အောင်သက်ဝိုင်း | ရန်ကုန်တိုင်း၊ ဗိုလ်တထောင် မြို့နယ် ရဲစခန်းအနီးတွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား ခဲ့ရာ အပုပ်နံ့ ထွက်လာသည့် ဧပြီလ ၂ ရက်နေ့တွင်မှ သိရှိခဲ့ရသည်။
အသတ်ခံရသူများမှာ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည် လမ်းမကြီး ဘေးရှိ လမ်းသွယ် ၄ လမ်း၊ တိုက်နံပါတ် ၆ လေးထပ်ရှိ ဝဲဘက် တိုက်ခန်းတွင် နေထိုင်သည့် လင်မယားနှစ်ဦးဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် ရဲစခန်းမှ အမည်မဖော်လိုသူ ရဲတပ်ကြပ်တဦးက ပြောသည်။
အသတ်ခံရသူများမှာ အသက် ၄ဝ ကျော် အရွယ် သင်္ဘောသားတဦး ဖြစ်သူ ဦးခင်မောင်လင်း နှင့် ဇနီးသည် ဒေါ်အေး ဆိုသူတို့ ဖြစ်သည် ဟု သိရှိရသည်။
“ယောင်္ကျားရော၊ မိန်းမရော အသတ်ခံရတာ။ အပုပ်နံ့ ထွက်မှ သွားကြည့်ကြတဲ့ အခါမှ လူသတ်မှု ဖြစ်မှန်း သိကြတယ်။ သတ်သွားတဲ့ပုံစံက ရက်ရက်စက်စက် သတ်သွားတဲ့ ပုံစံပဲ” ဟု အခင်းဖြစ်ပွားသည့် နေရာကို သွားရောက် ကြည့်ရှုခဲ့သည့် လမ်းသွယ် ၂ လမ်းမှ အမျိုးသားတဦးက ပြောသည်။
ဦးခင်မောင်လင်းသည် ဧည့်ခန်းတံခါးအနီးတွင် မှောက်လျက်အနေအထားဖြင့် တွေ့ရပြီး ဇနီးသည်ကို ရေချိုးခန်း အနီးတွင် တွေ့ရသည်ဟု အိမ်နီးချင်းများက ပြောဆိုသည်။
အဆိုပါ လူသတ်မှုကို ရန်ကုန်မြို့ထုတ် ဂျာနယ်များတွင် ဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးဌာနက တားမြစ် ထားသည်ဟုလည်း သိရသည်။
လူသတ်မှုဖြစ်စဉ်ကိုရန်ကုန်တိုင်းရဲတပ်ဖွဲ့ထိပ်တန်းအရာရှိကြီးများကိုယ်တိုင်လာရောက်စစ်ဆေးနေပြီး အမှုဖြစ်စဉ် ကို အမြန်ဆုံးဖော်ထုတ်ရန်ညွှန်ကြားထားသည်ဟု ဗိုလ်တထောင်ရဲစခန်းမှ တာဝန်ကျ ရဲကဆိုသည်။
လူသတ်မှုဖြစ်စဉ်ကြောင့် အထိတ်တလန့် ဖြစ်နေပြီး လုံခြုံမှု မရှိဟု ခံစားနေကြရကြောင်း၊ မိမိ၏ နေအိမ် တိုက်တာ ခြံဝင်းတံခါးများကို လုံလုံခြုံခြုံ ပိတ်ပြီး သတိဖြင့် နေထိုင်နေကြရကြောင်း အိမ်နီးချင်းများက ပြောသည်။
“ကိုယ့်လုံခြုံရေးအတွက် ကိုယ်ကိုယ်တိုင် လုပ်မှ ရမယ် ဆိုတာ ဒီ လူသတ်မှုက သက်သေပြနေတယ်။ အသတ်ခံရတာက မြို့နယ် ရဲစခန်းနောက်ကျောမှာ။ ရဲစခန်းနဲ့ အနီးဆုံးနေရာတောင် လုံခြုံမှုမရှိဘူး” ဟု ဗိုလ်တထောင်မြို့နယ် ၆၁ လမ်းနေထိုင်သူ တဦးက ပြောသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=920:2009-04-03-12-09-09&catid=1:news&Itemid=2
ဗိုလ်တထောင် ရဲစခန်းအနီး လင်မယား ၂ ဦး အသတ်ခံရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment