စစ်တပ်စခန်းရုံး မီးလောင်မှု အလုပ်သမားတွေကို မတရားဖမ်းဆီး

Sunday, April 26, 2009 ·

RFA | ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မနက်ခင်းက ပဲခူးတိုင်း လှည်းကူးမြို့နယ် အင်းတကော်တပ်ရင်းလက်အောက်ခံ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း ၉၆၃ ရဲ့ မင်းကုန်းရွာအနီးက လမ်းဖောက်လုပ်ရေး စခန်းရုံးတခု မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်မှုမှာ တာဝန်ရှိသူတွေက လမ်းဖောက်လုပ်ရေး အလုပ်သမားတွေ ရှို့တာဆိုပြီး အလုပ်သမားတွေကို ဖမ်းဆီးခဲ့ပါတယ်။ အလုပ်သမားခေါင်းဆောင်တဦးဖြစ်သူ ဦးကြည်လှက သူ့ အလုပ်သမားတွေ မဆီမဆိုင် အဖမ်းခံရတာဖြစ်ကြောင်း အာအက်ဖ်အေကို ပြောပြပါတယ်။

ဦးကြည်လှ။ ။“ယမ်းတွေထားတယ်တဲ့၊ မိုင်းတွေထားတယ်ဆိုတော့ ကျနော်တို့က အလုပ်သမားတွေကို မသွားနဲ့ ပေါက်ကွဲလိမ့်မယ်လို့။ ဗနာက်ပြီးတော့ မီးရောင်ကြီိးကလည်း တရုံးလုံးလောင်နေတာ။ တခြမ်းကအနီ၊ တခြမ်းက စိမ်းစိမ်းတွေ ပြာပြာတွေ ဖြစ်နေတယ်လေ။ အဲဒါနဲ့ အလုပ်သမားတွေက မသွားရဲဘူး။ တဖက်အမြင်က သူတို့ အပြစ်မကျရေးအတွက် ကျနော်တို့ဖက်ကို စောင်းလုပ်လိုက်တဲ့သဘော ဖြစ်နေတယ်။ ကျနော်အပါအဝင် ၁၁ ယောက်ကို အဲဒီ လေးအိမ်စုမှာ ထားပစ်ခဲ့တယ်။ အဲဒီက နုံနုံအအ ၁၁ ယောက်ကို ဖောင်ကြီးရဲစခန်းကို ခေါ်သွားတာ။ အကြီးကောင်ဆိုတဲ့ ကောင်လေးနဲ့ အချုပ်ထဲမှာ ကျန်နေတဲ့ ဇော်လတ်ဆိုတဲ့ ကောင်လေး နှစ်ယောက်၊ တကယ့် နုံနုံအအ ကောင်လေးနှစ်ယောက်ကို ခေါ်ထားလိုက်တာ။ ကျန်တာတွေကို ည တချက်ထိုးလောက်မှာ ပြန်လွှတ်ပေးတယ်။ ၃ဝ ရက်နေ့က အကြီးကောင်ဆိုတဲ့ ကောင်လေးကို ပြန်လွတ် လိုက်တယ်။ မီးလောင်မှု ဖြစ်တယ် ဆိုတဲ့အချိန်မှာ တွေ့တယ်ဆိုပြီးတော့ ဆွဲတာ။ ဒါပေမယ့် အမှန်တကယ်က မီး၊ မီးလို့ အော်တော့မှ ဒီကောင်လေးတွေက ကျနော်တို့နှိုးမှ အိပ်ရာကနိုးတဲ့ ကောင်လေးတွေ။ မတရား သက်သက်မဲ့ကို သူတို့ ဆွဲထားတာ”

ဒီမီးလောင်မှုဟာ စခန်းတာဝန်ရှိတဲ့ စာရေးက ဆီထုတ်ရောင်းရာကနေ လောင်ခဲ့တာဖြစ်တယ်လို့ ဦးကြည်လှက ဆက်ပြောပါတယ်။

ဦးကြည်လှ။ ။“အောင်ချိုဦးဆိုတာ အရပ်သားစာရေးလေ။ သူက ဆီတွေဘာတွေလည်း ကိုင်တယ်။ ကားစာရင်း လည်း ကိုင်တယ်။ ဆီကို သူက ညစဉ် ခိုးထုတ်တာ။ အဲဒီညက သူက ဆိုင်ကယ်သမား ကိုရဲထွန်းဆိုတဲ့ ဆိုင်ကယ်ကယ်ရီဆွဲတဲ့သူကို ၄ နာရီမှာ ဆီ နှစ်ပုံးတင်ချင်လို့ ကိုရဲထွန်းကို လာခဲ့ပါလို့ ကျနော့်ဆိုင်မှာ ချိန်းတယ်။ သူတို့ချိန်းတဲ့ နာရီမှာပဲ မီးကလည်းလောင်တယ်။ ရုံးထဲမှာ ရှိနေတဲ့ ဓာတ်ဆီအင်ဂျင် မီးစက်တလုံး၊ ဆီပေပါ နှစ်လုံး အပြင်ကို တွန်းထုတ်သွားတယ်၊ အောင်ချိုဦးတို့။ ဒီလူတွေဟာ မီးလောင်တုန်းက မအိပ်သေးလို့ ဒီပစ္စည်း ထုတ်လို့ရတာ။ အဖမ်းခံထားရတဲ့ မောင်ဇော်လတ်ကို အတင်းအကြပ် ရိုက်နှက်စစ်ဆေးပြီး ဝန်ခံခိုင်း နေတာကြောင့် အမှုမှန် ပေါ်ပေါက်ရေး ခက်ခဲနေရတယ်”

ဦးကြည်လှတို့အဖွဲ့အနေနဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဆီက အလုပ်သမားခငွေ သိန်းသုံးဆယ် လောက်လည်း မရသေးဘူးလို့ ပြောပါတယ်။ အာအက်ဖ်အေက သတင်းအပြည့်အစုံ သိနိုင်ဖို့ မောင်ဇော်လတ် အပါအဝင် အလုပ်သမားတွေကို ပထမဆုံးဖမ်းသွားတဲ့ ဖောင်ကြီးရဲစခန်းကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။ အလုပ်သမားတွေအနေနဲ့ အခုလို မတရား အဖမ်းဆီးခံထားရတဲ့အတွက် ဘယ်ကို ဆက်တိုင်ရမှန်း မသိတာကြောင့် ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့ကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။ လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ရှေ့နေဦးအေးမြင့်က အခုလို ပြောပြပါတယ်။

ဦးအေးမြင့်။ ။“တာဝန်ရှိတဲ့ တပ်ကြပ်ကြီး ဦးစိုးလွင်က သက်ဆိုင်ရာဌာနက တရားစွဲမှာကိုသိတော့ ရာထူး ပြုတ်ကျမှာကို ကြောက်လို့ ဘာမှမရှိတဲ့ လုပ်သားလေးကို မီးရှို့ပါတယ်လို့ လုပ်ခဲ့တဲ့အချက်နဲ့ ဖန်တီးဆွဲတယ်။ ဒါကို ပြည်သူလူထု အားကိုးရမယ့် ရဲစခန်းကလည်း အကာအကွယ် မပေးဘူး။ လှည်းကူးမြို့နယ် တရား သူကြီးကလည်း အကာအကွယ် မပေးဘူး ။ မြို့နယ် ဥပဒေအရာရှိ ဦးလှမြင့်ကလည်း အကာအကွယ် မပေးဘူး။ တပ်ကလည်း ဦးကြည်လှကို ဒီအမှုမှာ မပါပါနဲ့၊ မောင်ဇော်လတ် သက်တောင့်သက်သာ ဖြစ်အောင် လုပ်ပေးပါ့မယ်လို့ပြောပြီး အမှုထိန်ချန်တဲ့ စိတ်ဓာတ်ကို အရေးယူဆောင်ရွက်ဖို့ လမ်းပြကြယ်က ဥပဒေနဲ့ နည်းလမ်းနဲ့ အညီ လုပ်နိုင်အောင်လို့ နည်းလမ်းတော့ ရှာနေပြီ”

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်က သူတို့ ကူညီဆောင်ရွက်မယ့်အကြောင်း ပြောပြသွားတာဖြစ်ပါတယ်။ မီးရှို့တယ်လို့ စွပ်စွဲခံရပြီး ဖမ်းခံထားရတဲ့ မောင်ဇော်လတ်ကို အင်းစိန်ထောင်မှာထားပြီး လှည်းကူးတရားရုံးမှာ စွဲချက်မတင်နိုင်သေးပဲ ရုံးထုတ်နေတယ်လို့သိရပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */