ပြည်ပမီဒီယာကို ပြောတဲ့အတွက် စက်ရုံအလုပ်သမားများ အလုပ်ထုတ်ခံရ

Sunday, April 26, 2009 ·

RFA | ပြီးခဲ့တဲ့လက ပဲခူးမြို့ ဖိုးရွှေလစက်ရုံမှာ အလုပ်ပျက်တဲ့အလုပ်သမားတွေကို လုပ်အားခဖြတ်တာ များတာတွေ အလုပ်ခွင်မှာ မတရားခိုင်းတာတွေနဲ့ ပတ်သက်ပြီး ပြည်ပမီဒီယာကို ပြောတဲ့အတွက် ဒီစက်ရုံဟာ သက်ဆိုင်ရာရဲ့ စစ်ဆေးမှုကို ခံခဲ့ရပါတယ်။ ဒီအတွက် အလုပ်သမား ၁ဝ ယောက်ကို မနေ့က အလုပ်က ထုတ်ပစ် လိုက်တယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမတဦးက အာအက်ဖ်အေကို ပြောပြပါတယ်။


ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်သမတဦး စက်ချုပ်နေပုံ ဖြစ်ပါသည်။
(Photo: AFP)
အလုပ်သမတဦး။ ။“အသံလွှင့်ဌာန ဘီဘီစီမှာပေါ့နော်၊ တိုင်တယ်ဆိုပြီးတော့ သမီးတို့ကို ငြှိုးပြီးတော့ လုပ်တာ။ အခု သူတို့က ဘယ်လို အကြောင်းပြလဲဆိုတော့ ဧပြီလမှာ အထည်အော်ဒါတွေ နည်းတဲ့အတွက် အလုပ်သမား လူဦးရေများနေလို့ ဆိုပြီိးတော့ ဖြုတ်ပစ်တာလို့ သမီးတို့တွေကိုတော့ နားထောင်ကောင်းအောင် ပြောတယ်”

အလုပ်ဖြုတ်လိုက်တဲ့အတွက် ဒီလအတွက် လစာကိုတော့ လကုန်ပြီး ငါးရက်မှာ လာထုတ်ဖို့တော့ ပြောလိုက် တယ်လို့ ဆိုပါတယ်။ အခုလို အလုပ်ဖြုတ်လိုက်တဲ့အတွက် သူတို့အခက်အခဲကို ခုနက အလုပ်သမက ဆက်ပြော ပါတယ်။

အလုပ်သမတဦး။ ။“သမီးက အိမ်ထောင်သည်ဖြစ်တဲ့အတွက် သမီး မိသားစုရှိတယ်၊ မိသားစုမှာ အမျိုးသားက ကျန်းမာရေး မကောင်းတဲ့အတွက် သမီးက စက်ရုံကရတဲ့ လစာလေးနဲ့ပဲ ချွေတာ စားသောက်နေရတာ။ အခုလို အလုပ်ဖြုတ်လိုက်တဲ့အခါမှာ သမီးတို့အတွက် စားဝတ်နေရေး အခက်အခဲဖြစ်တယ်ပေါ့နော်”

နောက်ထပ်အလုပ်သမတဦးကလည်း ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အလုပ်ကထုတ်လိုက်ပြီး ထိုက်တန်တဲ့ နစ်နာကြေး မပေးရင်တော့ သက်ဆိုင်ရာကို တိုင်ကြားသွားမယ်လို့ပြောပါတယ်။

အလုပ်သမတဦး။ ။“စက်ရုံမှာ လူတွေများလို့ အော်ဒါကလည်း မရှိဘူး၊ အဲဒါကြောင့်မို့လို့ လူတွေလျှော့တယ် ဆိုတဲ့အနေနဲ့ ၁ဝ ယောက်လောက်ဖြုတ်ပစ်တာ။ ဗြုန်းဗြုန်းဒိုင်းဒိုင်း ဖြုတ်ပစ်တယ်ဆိုတော့ သမီးတို့မှာ အခက်အခဲ ဖြစ်တာပေါ့ စားဝတ်နေရေးမှာ။ သမီးတို့ကတော့ အလုပ်သမားဥပဒေနဲ့အညီ ထိုက်ထိုက်တန်တန် ပေးမှ သမီးတို့ ကျေနပ်မှာပေါ့နော်”

ဖိုးရွှေလအထည်ချုပ်စက်ရုံဟာ ယန်စီချန်စက်ရုံရဲ့ လက်ခွဲဖြစ်ပြီး ဦးနေတိုးဟန် ပိုင်တာလို့သိရပါတယ်။ အာအက်ဖ်အေက ဒီစက်ရုံကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင် ဖြေကြားမယ့်သူ မရှိပါဘူး။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */