မလေးရှားတွင် လူသတ်မှုနှင့် စွဲချက်တင် ခံရသည့် မြန်မာနိုင်ငံသား လွတ်မြောက်

Sunday, April 26, 2009 ·


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော် တရားရုံးချုပ် အဆောက်အဦး © ditour
လူထုအသံ | မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော် တရားရုံးချုပ် က လူသတ်မှုဖြင့် စွဲချက်တင် ခံထားရသည့် မြန်မာ အမျိုးသား ယောနယ် အား အပြစ် မရှိကြောင်း ဆုံးဖြတ်ကာ လွှတ်ပေး လိုက်ပြီဟု သိရှိရသည်။

တရားသူကြီး ဇိုင်နယ် အက်ဇာမန် အက်ဒူအဇစ် က လွန်ခဲ့သော (၆) နှစ်က လုပ်ဖော်ကိုင်ဖက် တဦးအား သတ်ဖြတ် ခဲ့သည် ဆိုသော စွဲချက် အတွက် မြန်မာနိုင်ငံသား ယောနယ် တွင် အပြစ် မရှိကြောင်း ပြောကြား ခဲ့သည်။ လီဇီဖွန်း အား သတ်ဖြတ်ရန် ယောနယ် အနေနှင့် အားထုတ် ကြိုးပမ်းခဲ့သော သက်သေ အထောက် အထားမျိုး လုံးဝ မတွေ့ရဟု အဇစ်က ဆိုသည်။

အသက် (၄၀) အရွယ်ရှိ ယောနယ်သည် မူလက လီအား ဓားနှင့် ထိုးသတ်ခဲ့ကြောင်း စွပ်စွဲခံထား ရသူဖြစ်သည်။ အဇစ်က လီ နှင့် ယောနယ်တို့သည် အပြန်အလှန် သတ်ပုတ်ခဲ့ကြောင်း၊ မည်သူက မည်သူ့ကို ဓား နှင့် ထိုးခဲ့သည်ကို မျက်မြင် သက်သေများ ကိုယ်တိုင် မပြောနိုင်ကြောင်း ပြောကြား ခဲ့သည်။ ထို့ကြောင့် ယောနယ် အနေနှင့် မိမိကိုယ်ကိုယ် ခုခံ ကာကွယ်ပိုင်ခွင့် ၏ အကျိုးကို ခံစားခွင့် ရရှိခဲ့ခြင်းဟု တရားရုံး ကဆိုသည်။

လီ ကဲ့သို့ အလုပ်သမားတဦး သေဆုံးခဲ့ ရခြင်းအတွက် လက်မခံ လိုသော်လည်း အပြစ် ရှိကြောင်း ထင်ထင် ရှားရှား သက်သေ မပြနိုင်ဘဲ ယောနယ် ကို ပြစ်ဒါဏ် ချမှတ်ရန်မှာ မသင့်တော်ကြောင်း တရားသူကြီး အဇစ် က ထုတ်ဖော် ပြောဆိုသွားသည်။

source : လူထုအသံ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */