နိရဉ္စရာ | နာဂစ် ဆိုင်ကလုန် မုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ထွက်ဆားများကို ပြည်မသို့ တင်ပို့မူ များပြား လာကြောင်း ပြည်တွင်း ဆားလုပ်ငန်း သတင်း ရပ်ကွက်အရ သိရသည်။
အမည်မဖေါ်လိုသူ ဆားလုပ်ငန်းရှင် တဦးက “အရင်က ရခိုင်ထွက် ဆားတွေကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို စစ်တွေ မင်းဂံ ဆိပ်ကမ်းကနေ တဆင့် တင်ပို့ခဲ့ပါတယ်။ အခုအခါမှာ ရခိုင်က ဆားတွေကို ဗမာပြည် ဘက်က အဆွဲများလာတဲ့အတွက် ရန်ကုန်ကိုဘဲ တင်ပို့မူ များလာ ပါတယ်” ဟုပြောသည်။
နာဂစ် ဖြစ်ပွားပြီးနောက် ဧရာဝတီတိုင်းတွင် ဆားကွင်း အများအပြား ပျက်စီးသွားသဖြင့် ဆားထုတ်လုပ်မူ ကျဆင်းခဲ့သည်။ သို့အတွက် ရခိုင်ထွက် ဆားများမှာ ယခုအခါ ၀ယ်လိုအားကောင်းနေသဖြင့် ဗမာပြည်မသို့ တင်ပို့နေခြင်း ဖြစ်သည်။
သူက “ဟိုနှစ်က ဆိုရင် ဆားကြမ်း တပိသာ ၇၀၀ ထိ ဈေးရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ မင်းဂံဆိပ်ကမ်းမှာ ဆားကြမ်း တပိသာ ကျပ် ၁၇၀ ဘဲရှိပါတယ်။ ဒါပေမယ့် ရန်ကုန်မှာ ဆားကြမ်း တပိသာ ၂၃၀ ကျပ်ရှိတယ် ဆိုတော့ ရန်ကုန်ကိုဘဲ ဆက်လက် တင်ပို့နေကြပါတယ်” ဟု ပြောသည်။
ဆားကြမ်း တပိသာ သင်္ဘောခမှာ ကျပ် ၂၀ ရှိပြီး ရန်ကုန်ကို ဆားတင်ပို့ရခြင်းမှာ တွက်ခြေကိုက် သဖြင့် စစ်တွေ မင်းဂံ ဆိပ်ကမ်းမှ တဆင့် ဆက်လက် တင်ပို့နေကြခြင်း ဖြစ်သည်။
“လာမယ့် မိုးရာသီမှာလည်း ဆားကြမ်းတပိသာ ကျပ် ၇၀၀ ထိ ဈေးရနိုင်ပါတယ်။ ဒါကြောင်း ကျောက်ဖြူ၊ မင်းပြား၊ မာန်အောင်၊ မြေပုံနဲ့ ပေါက်တောကဆားတွေကို ၀ယ်ယူပြီး အခုအခါမှာ စီးပွားရေး သမားတွေက မင်းဂံဆိပ်ကမ်းမှာ လှောင်ထားကြပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဆားထုတ်လုပ်သော ဒေသတခုဖြစ်ပြီး ဆားများကို ကုန်ချော အဖြစ် ထုတ်လုပ်နိုင်ရန် အတတ်ပညာများ မရှိသဖြင့် ဆားကြမ်းများကို သာ တင်ပို့နေကြရသည်ဟု သိရသည်။
source by : နိရဉ္စရာ
နာဂစ်နောက်ပိုင်း ရခိုင်ထွက် ဆားကြမ်းများ ပြည်မသို့ တင်ပို့မူများ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment