RFA | ဒီနှစ်အတာသင်္ကြန်မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ကာလ ၁၉၈၉ ခုနှစ်သင်္ကြန်တုန်းက ကျောင်းသား ခေါင်းဆောင်တချို့ ဘာတွေ ဆောင်ရွက် ခဲ့ကြသလဲ၊ အဲဒီကျောင်းသားတွေ အခု ဘယ်အခြေအနေမှာ ရောက်နေကြသလဲ ဆိုတာကို တင်ပြမှာပါ။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ၈၈ ကျောင်းသား ခေါင်းဆောင်များ ဖြစ်သော (အဝေးဆုံးမှစ၍) ကိုအံ့ဘွယ်ကျော်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေ့းကယ်တို့ ဦးဆောင်ကာ ၂၀၀၇ခုနှစ် မြန်မာနှစ်ဆန်း ၁ရက်က အင်းယားကန်တွင် ငါးလွှတ် ဆုတောင်းပွဲ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ ယခုအခါ ၎င်းတို့ကိုယ်တိုင် အကျဉ်းထောင်ထဲတွင် ရောက်နေရသည်။ (Photo: AFP) |
အဲဒီတုန်းက နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ အတွက် ရန်ကုန်မြို့ပေါ် လှည့်လည် ဆော်သြခဲ့ကြလို့ အဖမ်းခံခဲ့ရတဲ့ထဲမှာ လက်ရှိ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရတဲ့ ကိုဂျင်မီ၊ ကိုဇေယျတို့လည်း ပါပါတယ်။ အဲဒီထဲက အများစုကလည်း နောက်ပိုင်း ထောင်နှစ်ရှည် ကျသွားခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး လက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ကိုရင်ထွေး အမှတ်တရ ပြောဆိုချက်တွေနဲ့ အတူ RFA မှ ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
အသံဖိုင် နားဆင်ရန်source by : http://www.rfa.org/burmese/news/retrospective_of_1989_thingyan-04142009132028.html
0 comments:
Post a Comment