မြင်းခြံထောင်တွင် အကျဉ်းကျနေသူများ ကျန်းမာရေးစောင့်ရှောက်မှုမရ

Tuesday, April 21, 2009 ·

NEJ | မြင်းခြံအကျဉ်းထောင်၌ ဆရာဝန်ရှိသော်လည်း အကျဉ်းသား များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝ မရှိကြောင်း နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတဦးက သူမ၏မိခင်ထံသို့ စာရေး အကြောင်း ကြားကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသား မမိုးမိုး၏ မိခင်ဖြစ်သူက “စာထဲထည့်ရေးထားတာ မြင်းခြံထောင်ဆရာဝန် no good တဲ့။ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝရှိပုံ မရဘူး။ တခါသွားရင် ပါရာစီတမော အလုံး (၁၀၀)၊ အမိုင်နို အလုံး (၁၀၀)၊ ၀မ်းပိတ်ဆေး၊ ၀မ်းကိုက် ပျောက်ဆေး အကုန်ယူသွားရတယ်။ ထောင်အမှုထမ်းတွေဆီ ဆေးထုပ်အပ်လိုက်ရင် သူတို့က သမီးကို ပို့ပေးတယ်။ အရက်ပြန်၊ ပတ်တီးကအစ မှာတယ်” ဟု ပြောသည်။

ထို့အပြင် မြင်းခြံထောင်အတွင်း မိခင်များအကျဉ်းကျရာတွင် အတူပါသွားသည့် ကလေးသူငယ်များမှာလည်း ထောင်ဝင်စာ ပို့သူ မရှိ၍ စားရေး သောက်ရေးကအစ အခက်အခဲရှိနေကြောင်း သိရသည်။

“အန်တီ့သမီးဆီ ထောင်ဝင်စာပို့ရင် အဲဒီကလေးတွေအတွက်လည်း သယ်သွားရတယ်။ ငါးပိကြော်တွေ၊ သရက်သီး သနပ်တွေရယ်၊ ကလေးတွေဝတ်ဖို့ အ၀တ်အစားတွေကျ ဟိုကဒီက အလှူခံ။ သကြားလုံး၊ မုန့်လုံးတွေ ၀ယ်သွားပေါ့။ ကလေးတွေ ငတ်တော့ အန်တီ့သမီးက မနေနိုင်ဘူး” ဟု မမိုးမိုး၏ မိခင်က ပြောသည်။

မြင်းခြံထောင်၌ မသက်သက်အောင်၊ မမိုးမိုးတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး (၆) ဦးရှိပြီး လူရွှင်တော် ဇာဂနာ၏တပည့် ကတုံးအပါအ၀င် အမျိုးသားများလည်း ရှိနိုင်သည်ဟု သိရသည်။

မမိုးမိုးသည် ပုဒ်မ ၂၄ (၁) ဖြင့် ၂၀၀၈၊ အောက်တိုဘာ (၁၆) တွင် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရပြီး ထောင်ဝင်စာ (၁၅) မိနစ်သာ တွေ့ခွင့်ရသည်ဟု မမိုးမိုး၏ မိခင်ကပြောသည်။

ထောင်ဝင်စာ တခေါက်တွေ့က (တရားဝင် လက်မှတ်ထိုး၍) ဈေးပါဆယ်ဝယ်ရန် ကျပ်(၅) သောင်း၊ ဟင်းအစိုအခြောက် သီးခြားမှာစား၍ရရန် ရင်းနှီးပြီး ထောင်အမှုထမ်းတဦးအတွက် ကျပ် (၃) သောင်းဖြင့် စုစုပေါင်း ငွေ (၈) သောင်းထားခဲ့ရပြီး ခရီးစရိတ်ကို အိုင်စီအာစီမှ ထောက်ပံ့ကြောင်း သိရသည်။

၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ပါဝင်လှုပ်ရှားမှုဖြင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မသက်သက်အောင်မှာလည်း မြင်းခြံထောင်တွင် ထောင်ဒဏ် (၆၅) နှစ်ချမှတ်ခံရသည်။

ယခုအခါ မသက်သက်အောင်မှာ ကျန်းမာရေးမကောင်းသဖြင့် အပြင်မှဆေးဝါးများကိုသာ အားထား နေရကြောင်း ၎င်း၏မိခင် ဒေါ်စုစုကြည်က ပြောသည်။

“ဆရာဝန်က ထောင်မှာသေသေချာချာ စစ်ဆေးကုသမှုမပေးဘူး။ လူတယောက်ကို သေချာမစမ်းသပ်တော့ ရမ်းကုလို ဖြစ်နေတာပေါ့။ သက်သက်အောင်က နှလုံးရောဂါရှိပြီး အရင်ကတည်းက နှလုံးအထူးကုဆရာဝန်ကြီး ဦးစန်းလွင်နှင့် ကုနေရတာ။ အခုတော့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုပဲ ၀ယ်ပို့ပေးနေရတယ်” ဒေါ်စုစုကြည် က ပြောသည်။

အခြား ၈၈ မျိုးဆက်ကျောင်းသားများနှင့်ပတ်သက်၍လည်း “မှန်ကြီး(ကိုလှမျိုးနောင်) လည်း မျက်စိအခြေအနေ မကောင်းဘူး ကြားတယ်၊ မောင်ဌေးကြွယ်လည်း ကျန်းမာရေးမကောင်းဘူးကြားတယ်၊ သူတို့တွေအားလုံးဟာ လိုအပ်တဲ့ဆေးကုသမှု မရကြဘူးလို့ သိရတယ်” ဟု ၎င်းကပြောသည်။

ဒေါ်စုစုကြည်၏ အစ်မဖြစ်သူ မိတ္ထိလာထောင်ရှိ ဒေါ်စန်းစန်းတင်မှာလည်း ၈၈ မျိုးဆက်ကျောင်းသားများအား အားပေး ကူညီမှုဖြင့် ထောင် (၉) နှစ်ချခံရပြီး ကျောက်ကပ်ရောဂါနှင့်နှလုံးရောဂါရှိသဖြင့် ဆေးများ ပို့ပေး နေရသည်ဟု သိရသည်။

အိုင်စီအာစီက အကျဉ်းကျနေသူများရှိရာ အကျဉ်းထောင်များသို့ သွားရောက်ရန် မိဘဆွေမျိုးများအား ခရီး စရိတ်ထုတ် ပေးနိုင်သော်လည်း စစ်အစိုးရက ထောင်များအတွင်းသို့ ၀င်ရောက်ခွင့်ပိတ်ပင်ထားသဖြင့် အကျဉ်းထောင်တွင်းရှိသူများ၏ ကျန်းမာရေးအတွက် အကူအညီပေးနိုင်ခြင်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှထုတ်ပြန်သည့် ၂၀၀၉ ခု၊ မတ်လ အတွင်း နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း (၂,၁၆၄) ဦးရှိပြီး ကျန်းမာရေးအခြေအနေဆိုးဝါးသူများမှာ (၁၁၃) ဦးရှိသည်ဟု ပါရှိသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်မှာ သွေးတိုးရောဂါနှင့် မျက်လုံးကိုက်ခဲ့သည့်ရောဂါ ပြင်းထန်စွာ ခံစား နေရပြီး ကိုလှမျိုးနောင်မှာလည်း ၎င်းအားဖမ်းဆီးချိန်တွင် ခွဲစိတ်ကုသထားသည့်မျက်စိအတွက် ဆေးဝါး မရှိခြင်းကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရပြီး ယခုအခါ ကျန်ရှိသည့်မျက်စိတဖက်မှာလည်း ဆေးကုသမှုမခံရ၍ မျက်မမြင်ဘ၀သို့ ရောက်မည့် အခြေအနေတွင် ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ သတင်း ထုတ်ပြန် ထားသည်။

source by : http://www.khitpyaing.org/news/April_09/21-4-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */