲ ကိုးနာရီလောက်မှာ အိမ်မှာပဲ ဝင်ဖမ်းသွားတာဗျ။ စာရွက်တွေ အရွက်နှစ်ဆယ်လောက် တွေ့သွားတယ် ပြောတယ်။ နောက်တခါ ကင်မရာတလုံးလည်း တွေ့သွားတယ် ပြောတယ်။ အဲဒီစာရွက်တွေက ကျနော်တို့ မြေသြဇာ အဖွဲ့က သင်္ကြန်တွင်းမှာ နအဖ စစ်အာဏာရှင်ကို အလိုမရှိတဲ့ဟာတွေကို ထပ်ပြမယ်ဆိုတဲ့ ထုတ်ပြန် ကြေညာချက်ရှိတယ်။ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ လူထုကိုနှိုးဆော်တဲ့ စာတွေ ပါတယ်”

စောစောပိုင်းမှာ ကိုတင်ထွဋ်ပိုင်ကို မြောက်ဥက္ကလာရဲစခန်းမှာ ဖမ်းဆီးထားပြီး အခု ဘယ်ရောက်နေတယ်ဆိုတာ စုံစမ်းလို့ မရဘူးလို့လည်း ဆက်ပြောပါတယ်။

မြေသြဇာအဖွဲ့ဝင်။ ။“ကျနော်တို့က ကျနော်တို့ရင်ထဲမှာရှိတဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို တောင်းဆိုတာ ဖြစ်တယ်။ နောက်တခါ ကျနော်တို့ကို သူတို့ပြောသလို ပြည်တွင်းပြည်ပက မြှောက်ထိုးပင့်ကော် လုပ်ပေးနေတာ မဟုတ်ဘူး။ မြေသြဇာအဖွဲ့ကလည်း ပြည်တွင်းပြည်ပက အကူအညီ အထောက်အပံ့နဲ့ လှုပ်ရှား ဆောင်ရွက် နေတာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ မုန့်ဖိုးတွေ လုပ်အားခတွေနဲ့၊ ဒါကိုတော့လုပ်သင့်တယ် ဒါကိုတော့ ဖြစ်သင့်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့လုပ်ဆောင်နေတဲ့အတွက် အခုလိုမျိုး မတရား ဖမ်းဆီးတယ်လို့ ကျနော်တို့ မြင်တယ်။ အဖမ်းခံရတဲ့လူငယ်တွေကို အရမ်းစိုးရိမ်တယ်။ သူတို့ရဲ့ အသက်အန္တရာယ်ရော၊ စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင် ဆိုင်ရာရော ချို့ယွင်းသွားမှာကို အရမ်းစိုးရိမ်တယ်ဗျ”

မြောက်ဥက္ကလာရဲစခန်းကို RFA က ဆက်သွယ်ပြီး ကိုတင်ထွဋ်ပိုင် ကို ဘယ်မှာချုပ်ထားသလဲလို့ မေးကြည့်တဲ့ အခါမှာ မြောက်ဥက္ကလာရဲစခန်းမှာ ကိုတင်ထွဋ်ပိုင်မရှိတဲ့အကြောင်း တာဝန်မှူးတဦးက ဖြေကြားခဲ့ပါတယ်။

တာဝန်မှူးတဦး။ ။“အော် အဲဒါ ကျနော်တို့ဆီကမဟုတ်ဘူး။ သူတို့ သတင်းတပ်ဖွဲ့က ယူသွားတာ။ အဲဒါတော့ ကျနော်တို့မသိဘူး။ အော် မရှိပါဘူးခင်ဗျ”

မြေသြဇာ အဖွဲ့ဝင်တွေ အဖမ်းခံရတာဟာ ကိုတင်ထွဋ်ပိုင် အပါအဝင်ဆိုရင် အားလုံး ၁၉ ယောက် ရှိသွားပြီလို့ အဖွဲ့ဝင်တွေက ပြောပါတယ်။ ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဒေါ်ငယ်ဟာလည်း မြောက်ဥက္ကလာ အန်အယ်လ်ဒီ ပါတီဝင် ဖြစ်ပြီး ၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု မတိုင်ခင်ကတည်းက အင်းစိန်ထောင်မှာ ထောင် ၇ နှစ် ချမှတ် ခံထားရတယ်လို့ သိရပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */