မင်းပနွတ်ကျား | ထိုင်းနိုင်ငံမှ မြန်မာပြည်နယ်စပ်သို့ နည်းမျိုးစုံဖြင့် ရောက်ရှိလာခဲ့ကြသော မြန်မာအလုပ်သမား အချို့မှာ မြ၀တီ နယ်စပ်ရှိ DKBA ၉၉၉ သုံးလုံးဂိတ်ကို ဖြတ်ကျော်ရန်အတွက် တစ်ဦးလျှင် ဘတ်ငွေ ၁၂၀၀ ပေးဆောင်ရပြီး မပေးနိုင်သောသူများ အတွက်မူ DKBA ဂိတ်တွင် ထိန်းသိမ်းခံထားကြရကာ ထိုငွေများကို ကြေအောင် ပေးဆပ်နိုင်သည်အထိ အလုပ်လုပ်ပေးကြရပြီး နောက်ပိုင်းတွင် အချို့မှာ နေရပ်သို့ မပြန်ကြတော့ပဲ ၎င်းတို့၏ အဖွဲ့ထဲ့သို့ ၀င်ရောက်သွားကြသည်ဟု မြ၀တီမြို့ခံ စီးပွားရေးသမား တစ်ဦး က ပြောသည်။
“သူတို့အဲဒီလိုနဲ့ အကြွေးကျေဖို့ကို အလုပ်တွေလုပ်ရင်း အဲဒီကလူတွေနဲ့ တဖြည်းဖြည်း ရင်းနှီးလာ တော့ နေရပ်ကို မပြန်ချင်ကြတော့ဘူး၊ ထိုင်းဘက်ကမ်းကို ကူးပြီးတော့ အလုပ်သွားလုပ်ဖို့ကလည်း လမ်းစ ရိတ်မရှိတာနဲ့ အဲဒီမှာပဲနေပြီးတော့ DKBA အဖွဲ့ထဲကို ၀င်သွားကြ တာလည်း အများကြီးပါပဲ” ဟု ယင်း မြို့ခံ စီးပွားရေးသမားက ပြောသည်။
တစ်ရက်လျှင် မြ၀တီသို့ ထိုင်းအာဏာပိုင်များမှ လာရောက်သွန်ချသည်မှာ ပျမ်းမျှ လူဦးရေ ၅၀ နှင့် ၁၅၀ ကြားတွင်ရှိပြီး ၎င်းတို့ထဲမှ အယောက် ၁၀၀ တွင် ၉ ယောက်လောက်က နေအိမ်၊ သူငယ်ချင်းများ နှင့် အဆက်အသွယ်မရသဖြင့် DKBA တို့ တောင်းဆိုသော ငွေများကို မပေးဆောင်နိုင်သောကြောင့် DKBA တို့၏ အဖွဲ့ထဲသို့ ၀င်ရောက်သွားကြသည်များလည်း ရှိခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေး တပ်ပေါင်း စုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သူတို့အဖွဲ့ထဲကို မ၀င်မနေရ ၀င်ရတာမဟုတ်ဘူး၊ သူတို့တောင်းတဲ့ငွေကို ပေးနိုင်မယ်ဆိုရင်တော့ ချက်ချင်းလွှတ်ပေးတယ်၊ မပေးနိုင်ဘူး ဆိုရင်တော့ သူတို့ထိန်းထားလိုက်တယ်၊ ပြီးတော့ အလုပ်ပေးပြီး တော့ အဲဒီငွေတွေကို ပြန်ဆပ်ခိုင်းတယ်၊ ငွေကြေသွားလို့ မသွားချင်ဘူး သူတို့နဲ့ဆက်နေချင်တယ် ဆို လို့ရှိရင်လည်း နေလို့ရတယ်၊ ဘာမှ မစစ်ဆေးမမေးမြန်းဘူး ၀တ်စုံတွေထုတ်ပေးတယ်၊ ပြီးတော့ အခု မြ၀တီမှာရှိတဲ့ DKBA အဖွဲ့တွေက လှိုင်းဘွဲဘက်ကို ရှေ့တန်းသွားနေရတယ်လို့ကြားတယ်၊ အဲဒါ ကြောင့် အခုလူ သစ်တွေကို ရသလောက် စုဆောင်းနေတာ ဖြစ်မယ်”ဟု အဖွဲ့ဝင်သစ်တစ်ဦး၏ ပြော စကားကို မြ၀တီ မြို့ခံတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံမှ ပွဲစားဖြင့်ရောက်ရှိလာခြင်း သို့မဟုတ် ထိုင်းရဲများက ဖမ်းဆီးထားရာမှ မဲဆောက်ဘက်သို့ ပို့ဆောင်လာကြသော မြန်မာအလုပ်သမားများသည် မြ၀တီဘက်ကမ်းသို့ ဖြတ်ကူးရာတွင် DKBA တို့၏ ဂိတ်ကို ဖြတ်သန်းသွားရာ၌ တစ်ဦးလျှင် ဘတ်ငွေ ၁၂၀၀ ဖြင့် လာရောက်ရွေးယူကြရသည်။ ထို ငွေများကို မပေးနိုင်ခဲ့ခြင်းကြောင့် တချို့မှာ ကရင်ဗုဒ္ဓဘာသာ DKBA တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံ ကြရပြီးနောက်တွင် ၎င်းတို့၏ အဖွဲ့ထဲသို့ အလိုအလျှောက် ၀င်ရောက်သွားခဲ့ကြသည်။
source by : မွန်သတင်း အေးဂျင်စီ
ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKBA အဖွဲ့ထဲဝင်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment