ဘန်ကောက်တွင် သင်္ကြန်ပွဲထက် ဆန္ဒပြပွဲ လူ ပိုများ

Monday, April 13, 2009 ·

မိုးမခ |

ဘန်ကောက်မြို့ သင်္ကြန် ပထမနေ့ မြင်ကွင်း ဆန္ဒပြသူများက လမ်းကို ဘတ်စ်ကားများဖြင့် ကန့်လတ်ဖြတ် ပိတ်ပြီး ကားတချို့ကို မီးရှို့ခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိရာ သင်္ကြန်ပွဲတော် အချိန် ရောက်နေ သော်လည်း ရပ်နားခြင်း မရှိသေးပေ။ ဆန္ဒပြသူများက ပြည်ပသို့ တိမ်းရှောင်သွားသော ၀န်ကြီးချုပ်ဟောင်း၏ ဘက်တော် သားများ ဖြစ်သည်။ ၎င်းတို့က လက်ရှိအစိုးရ မပြုတ်ကျမချင်း ဆန္ဒပြကြမည်ဟု ဆိုသည်။ အစိုးရက ဘန်ကောက်အပါအ၀င် ခရိုင် ၅ ခုကို အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်တပ် ချထားလိုက်သည်။ ထိုဒေသများတွင် အကြီးအကျယ် ဆင်နွဲရန် ပြင်ဆင်ထားသည့် ရေသဘင်ပွဲတော်များ ခြောက်ကပ်ကပ် ဖြစ်သွားရသည်။
ယမန်နေ့က ဆန္ဒပြသူများ ပြည်ထဲရေးဝန်ကြီးရုံးအတွင်း ၀င်ရောက်ပြီး မော်တော်ယာဉ်တချို့အား တိုက်ခိုက်ခဲ့ပုံ နှင့် ဘန်ကောက်မြို့ တနေရာတွင် ကားမောင်းသူတဦးအား ရန်ပြုနေကြပုံ
စစ်သားတို့က ဆန္ဒပြသူ တချို့ကို ထိန်းသိမ်းခဲ့သည်။
ဆန္ဒပြသူ တချို့က ဓာတ်ဆီ ပုလင်းဗုံး၊ ကျောက်ခဲ တို့ဖြင့် စစ်သားများကို ပစ်ပေါက် တိုက်ခိုက် ကြသည်။ စစ်တပ် က ဆန္ဒပြသူများကို လူစုခွဲရာမှ ယနေ့ တနင်္လာနေ့ ညနေ ၆ နာရီထိ ဒဏ်ရာရသူ ၉၄ ဦး ရှိသည်ဟု ဆိုသည်။ ဒဏ်ရာရသူများထဲတွင် စစ်သားများ လည်း ပါဝင်သည်။
ထိုင်းအလံ ကိုင်ဆောင်ထားသော ဆန္ဒပြသူတဦး

ရုပ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးချဲ့ကြည့်ပါ။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */